အစားမတော်တလုတ်၊ အသွားမတော်တစ်လှမ်း ဆိုတဲ့ မြန်မာစကားပုံတောင်ရှိပါတယ်။ တခါတလေကျရင် ပြဿနာမရှိလောက်ပါဘူးလို့ ထင်ရပေမယ့် အခန့်မသင့်ရင် သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး (အထူးသဖြင့်တော့ အစာချေစနစ်ကို ထိခိုက်စေနိုင်တယ်) တွဲဖက်မစားသင့်တဲ့အစားအစာတွေကို မျှဝေပေးချင်ပါတယ်။

ဆန်းဒွစ်နဲ့ ကော်ဖီ

လူတွေအများအားဖြင့် ဆန်းဒွစ်နဲ့ ကော်ဖီကို တွဲသောက်တတ်လေ့ရှိကြပါတယ်။ အဲဒီလိုတွဲပြီးစားပေးတာဟာ အစာချေစနစ်နဲ့ပတ်သက်တဲ့ ပြဿနာတွေ ဖြစ်နိုင်ချေရှိပါတယ်။ တကယ်လို့ ဖြစ်နိုင်တယ်ဆိုရင် ရေနွေးကြမ်းနဲ့ ပဲသောက်ပေးပါ။

ခရမ်းချဉ်သီးနဲ့ သခွားသီး

စာဖတ်သူတို့ သိပ်တော့သဘောကျကြမယ်မထင်ပါဘူး။ ဒါပေမယ့် အဲဒီလို အစားအစာနှစ်ခုကို ရောပြီးသုတ်စားတာဟာ အစာချေစနစ်နဲ့ပတ်သက်တဲ့ ပြဿနာဖြစ်ပေါ်စေပါတယ်။ တွဲမစားဘဲ ခွဲစားတာ ပိုကောင်းပါတယ်။

အာလူးနဲ့ အသား

အာလူးချောင်းကြော်နဲ့ အသားနဲ့ အများအားဖြင့်တွဲစားလေ့ရှိပါတယ်။ အဲဒီလိုတွဲစားတာဟာ ရင်ပြည့်ရင်ကယ်တာမျိုးဖြစ်စေပြီး အစာမကြေတာမျိုးဖြစ်စေပါတယ်။

နို့ထွက်ပစ္စည်းများနှင့် နာနတ်သီး

နို့ထွက်ပစ္စည်းတွေနဲ့ နာနတ်သီးကိုတွဲစားပေးတာဟာ အစာချေစနစ်ကို အနည်းငယ်နှေးကွေးစေနိုင်ပါတယ်။ အဲဒီလိုတွဲမစားသင့်ပါဘူး။ ဒိန်ချဉ်ထဲမှာ အသီးထည့်စားရင်တောင် တခြားအသီးအနှံတွေကိုပဲ ထည့်စားပါ။

ငှက်ပျောသီးနဲ့ နို့

ငှက်ပျောသီးနဲ့ နို့စားတာဟာ မတည့်တာတော့မဟုတ်ပါဘူး။ သင့်ကို အစာချေဖို့ အနည်းငယ်နှေးကွေးစေနိုင်ပါတယ်။ အထူးသဖြင့် နို့နဲ့ တွဲသောက်တဲ့အခါမှာ ဖြစ်တတ်ပါတယ်။ ငှက်ပျောသီးကို ထမင်းစားပြီးချိန်မှာ စားတာမျိုးမဟုတ်ဘဲ သရေစာအဖြစ်စားပေးသင့်ပါတယ်။