အာလူးမှာ အဟာရ ဓာတ်တွေ အများကြီးပါဝင်ပါတယ်။ သူ့မှာ ကစီဓာတ် နဲ့ ပရိုတင်းဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်နေပါတယ်။ အယ်ကာလိုင်း ဆား၊ Soda၊ ပိုတက်ရှ် (Potash)၊ Vitamin A,B, C ၊ အမျှင် ဓာတ်၊ သတ္တုဓာတ်၊ ကာဗွန်ဟိုက်ဒရိတ်နဲ့ တခြား ဓာတ်တွေ အများကြီးပါဝင်နေပါတယ်။

PART1

နှလုံးရောဂါနဲ့ လေဖြတ်တာတို့ကို ကာကွယ်ပေး

အာလူးက အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ကိုလက်စထရော နဲ့ အဆီဓာတ်တွေ သွေးကြောထဲမှာ ပိတ်ဆို့နေတာတွေကို ဖယ်ရှားပေးပါတယ်။ နှလုံး လုပ်ဆောင်မှုကို အနှောင့်အယှက်ဖြစ်စေတဲ့ ဓာတ်တွေ ထုတ်လုပ်မှုကိုလည်း လျော့ချပေးပါတယ်။

ဒါကြောင့် အာလူးကို စားသုံးရင် နှလုံးရောဂါနဲ့ လေဖြတ်တာတို့ကို ကာကွယ်ပေးပြီး အသက်ရှည်ကျန်းမာစေမှာဖြစ်ပါတယ်။

content-image.ashx

သွေးပေါင်ချိန်ကို ထိန်းညှိပေး

ကိုယ့်မှာ သွေးပေါင်ချိန် အတက်အကျနဲ့ ပတ်သက်ပြီး ပြဿနာရှိရင် အာလူးက သင့်အတွက် အကောင်းဆုံး အဖော်မွန်ပါဘဲ။ အာလူးမှာ Kukoamines လို့ခေါ်တဲ့ ကွန်ပေါင်းပါဝင်ပြီး သူတို့က သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးပါတယ်။

c2ef81858eb355cc818e15dac43e6a28--health-remedies-herbal-remedies

ကြွက်သား ယောင်ယမ်းတာကို သက်သာစေ

အဆစ်အမြစ်တွေ၊ ကြွက်သားတွေ နာကျင် ယောင်ယမ်းနေပါက အာလူးက ကူညီပေးနိုင်ပါလိမ့်မယ်။ အာလူးရဲ့ အရည်တွေကို ညှစ်ထုတ်လိုက်ပြီး ကျန်ခဲ့တဲ့ အခွန်တွေကို ပြုတ်လိုက်ပါ။ အခွံတွေပျစ်ပျစ်ရတဲ့အထိ ပြုတ်လိုက်ပြီး Glycerine ရှိရင် အနည်းငယ်ထည့်ပေးပါ။ ပြီးရင် ယောင်ယမ်းနေတဲ့နေရာကို ၃၊၄ နာရီ ကြားတစ်ခါလောက် လိမ်းပေးပါ။

maxresdefault

အရေပြားကို သန့်စင်ပေးနိုင်

အာလူးရဲ့ အရည်မှာ ပိုတက်ဆီယမ်၊ Phosphorous၊ ဆာလဖာ၊ ကလိုရင်း နဲ့ တခြား ဓာတ်တွေ အများကြီး ပါဝင်ပါတယ်။ အာလူး အစိမ်းတစ်ခုကို ယူပြီး ပါးပါးလှီးလိုက်ပါ။ ကိုယ့်ရဲ့ အရေပြားမှာ မိနစ်အနည်းငယ်လောက် ကပ်ပေးပါ။ ပြီးနောက် ရေနွေးပူပူလေးနဲ့ ရေဆေးချလိုက်ပါ။ ပုံမှန်လုပ်ပေးရင် အရေးအကြောင်းတွေ၊ အမည်းစက်တွေနဲ့ အစက်အပြောက်တွေကို ပျောက်စေပါတယ်။