ကျွန်မတို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေက တစ်ခုနဲ့ တစ်ခု ဆက်စပ်လျက်ရှိနေပါတယ်။ အင်္ဂါအစိတ်အပိုင်းတွေက အတူတကွ အလုပ်လုပ်ဆောင်တာကြောင့် တစ်ခု ချို့ယွင်းလျှင် နောက်တစ်ခုကိုလည်း ထိခိုက်နိုင်ပါတယ်။

တရုတ်ရိုးရာ ဆေးပညာအရ အရေပြားပေါ်မှာ ပေါ်နေတဲ့ ဝက်ခြံတွေက ကိုယ်တွင်း ကျန်းမာရေး ချို့ယွင်းနေတာကို ပြသနိုင်ပါတယ်။

နဖူးမှာ ဝက်ခြံပေါက်နေရင်- ဆီးအိမ် သို့မဟုတ် အူမှာ ပြဿနာရှိနိုင်

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေ စားမိရင်၊ စိတ်ဖိစီးမှု၊ အရက်အလွန်အကျွံသောက်ခြင်း၊ အိပ်ချိန်နည်းပါးခြင်းတို့ကြောင့် နဖူးမှာ ဝက်ခြံပေါက်တတ်ပါတယ်။ အဲ့လိုအချိန်ဆိုရင် အစားအသောက်ကို ပြန်လည် ထိန်းညှိပေးပြီး အစာခြေလွယ်တဲ့ အစားအစာတွေ၊ ရေများများသောက်၊ အရက်မသောက်ဘဲနဲ့ အိပ်ရေး၀၀ အိပ်သင့်ပါတယ်။ အားကစားလုပ်တာတွေ ယောဂဆော့တာတွေကလည်း စိတ်ဖိစီးမှုကို လျော့ချပေးပါတယ်။

မျက်ခုံး ၂ ဖက်ကြားမှာ ဝက်ခြံပေါက်ခြင်း- အသည်း

အသည်းက ကိုယ်စားလိုက်တဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆိပ်အတောက်တွေကို ခန္ဓာကိုယ်ကနေ စွန့်ထုတ်နိုင်ဖို့ အရမ်းအလုပ်လုပ်ရပါတယ်။ တခါတလေ အသားတွေ စားသုံးတာများတာ၊ နို့ထွက်ပစ္စည်းတွေ စားသုံးတာများတာနဲ့ ကိုယ်နဲ့ မတည့်တဲ့ အစားအစာတွေ စားသုံးတာများရင် အသည်းက အလုပ်ပိုလုပ်ရတတ်ပါတယ်။

နို့ထွက်ပစ္စည်းနဲ့ အသားတွေကိုလျော့စားပြီး ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကို စားသုံးသင့်ပါတယ်။ လေကောင်းလေသန့်ရှူ၊ တရားထိုင်၊ လမ်းလျှောက်တာလောက်တော့ လုပ်ပေးသင့်ပါတယ်။

မျက်ခုံးပေါ်မှာ ဝက်ခြံပေါက်ခြင်း – ကျောက်ကပ်

ရေဓာတ် ခမ်းခြောက်မှုက ကျောက်ကပ်ကို ထိခိုက်စေပါတယ်။ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ ဆား စားသုံးမှု များပြားခြင်းတို့က ရေဓာတ်ခမ်းခြောက်မှုကို ဖြစ်စေပါတယ်။ ရေတွေ အများကြီးသောက်ပြီး အချိုတွေ၊ ဆိုဒါဖျော်ရည်တွေနဲ့ အရက်သေစာ သောက်သုံးမှုကို လျော့ချသင့်ပါတယ်။ ဆားကိုလည်း စားပွဲတင်ဆားအစား ပင်လယ်ဆား အသုံးပြုသင့်ပါတယ်။

နှာခေါင်းမှာ ဝက်ခြံပေါက်ခြင်း – နှလုံး

လေထုညစ်ညမ်းမှု၊ သွေးလည်ပတ်မှု မကောင်းခြင်း၊ သွေးတိုးခြင်းတွေကြောင့် နှာခေါင်းမှာ ဝက်ခြံပေါက်တတ်ပါတယ်။

