စိတ်ခံစားချက်တည်ငြိမ်တာ၊ တည်ငြိမ်ရင့်ကျက်တဲ့သူတွေဟာ သူတို့မမျှော်လင့်ထားတဲ့ ကိစ္စတစ်ခုခုကို ကြုံရရင်တောင် တုန်လှုပ်ခြောက်ခြားတာမျိုးမရှိပါဘူး။ တည်ငြိမ်ရင့်ကျက်တယ်ဆိုတာ အသက်အရွယ်နဲ့မဆိုင်ပါဘူး။ တချို့ကလည်း အသက်ငယ်ပေမယ့် ရင့်ကျက်တဲ့သူရှိသလို တချို့ အသက်ကြီးနေပေမယ့်လည်း မရင့်ကျက်သေးတဲ့သူတွေရှိပါတယ်။ တည်ငြိမ်ရင့်ကျက်သူတို့ရဲ့ အမူအကျင့် ၅ ခုကို မျှဝေပေးပါမယ်။

၁။ စွန့်စားလိုစိတ်ရှိတယ်

သူတို့ဟာ စိတ်ခေါ်မှုအသစ်တွေကို ရင်ဆိုင်လိုစိတ် စွန့်စားလိုစိတ်ရှိကြပါတယ်။ အတွေ့အကြုံအသစ်၊ အခွင့်အရေးအသစ်တွေကို ရရှိဖို့အတွက် စွန့်စားရဲကြတဲ့သူတွေပါ။ ကျရှုံးမှုတွေကြုံခဲ့ရင်တောင် သင်ခန်းစာယူပြီး အနာဂတ်မှာ ပိုမိုကောင်းမွန်ဖို့ ကြိုးစားကြသူတွေဖြစ်ပါတယ်။

၂။ တာဝန်ယူမှုရှိတယ်

သူတို့လုပ်လိုက်တဲ့အပြုအမူတစ်ခုအတွက် တာဝန်ယူလိုစိတ်အပြည့်ရှိကြပါတယ်။ တခြားသူတွေကို အပြစ်တင်စောမှာမဟုတ်ပါဘူး။ အမှားလုပ်ရင်လည်း ဝန်ခံတောင်းပန်ရဲတဲ့သတ္တိရှိပါတယ်။

၃။ ပွင့်လင်းတယ်

သူတို့ဟာ သူတို့ရဲ့ စိတ်ထဲမှာဖြစ်ပေါ်နေတဲ့ ထင်မြင်ချက်တွေ၊ ခံစားချက်တွေကို ဖွင့်ပြောဖို့ဝန်မလေးတတ်ကြပါဘူး။

၄။ ငြင်းရမှာမကြောက်ပါဘူး

တချို့က ကိုယ်လည်းမလုပ်ချင်ဘဲ ကိုယ့်အတွက်လည်းအဆင်မပြေနိုင်ဘဲ အလုပ်တစ်ခုကိုပဲဖြစ်ဖြစ် အကူအညီတစ်ခုကိုပဲဖြစ်ဖြစ် ငြင်းရမှာ အားနာတတ်လေ့ရှိပါတယ်။ တည်ငြိမ်ရင့်ကျက်တဲ့သူတွေကတော့ ငြင်းရမှာ မကြောက်ပါဘူး။

၅။ အနာဂတ်နဲ့ပတ်သက်လို့ တိကျတဲ့ ပန်းတိုင်ရှိတယ်

သူတို့ဟာ အနာဂတ်နဲ့ပတ်သက်လို့ အချိန်ဖြုန်းတာမျိုးမရှိပါဘူး။ အတိတ်ကအမှားအတွက်လည်း ထိုင်ပြီးနောင်တရမနေဘဲ သင်ခန်းစာယူပြီး ပိုမိုကောင်းမွန်အောင် တည်ဆောက်တတ်ကြသူတွေဖြစ်ပါတယ်။