အခုနောက်ပိုင်း လူတွေက ကော်ဖီသောက်သုံးတာတွေ ကျဆင်းလာပြီလို့ဆိုပေမယ့်လည်း အမေရိကန် ၆၀ ရာခိုင်နှုန်းက ကော်ဖီ သောက်သုံးနေပြီး အမေရိကန်ပြည်ထောင်စုတစ်ခုလုံးက တစ်နှစ်ကို ကော်ဖီခွက်ပေါင်း သန်း ၅၀၀ ကျော်သောက်နေတယ်လို့ ယူဆလို့ရပါတယ်။

ကော်ဖီ နယ်ပယ်တစ်ခုလုံးက အမေရိကန်ဒေါ်လာ သန်း ၃၀၀၀ တန်တဲ့ စီးပွားရေးကြီးကို လည်ပတ်နေတာဖြစ်ပါတယ်။

cinnamon-lose-weight-500x329-1

ကော်ဖီကို မနက်မိုးလင်းလင်းခြင်းမှာ လန်းဆန်းနေအောင် သောက်သုံးကြသလို အားလပ်တဲ့အချိန် အပန်းဖြေဖို့၊ သူငယ်ချင်းတွေနဲ့ တွေ့ဆုံရာမှာလည်း သောက်သုံးကြပါတယ်။

ကော်ဖီက အစာအိမ်ကို ဒုက္ခပေးတတ်ပေမယ့် နေ့တစ်နေ့လုံးကို ပျားတွေလို အလုပ်လုပ်နိုင်ဖို့ကလည်း ကော်ဖီရဲ့ အကူအညီလိုအပ်ပါတယ်။

ဒါကြောင့် ကော်ဖီရဲ့ ကောင်းကျိုးကိုလည်း ရရှိပြီး ကျန်းမာရေးလည်း မထိခိုက်စေဖို့အတွက် သစ်ကြမ်းပိုးခေါက် ကော်ဖီကို သောက်ကြည့်ရအောင်။

ပါဝင်ပစ္စည်းများ

ဇာတိပ္ဖိုလ်သီး လက်ဖက်ရည်ဇွန်း တစ်ဝက်

သစ်ကြမ်းပိုးခေါက် လက်ဖက်ရည်ဇွန်း တစ်ဝက်

ဖလာစေ့ လက်ဖက်ရည်ဇွန်း တစ်ဝက်

Vanilla Bean လက်ဖက်ရည်ဇွန်း တစ်ဝက်

ကြိတ်ထားတဲ့ စွံပလွန် ၁၀ လုံး

အုန်းနို့ ၂ ခွက်

ပြုလုပ်နည်း

ကော်ဖီကို အထက်ပါ အသီးတွေနဲ့ ရောပြီး ကြိတ်ပါ။

မနက်မိုးလင်းတာနဲ့ ကျန်းမာရေးနဲ့ ပြည့်စုံတဲ့ ကော်ဖီကို သောက်ပါ။