မူးယစ်ဆေးစွဲပြီဆိုရင် အဲ့ဒီ မူးယစ်နွံကနေ ရုန်းထွက်ဖို့က ခက်ခဲပါတယ်။ အထူးသဖြင့် အနုပညာရှင်တစ်ယောက် မူးယစ်ဆေးစွဲတယ်ဆိုရင် နာမည်ပျက်တဲ့အပြင် ပိုပြီး ရုန်းထွက်ရလည်း ခက်ပါတယ်။

ဒါကြောင့် မူးယစ်နွံတွေထဲကနေ ရုန်းထွက်လာနိုင်တဲ့ အနုပညာရှင်များ ရေးသားချင်ပါတယ်။

အန်ဂျလီနာ ဂျိုလီ (Angelina Jolie)

“ရှိသမျှ မူးယစ်ဆေးမှန်သမျှ အကုန်လုံး အသုံးပြုခဲ့ဖူးပါတယ်။ ဒီတုန်းကအချိန်တွေက ကျွန်မအတွက် တော်တော် မှောင်မိုက်တဲ့ အချိန်တွေပါဘဲ” အန်ဂျလီနာ ဂျိုလီ နာမည်မကျော်ခင်က ဒုက္ခမျိုးစုံ တွေ့ပြီး လမ်းမှားမျိုးစုံလည်း လျှောက်ခဲ့ဖူးပါတယ်။ သူ နာမည်ကြီးမယ့် ရုပ်ရှင် “Lara Croft” မှာသရုပ်ဆောင်နေတုန်းကလည်း ကိုယ်အလေးချိန် အများကြီးကျဆင်းပြီး စိတ်ဓာတ်ကျရောဂါကို ခံစားခဲ့ပါတယ်။

အဲ့ဒီ ရုပ်ရှင်မှာအောင်မြင်ခဲ့ပြီး ကလေးတစ်ယောက်ကို မွေးစားခဲ့ပါတယ်။ မင်းသား ဘရက်ပစ် နဲ့ ချစ်ကြိုက်ခဲ့ပြီးနောက် ကလေးနောက်တစ်ယောက်ကို မွေးစားခဲ့ပါတယ်။ အခုတော့ ဘရက်ပစ်နဲ့ ကွဲသွားပြီး ကလေး ၆ ယောက်နဲ့ ပျော်ပျော်ရွှင်ရွှင်နေနေပါတယ်။ သူ့လိုဘဲ တခြား မူးယစ်ဆေး စွဲသူတွေလည်း မူးယစ်နွံကနေ ရုန်းထွက်နိုင်ဖို့ ကြိုးစားသင့်ပါတယ်။

ရောဘတ် ဒေါင်းနေးလ် (Robert Downey Jr.)

အခုခေတ်မှာ Iron Man လို့ နာမည်ကြီးနေတဲ့ ရောဘတ် ဒေါင်းနေးလ် (Robert Downey Jr.) ရဲ့ ငယ်ဘဝက မူးယစ်နွံထဲမှာ ကျင်လည်ခဲ့တာပါ။ အနုပညာ မျိုးရိုး ကနေ မွေးဖွားလာခဲ့ပေမယ့် ဆေးစွဲနေတာကြောင့် ရုပ်ရှင် ကုမ္ပဏီကြီးတွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေ ပျက်ပြယ်ခဲ့ပါတယ်။

အဲ့ဒီအပြင် ၁၆ လ ထောင်ကျခဲ့ပြီး ဆေးဖြတ်ဖို့ ကုသမှုတွေလည်း ခံယူခဲ့ပါတယ်။ အဲ့ဒီအပြင် ဆေးခန်း မှာ ၁ နှစ်လောက် ဆေးဖြတ်ဖို့ ထပ်မံကြိုးစားခဲ့ရပါတယ်။ ဆေးဖြတ်ပြီးနောက်မှ ရုပ်ရှင်လောကထဲကို ပြန်ဝင်လာနိုင်ခဲ့ပြီး Iron Man နဲ့ နာမည်ကြီးခဲ့ပါတယ်။ အခုဆိုရင် သူဟာ မူးယစ်နွံ ထဲမှ ရုန်းထွက်နိုင်ခဲ့ပြီး ကမ္ဘာကျော်တဲ့ မင်းသားတစ်ဦးဖြစ်နေပါပြီ။

Adele

LONDON, ENGLAND – JULY 01: Adele performs on stage as American Express present BST Hyde Park in Hyde Park on July 01, 2022 in London, England.

Adele ဆိုရင်တော့ မြန်မာ ပရိသတ်တွေ သိကြမယ်ထင်ပါတယ်။ အခုလက်ရှိ သူဆိုသမျှ သီချင်းတွေ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံးဖြစ်နေတဲ့ အဆိုတော် Adele ဟာ စင်ကြောက်ရောဂါရှိပြီး စင်ပေါ်မတက်ခင်မှာ အရက်အများကြီး သောက်လေ့ရှိပါတယ်။ အဲ့လိုနဲ့ အကျင့်ဖြစ်လာပြီး အရက်စွဲလာခဲ့ပါတယ်။

“ကျွန်မ အရမ်မူးလာပြီး စင်ပေါ် သီချင်းတက်ဆိုချိန်မှာ ကျွန်မရဲ့ သီချင်းစာသားတွေ မေ့တဲ့အထိ ဖြစ်ခဲ့ဖူးတယ်။ ဒါက ကျွန်မဘဝရဲ့ အဆိုးဆုံး ညတစ်ညပါဘဲ”လို့ Adele က ပြောပါတယ်။ အရက်နာကျမှုက သူ့အသံကိုတောင် ထိခိုက်စေခဲ့ပြီး ပွဲတွေကိုတောင် ဖျက်ရတဲ့အထိ ဖြစ်ခဲ့လို့ ၂၀၀၉ ခုနှစ်မှာတော့ အဲ့ဒီ အရက်ဖြတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ကျန်းမာတဲ့ လူနေမှုဘဝကို Adele က ပိုင်ဆိုင်နေပါပြီ။