ကိုယ်နေ့စဉ်ဝတ်ဆင်နေတဲ့ အဝတ်အစားတွေ အသုံးအဆောင်ပစ္စည်းတွေဟာ ကျန်းမာရေးနဲ့လည်း ဆက်စပ်နေပါတယ်။

ကိုယ်နေ့စဉ် အမြဲလိုလို ဝတ်နေတဲ့အရာတွေ ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတာ သိပါသလား။

ဒေါက်ဖိနပ်

ဒေါက်ဖိနပ်တွေကို အမျိုးသမီးတွေ တော်တော်များများ ကြိုက်ကြပါတယ်။ ဒါပေမယ့် ဒေါက်မြင့်ဖိနပ်ကို စွဲစွဲမြဲမြဲစီးတာဟာ ကျောရိုး၊ ခါးနဲ့ ဒူးတွေအပေါ် မလိုအပ်တဲ့ဖိအားတွေဖြစ်စေပြီး ခြေသလုံးသားကိုလည်း နာကျင်စေပါတယ်။ ဒါ့အပြင် အခန့်မသင့်ရင် ချော်လဲနိုင်ပါတယ်။ ဒေါက်ဖိနပ်ကို မစီးရဘူးလို့ မဆိုလိုပါဘူး။ စီးပါ။ ဒါပေမယ့်လည်း စွဲစွဲမြဲမြဲ မစီးသင့်ပါဘူး။

ကြပ်ထုတ်နေတဲ့ အတွင်းခံ

အတွင်းခံ ကြပ်ကြပ်ကိုဝတ်ဆင်တာဟာ ကျန်းမာရေးအတွက်မကောင်းပါဘူး။ သင့်ရဲ့ အင်္ဂါထဲကို ဘက်တီးရီးယားတွေ ဝင်ရောက်စေနိုင်ပါတယ်။ ညဖက်ဆိုရင် အတွင်းခံ ချွတ်အိပ်တာ အကောင်းဆုံးပါပဲ။

အဖျားသေးသေးချွန်ချွန်ဖိနပ်

အဖျားသေးသေးချွန်ချွန်ဖိနပ်တွေဟာ ခြေချောင်းလေးတွေကို စည်းထားသလိုဖြစ်ပြီး ခြေချောင်းလေးတွေကြားထဲက ကြွက်သားတွေကို နာကျင်စေပါတယ်။

ဂျင်းဘောင်းဘီကြပ်ကြပ်

ဂျင်းဘောင်းဘီကြပ်ကြပ်တွေဟာ ဒီကနေ့ခေတ်မှာ အရမ်းကိုခေတ်စားတဲ့ ဘောင်းဘီမျိုးဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲလိုဘောင်းဘီကို မကြာခဏဝတ်တာဟာ ခြေထောက်ကို ထုံစေပြီး ခါးကိုလည်းကြပ်ကြပ်စည်းထားလို့ ခါးမှာ အရာကြီးကျန်ခဲ့တာမျိုးဖြစ်စေပါတယ်။ အခုဆိုရင် ပိုပြီးသက်သောင့်သက်သာရှိပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ဘောင်းဘီတွေ အများအပြားထုတ်လုပ်လာကြပြီဖြစ်ပါတယ်။

လေလံတဲ့ လက်ဝတ်လက်စားတွေ

လက်စွပ်၊ ဆွဲကြိုး၊ နားကပ် စတဲ့လေးလံတဲ့ လက်ဝတ်လက်စားတွေ ဝတ်ဆင်တာဟာ ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ လည်ပတ်၊ ခါးနဲ့ ရင်ဘတ်ကို ဖိအားတွေဖြစ်စေပြီးတော့ လက်စွပ်ကြီးကြီးလေးလေးကြီးဝတ်မယ်ဆိုရင်လည်း လက်ကိုနာကျင်စေပါတယ်။  လက်ဝတ်လ်စားတွေကို ခပ်သေးသေးဝတ်တာဟာ ကျန်းမာရေးနဲ့ ညီညွှတ်ပါတယ်။

အတွင်းအကျ်ီကြပ်ကြပ်

အတွင်းအကျ်ီကြပ်ကြပ်ကို အမြဲတမ်းဝတ်ထားမယ်ဆိုရင် ခါးနာတာ လည်ပင်းနာတာမျိုးဖြစ်စေသလို ရင်သားနားမှာလည်း အနာရွတ်တွေဖြစ်စေပါတယ်။ ဒါ့အပြင် ရင်သားကင်ဆာဖြစ်နိုင်ချေကိုလည်း မြင့်တင်ပေးနိုင်ပါတယ်။ ကိုယ်နဲ့ မတော်တဲ့ ဘရာဇီယာတွေကို ဝတ်ဆင်တာဟာ ပိုပြီးအန္တရာယ်များပါတယ်။

အရေပြားယားယံစေတဲ့အဝတ်အစား

အဝတ်အစားသစ်တွေကို မလျှော်ဘဲဝတ်တာ၊ အကျ်ီကြပ်ကြပ်ကို ဝတ်တာဟာ အရေပြားယားယံတာမျိုးဖြစ်စေပါတယ်။ ဒါ့ကြောင့် အဝတ်အစားတွေ ကို ဝယ်ပြီးရင် လျှော်ဖွတ်ပြီးဝတ်သင့်ပါတယ်။ တချို့အကျ်ီကြပ်ကြပ်တွေ တချို့အဝတ်အစားတွေဆိုရင် အရေပြားကိုယားယံစေပါတယ်။ ကျန်းမာရေးအတွက် စဉ်းစားတယ်ဆိုရင်တော ချည်သား၊ ပိုးသား၊ ဝါဂွမ်းနဲ့လု်ပထားတဲ့အသားတွေကို ဝတ်ဆင်သင့်ပါတယ်။