အသက်တနှစ်အောက်ကလေးတွေကို ကူးစက်နိုင်တဲ့ ရောဂါပိုးတွေက ဗက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေဖြစ်တယ်။ မွေးမွေးချင်း မိခင်မွေးလမ်းကနေလည်း ရောဂါရှိနေရင် ကူးစက်ခံရနိုင်တယ်။ ဖန်းဂတ်စ် ခေါ် မှိုပိုးလည်း အဖြစ်များတယ်။ သွားရည်ကျတာအပါအတွင် ခံတွင်းမှာဖြစ်တာတွေက အဲတာကနေဖြစ်တယ်။ မိခင်နို့၊ နို့ဗူးနဲ့ ပါးစပ်ထဲဝင်နိုင်တဲ့ ကလေးလက်၊ ရေတိုက်စရာနဲ့ ကစားစရာတွေကနေဝင်တယ်။ အရပ်ထဲမှာ သူငယ်နာလို့ခေါ်ကြတယ်။

ကူးစက်စေနိုင်တဲ့ပိုးတွေက ပတ်ဝန်းကျင်မှာ အမြဲရှိနေကြတယ်။ အပူချိန်၊ စိုထိုင်းဆနဲ့ ရာသီဥတုအရ အမျိုးအစား ပြောင်းနေတယ်။ လူ့ကိုယ်ပေါ် နေရာတိုင်းလိုလိုမှာရှိနေတယ်။ လေထဲမှာလည်းရှိနေတယ်။ ရေထဲမှာလည်းရှိနေတယ်။ ကြမ်းပြင် မျက်နှာပြင်တွေပေါ်မှာလည်းရှိနေတယ်။ လူထူထပ်ရာမှာပိုများတယ်။ ဆေးလိပ်ငွေ့၊ မီးခိုးငွေ့တွေကလည်း ရောဂါရစေတယ်။ သူများတွေ နှာချေ ချောင်းဆိုးရာကနေ ၆ ပေပတ်လည်မှာ ပိုးတွေပါနေတယ်။ အစားအသောက်တွေမှာလည်း ပါနေနိုင်တယ်။ ယင်ကောင် ပိုးဟပ် ကြွက်တွေကနေလည်းကူးစက်နိုင်တယ်။

ဆပ်ပြာမကိုင်ရတို့၊ ရေမချိုးရတို့၊ ဟိုဟာမကျွေးရတို့က နေ့တိုင်းလိုလိုမေးကြတယ်။ တကိုယ်ရေသန့်ရှင်းရေး အလွန် အရေးကြီးတယ်။ မျက်နှာသစ်တာ၊ သွားတိုက်တာ၊ ရေချိုးတာ၊ လက်ခဏခဏဆေးတာ၊ ချောင်းဆို နှာချေသူတိုင်းက တံတောင်ဆစ်ထဲဆိုးတဲ့အကျင့်လုပ်ကြတာ၊ မိခင်နို့ကို စိုထိုင်းနေစဉ် အတွင်းခံမဖုံးသေပဲ ခြောက်သွေ့စေပြီးမှ ဖုံးအုပ်တာ၊ သန့်ရှင်းရေးဆိုတာ ရိုးရိုးရေနဲ့ ရိုးရိုးဆပ်ပြာသာလုပ်ရတာ ခဏခဏအလျဉ်းသင့်တိုင်း ရေးပါတယ်။ ဖြေပါတယ်။

ရောဂါမကြာခဏရတဲ့ကလေးမှာ ရောဂါပိုးအခံမရှင်းသေးတာနဲ့ ထပ်ကူးစက်တာဖြစ်နိုင်တယ်။ ခုခံအားကောင်းဆေးဆိုတာ မရှိပါ။ ကြော်ငြာပြီးရောင်းတာကို မယုံပါနဲ့။ ကလေးအားဆေးစာလည်းရေးထားတယ်။ ကြော်ငြာကောင်းတိုင်း ဆေးပိုမကောင်းနိုင်ပါ။ ဉာဏ်ကောင်းဆေး မရှိပါ။

မဖြစ်မနေထိုးရမယ့် ကာကွယ်ဆေးတွေ အရေးကြီးတယ်။ ခရီးသွားတာ၊ ပွဲလမ်းသဘင်သွားတာ ရောဂါတွေရစေနိုင်တယ်။ ၆ လအနည်းဆုံးမိခင်နို့ ဒါမှမဟုတ် နို့ဗူးတိုက်ရမယ်။ နောက်ဖြည့်စွက်စာ ကျွေးရမယ်။ စာတွေခဏခဏထပ်ဆင်နေတယ်။ အစားအသောက်ဆိုတာ လုံလောက် + မျှတရကြောင်းလည်း အကြိမ်ပေါင်းများစွာ ရေးတယ်။ ဖြေတယ်။