လေ့ကျင့်ခန်းလုပ်တာ၊ အဆိပ်အတောက်တွေ Green Tea သောက်ပြီး ဖယ်ရှားတာ၊ သွေးအတွင်း ကိုလက်စထရောဓာတ်ကို ထိန်းညှိတာ၊ သွေးပေါင်ချိန်ကို ချိန်ပေးပြီး ထိန်းညှိတာတွေ လုပ်သင့်ပါတယ်။

ပါးအပေါ်ပိုင်းမှာ ဝက်ခြံ- အဆုတ်

လေထုညစ်ညမ်း၊ ဆေးလိပ်သောက်တာ၊ ပန်းနာရင်ကျပ်တွေကြောင့် ပါးအပေါ်ပိုင်းမှာ ဝက်ခြံပေါက်တတ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပေးတာ၊ လေထုညစ်ညမ်းတဲ့နေရာတွေကို ရှောင်ကြဉ်တာ၊ ဆေးလိပ်သောက်တာ ရပ်ထားတာတွေ လုပ်သင့်ပါတယ်။

ကော်ဖီ၊ ပန်းပွင့်၊ သံပုရာသီး စတဲ့ အသီးအနှံတွေကို စားပေးပါ။

ပါးမှာ ဖြစ်တဲ့ ဝက်ခြံ – အဆုတ်၊ ကျောက်ကပ်

ဆေးလိပ်သောက်တာ၊ အာဟာရ ဖြစ်တဲ့ အစားအစာတွေ မစားသုံးတာ၊ စိတ်ဖိစီးမှုများတာတွေက ပါးမှာ ဝက်ခြံတွေ ပေါက်တတ်ပါတယ်။

ဒါကြောင့် အာဟာရ ရှိတဲ့ အစားအစာတွေနဲ့ လေ့ကျင့်ခန်းတွေ လုပ်သင့်ပါတယ်။း ရေများများသောက်ပြီး အဆုတ်နဲ့ ကျောက်ကပ်တို့ကို ဆေးပေးနိုင်ပါတယ်။ သခွားနဲ့ ဖရဲသီးတို့ကလည်း ကျောက်ကပ်နဲ့ အဆုတ်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

ပါးစပ်နဲ့ ပါးမှာ ပေါက်တဲ့ ဝက်ခြံ – အစာအိမ်

အဆီဓာတ်တွေနဲ့ အချိုဓာတ်တွေ စားသုံးတာများရင်လည်း ပါးစပ်နဲ့ ပါးမှာ ဝက်ခြံတွေ ပေါက်တတ်ပါတယ်။ ကဖိန်းဓာတ်နဲ့ အရက်သောက်သုံးမှုများတာကြောင့်လည်း ဖြစ်ပါတယ်။ ဒါကြောင့် အာဟာရ အချိုးကျတဲ့ စားသုံးနေထိုင်မှုပုံစံကို ပြောင်းသင့်ပြီး အသီးအနှံတွေ များများစားပေးပါ။

မေးရိုးနဲ့ လည်ပင်းမှာ ပေါက်တဲ့ ဝက်ခြံ- ဟော်မှုန်း

အမြဲလိုလို ကိုယ့် ကျန်းမာရေးနဲ့ မတည့်တဲ့ အစားအစာတွေ စားသုံးတာများလာရင် ဟော်မှုန်းဓာတ်တွေပါ ပြောင်းလဲသွားပြီး မေးရိုးနဲ့ လည်ပင်းမှာ ဝက်ခြံတွေ ပေါက်တတ်ပါတယ်။

တခါတရံ လည်ပင်းကြီး ရောဂါခံစားရတဲ့သူတွေမှာ ဟော်မုန်းတွေ ကမောက်ကမ ဖြစ်ပြီး အဲ့ဒီနေရာမှာတွေ ဝက်ခြံတွေ ထွက်လာတတ်ပါတယ်။

သဲပေါ်မှာ ဖိနပ်ချွတ်ပြီး လမ်းလျှောက်ပေးတာမျိုး နို့ထွက်ပစ္စည်းတွေနဲ့ အသားတွေ စားသုံးမှု လျော့ချတာမျိုးတွေ လုပ်ဆောင်သင့်ပါတယ်။