မကောင်းတဲ့ ကိုလက်စထရောဓာတ်ဆိုတာ အဆီတစ်မျိုးဖြစ်ပြီး သွေးလွှတ်ကြောတွေရဲ့ နံရံကို ကပ်တွယ်ထားတာကြောင့် ကျန်းမာရေးကို ထိခိုက်စေပါတယ်။

ခန္ဓာကိုယ်က ကိုလက်စထရောဓာတ်လိုအပ်ပေမယ့် မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေများနေရင် နှလုံးရောဂါ၊ လေဖြတ်တာနဲ့ တခြား ရောဂါတွေဖြစ်နိုင်ချေရှိပါတယ်။

ပါဝင်ပစ္စည်းများ

ကြက်သွန်ဖြူ ၄ မွှာ

သံပုရာသီး အသေး ၄ လုံး

ရေနွေး ၃ လီတာ

ပြုလုပ်နည်း

ကြက်သွန်ဖြူကို ဆေးပြီး လှီးပါ။ သံပုရာသီး ကို လှီးပြီး ခွက်တစ်ခုထဲကိုညှစ်ထည့်ပါ။ အဲ့ခွက်ထဲကို ကြက်သွန်ဖြူထည့်ပါ။ ပြီးရင် ရေနွေး ၃ လီတာနဲ့ ခုနက သံပုရာသီးနဲ့ ကြက်သွန်ဖြူရောထားတာကို ဖျော်စက်ထဲထည့်ဖျော်ပါ။

ပြီးရင် ခရားထဲထည့်ထားပြီး ရေခဲသေတ္တာထဲ ၃ ရက်လောက်သိမ်းထားပါ။ ပြီးရင် အဖတ်ကို စစ်ထုတ်ပြီး သောက်သုံးနိုင်ပါတယ်။

ထမင်းမစားခင် စားပွဲတင်ဇွန်း ၁ ဇွန်း သို့မဟုတ် ၂ ဇွန်းလောက်သာ သောက်သုံးပါ။ တစ်နေ့ကို တစ်ခါပဲသောက်ပါ။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူက သဘာ၀ ပိုးသတ်ဆေးတစ်မျိုးဖြစ်တာကြောင့် တိုင်းရင်းဆေးတော်တော်များများမှာ အသုံးပြုကြပါတယ်။

ကြက်သွန်ဖြူကို စားသုံးရင် သွေးတိုးရောဂါကို ကာကွယ်ပေးတဲ့အပြင် နှလုံးကျန်းမာရေးကိုလည်း ကောင်းစေပါတယ်။

သံပုရာသီး

သံပုရာသီးမှာ ဗီတာမင် စီပါဝင်မှုများတဲ့အပြင် တခြား Antioxidants တွေနဲ့ အာဟာရဓာတ်တွေ B-Complex Vitamins, ဗီတာမင် E နဲ့ တခြား သတ္တုဓာတ်တွေဖြစ်တဲ့ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်ဆီယမ်၊ ကော့ပါး၊ ဇန့်၊ သံဓာတ် စတာတွေပါဝင်ပါတယ်။

သံပုရာသီးက အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်စွမ်းရှိတာကြောင့် သွေးကြောထဲမှာရှိနေတဲ့ အဆီဓာတ်နဲ့အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

ပါဝင်တဲ့ အက်ဆစ်ဓာတ်က သွေးကြောထဲရှိ အဆီတွေကို ဖယ်ရှားပေးပြီး အဆီတွေ အနယ်တွေ သွေးလွှတ်ကြောမှာ မကပ်နေဖို့လည်း ကူညီပေးပါတယ်။