သစ်ကြမ်းပိုးခေါက်နဲ့ ပျားရည်ကို ရောပြီး သောက်သုံးတာက ရှေးခေတ် တရုတ် ဆေးနည်းတစ်မျိုးပါပဲ။  သစ်ကြမ်းပိုးခေါက်နဲ့ ပျားရည်ကို ရှေးကတည်းက တရုတ်လူမျိုးတွေက အိမ်တွင်းဆေးဝါးအဖြစ် သောက်သုံးလာကြတာပါ။ သစ်ကြမ်းပိုးခေါက် မှာပါတဲ့ Hydrogen Peroxide က ပျားရည်ထဲရောက်သွားပြီး သောက်သုံးလိုက်ရင် လူ့ခန္ဓာကိုယ်ထဲက ဘေးဖြစ်နိုင်တဲ့ ဘက်ထရီးယားနဲ့ မှိုတွေရဲ့ ကြီးထွားမှုနှုန်းကို ရပ်တန့်စေပြီး ဖယ်ရှားပေးပါတယ်။

နှလုံးရောဂါ

သစ်ကြမ်းပိုးခေါက် အမှုန့်နဲ့ ပျားရည်နဲ့ကို မွှေလိုက်ပြီး ပေါင်မှုန့်နဲ့ နေ့စဉ် မနက်စာအဖြစ် စားသုံးပါ။ သွေးကြောထဲက ကိုလက်စထရောတွေကို ကျဆင်းစေပြီး နှလုံးရုတ်တရပ် ရပ်တန့်မှု (heart attack)ကို ကာကွယ်ပေးပါတယ်

အဆစ်ရောင်၊ အဆစ်အမြစ်ကိုက်ခဲ့တဲ့ ရောဂါ

ရေနွေး ပူပူလေးထဲမှာ ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ သစ်ကြမ်းပိုးခေါက် စားပွဲတင်ဇွန်း တစ်ဇွန်းတို့ကို ထည့်ပြီး မနက်တစ်ခါ၊ ညတစ်ခါ သောက်ပေးပါ။ အမြဲတမ်းသောက်ပေးနေရင် နာတာရှည် အဆစ်အမြစ် ကိုက်ခဲမှုတွေကို ပျောက်ကင်းစေပါတယ်။

သည်းခြေအိတ် ရောဂါ

ရေနွေးပူပူလေးထဲကို သစ်ကြမ်းပိုးခေါက် စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို ထည့်ပြီး မွှေပါ။ ဒါက သည်းခြေအိတ်ထဲမှာရှိနေတဲ့ ပိုးမွှားတွေကို သေစေနိုင်ပါတယ်။

ကိုလက်စထရော

ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ သစ်ကြမ်းပိုးခေါက် စားပွဲတင်ဇွန်း ၃ ဇွန်းတို့ကို ရေနွေးကြမ်းထဲ ထည့်ပြီးသောက်ပေးပါ။ သောက်သောက်ပြီးချင်း ၂ နာရီလောက်မှာ သွေးအတွင်း ကိုလက်စထရော ဓာတ် ၁၀ % လောက် ကျဆင်းသွားပါလိမ့်မယ်။

ကင်ဆာ

အစာအိမ်ကင်ဆာ လူနာရှင်တချို့ကလည်း သစ်ကြမ်းပိုးခေါက်နဲ့ ပျားရည် ရောပြီးစားသုံးပေးရင်းနဲ့ ရောဂါပျောက်ကင်းခဲ့တာမျိုးလည်း ရှိပါတယ်။ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း ကို သစ်ကြမ်းပိုးခေါက် စားပွဲတင်ဇွန်း ၁ ဇွန်းအပြည့်နဲ့ ရောပြီး ၃ လလောက် စားသုံးပေးပါ။