အူမကြီးကင်ဆာဖြစ်ပွားမှုရဲ့ ၅ % ကနေ ၁၀ ရ ဟာ မျိုးရိုးဗီဇကြောင့်ဖြစ်ပြီး ၂၀ % က ရောဂါကူးစက်မှုကြောင့်ဖြစ်တာပါ။ ၃၀ % ကတော့ ဆေးလိပ်သောက်သုံးတာကြောင့်ဖြစ်ကြပြီး ၃၅ % ကတော့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအစာတွေကြောင့်ဖြစ်ရတာပါ။

သုတေသနပြုချက်အရအနီရောင်အသားတွေဟာ အခုလို အူမကြီးကင်ဆာကို ဖြစ်ပွားနိုင်ချေတိုးမြင့်စေနိုင်ပါတယ်။ ဒါ့ကြောင့် အစားအစာတွေကို စားသုံးတဲ့အခါမှာ ခန္ဓာကိုယ်အတွင်းကအဆိပ်အတောက်ဖယ်ရှားပေးပြီး   ဒီလိုအချက်လေးတွေကိုလိုက်နာလိုက်ရအောင်ပါ။

၁။ အမျှင်ဓါတ် လုံလောက်အောင်စားပါ။

အမျှင်ဓါတ်ပါဝင်တဲ့အစားအစာတွေ များများမစားသောက်ပေးတာဟာ အာဟာရဓါတ်စုပ်ယူမှုကို လျှော့နည်းစေပါတယ်။ အမျှင်ဓါတ်ပါဝင်တဲ့အစားအစာများများစားပါ။ ပန်းသီး လိမ္မော်သီး တွေအပါအဝင် အသီးအနှံတော်တော်များများမှာ အမျှင်ဓါတ်ပါဝင်ပါတယ်။

၂။ အသီးနဲ့ ဟင်းသီးဟင်းရွက်လုံလောက်စွာစားပါ။

အူမကြီးကင်ဆာဖြစ်စေတဲ့ နောက်ထပ်အမှားတစ်ခုကတော့ လတ်ဆတ်တဲ့အသီးအရွက်တွေ လုံလုံလောက်လောက်မစားပေးတာပါပဲ။ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ လတ်ဆတ်တဲ့ အသီးအနှံတွေ များများစားပေးပါ။

၃။ ဗီတာမင် D

ဗီတာမင် D ပါဝင်တဲ့အစားအစာ စားပေးပါ။ မနက်ခင်း နေချည်နုနုကို ထိတွေ့ရင်းလည်း လမ်းလျှောက်ပေးသင့်သလို ဗီတာမင် D ပါဝင်တဲ့ အစားအစာလည်း များများစားပေးပါ။

၄။ အသင့်စားအစားအစာရှောင်ပါ။

အသင့်စားအစားအစာဟာ အူမကြီးကင်ဆာအပါအဝင် တခြားရောဂါအမျိုးမျိုးဖြစ်စေပါတယ်။

၅။ အနီရောင်အစင်းရှိအသားတွေကို လျှော့စားမယ်။

အမည်းသား ဝက်သားစတဲ့ အနီရောင်အစင်းရှိ အသားတွေကို လျှော့စားပေးပါ။

၆။ ကိုယ်အလေးချိန် ပုံမှန်ဖြစ်အောင်ထိန်းပါ။

အဝလွန်နေတာ ပိန်လွန်းနေတာမျိုးမဟုတ်ဘဲ ကိုယ်အလေးချိန်ပုံမှန်ဖြစ်အောင်ထိန်းပေးပါ။ လေ့ကျင့်ခန်းလုပ်ပေးပါ။ ဝမ်းဗိုက်မှ အဆီတွေ စုပြီးများနေတာဟာ အူမကြီးကင်ဆာဖြစ်ပွားနိုင်ချေပိုများပါတယ်။

၇။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးမယ်။

အူမကြီးကင်ဆာဖြစ်ပွားမှုကို ရှောင်ရှားနိုင်ဖို့အတွက် စာဖတ်သူတို့ ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲပေးသင့်ပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးပါ။ ဒါမှ သွေးလည်ပတ်မှုကောင်းမွန်ပြီး စိတ်ရောကိုယ်ပါ နုပျိုကျန်းမာနေမှာဖြစ်ပါတယ်။

၈။ အရက်ကိုရှောင်မယ်။

တစ်နေ့ကို အရက် ၁ ခွက် ၂ ခွက်သောက်တာဟာ ပြဿနာမရှိပါဘူး။ ဒါပေမယ့် အရက်များများသောက်တာဟာ အူမကြီးကင်ဆာ ဖြစ်ပွားနိုင်သလို တခြားကျန်းမာရေး ပြဿနာတွေလည်းဖြစ်နိုင်ပါတယ်။

၉။ ကြက်သွန်ဖြူစားမယ်။

ကိုယ်စားမယ့် ထမင်းဟင်းတွေမှာ ကြက်သွန်ဖြူထည့်စားပါ။ ကြက်သွန်ဖြူဟာ အူမကြီးကင်ဆာအပြင် တခြားကင်ဆာဖြစ်ပွားမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။

နောက်ထပ် အူမကြီးကင်ဆာကို ကာကွယ်ပေးနိုင်မယ့်နည်းလမ်းလေးတွေကတော့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးပါ။ အထူးသဖြင့် အသက် ၅၀ ကျော်ပတ်ဝန်းကျင်ကသူတွေ ပိုပြီးဂရုစိုက်သင့်ပါတယ်။ အူမကြီးကင်ဆာဖြစ်တယ်လို့ သံသယရှိရင်ဖြစ်ဖြစ် တခြားရောဂါတစ်မျိုးမျိုး ခံစားရတယ်လို့ သံသယရှိရင်ဖြစ်ဖြစ် ဆေးစစ်ပါ။