ကြက်ဆူဆီဟာ အလှအပအတွက် တကယ်အသုံးဝင်တဲ့ ပစ္စည်းဖြစ်ပါတယ်။ ကြက်ဆူဆီမှာ ရောင်ရမ်းမှုကို သက်သာစေတဲ့ ဂုဏ်သတ္တိတွေပါဝင်ပြီး၊ ဘက်တီးရီးယားတွေကို သေစေသလို၊ သင့်ကို နုပျိုစိုစေပါတယ်။ ကြက်ဆူဆီကို အလှပအတွက် ဘယ်လိုအသုံးပြုရမလဲဆိုတာ မျှဝေပေးသွားမှာဖြစ်ပါတယ်။

၁။ ကြွက်နို့

ကြွက်နို့ဖြစ်နေရင် ကြက်ဆူဆီကို ပုံမှန်လိမ်းပေးပါ။ နေ့တိုင်းလုပ်ပေးရမှာဖြစ်ပါတယ်။

၂။ ဝက်ခြံအတွက်

အရင်ဆုံး ရေနွေးပူပူထဲကို တဘက်တစ်ထည်နှစ်လိုက်ပြီး မျက်နှာပေါ်မှာ အုပ်ထားပါ။ ၅ မိနစ်လောက်ထားပါ။ ပြီးရင်တဘက်ကို ရေနွေးထည့်စိမ်ပြီး ကြက်ဆူဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်ပေးကာ မျက်နှာပေါ်မှာ ၁ မိနစ်လောက် နှိပ်နယ်ပေးပါ။ ပြီးရင် ရေအေးအေးနဲ့ ဆေးချလိုက်ပြီး ခြောက်အောင်သုတ်လိုက်ပါ။ ဒီလိုပုံမှန်လုပ်ပေးရင် အရေးကြောင်းကိုလည်း သက်သာပျောက်ကင်းစေမှာပါ။

၃။ ဆံကေသာ ကျန်းမာသန်စွမ်းဖို့

ကြက်ဆူဆီဟာ သဘာဝအတိုင်း ဆံကေသာကို ကျန်းမာသန်စွမ်းစေပါတယ်။ ဆံပင်ကိုလည်း ပိုပြီးထူလာစေပါတယ်။ ကြက်ဆူဆီနဲ့ သံလွင်ဆီ ရောလိုက်ပြီး၊ ဦးရေပြားနဲ့ ဆံပင်အရင်းကနေ အဖျားထိလိမ်းပေးပါ။ ပြီးရင် ညလုံးပေါက်ထားပြီး မနက်မိုးလင်းမှ ခေါင်းလျှော်ချလိုက်ပါ။

၄။ နှုတ်ခမ်းသားချောမွတ်စေဖို့

ကြက်ဆူဆီမှာ Fatty Acids ပါဝင်ပြီး နှုတ်ခမ်းသားကွဲတာမျိုးကို အမြန်ဆုံးသက်သာပျောက်ကင်းစေပါတယ်။ ညအိပ်ယာမဝင်ခင် ကြက်ဆူဆီနည်းနည်းနဲ့ သံလွင်ဆီနည်းနည်းရောပြီး နှုတ်ခမ်းပေးမှာ လိမ်းပေးပြီး အိပ်ပေးပါ။

၅။ ခြေဖနောင့်ကွဲတာသက်သာဖို့

ခြေဖနောင့်ကွဲတာမျိုးဖြစ်နေရင် ခြေဖနောင့်ကို ချေးသေချာတွန်းပေးပြီး ကြက်ဆူဆီ လိမ်းထားပေးပါ။ ကြက်ဆူဆီမှာ ဗီတာမင် E နဲ့ Fatty Acid တွေပါဝင်ပြီး ခြေဖနောင့်ကွဲတာကို သက်သာစေသလို၊ ခြေဖနောင့်ကို နူးညံ့၊ ချောမွတ်စေပါတယ်။

၆။ အကြောပြတ်တာသက်သာဖို့

အကြောပြတ်လို့ ကြည့်လို့မကောင်းတဲ့ အမာရွတ်တွေကို ကြက်ဆူဆီ ပုံမှန်လိမ်းပေးပြီး တိုက်ဖျက်လိုက်လို့ရပါတယ်နော်။