မုန်လာဥနီကို ငပိရည် တို့စရာတို့နဲ့ တို့စားတတ်ကြပြီး ဒီအတိုင်း အစိမ်းလိုက်လည်း ကျွတ်ကျွတ်နဲ့ ဝါးစားကြပါတယ်။

Carrot-Juice-1

ဒါ့အပြင် ဖျော်ရည်အဖြစ်လည်း ဖျော်သောက်ကြသလို ဟင်းတွေချက်ပြုတ်ရာမှာလည်း ထည့်သွင်းလေ့ရှိတော့ မုန်လာဥနီစားသုံးသူ တော်တော်များမယ်လို့ ထင်ပါတယ်နော်။

Carrot1

စာဖတ်သူတို့ရော မုန်လာဥနီကြိုက်ကြလားရှင့်။ မုန်လာဥနီစားတာဟာ စာဖတ်သူတို့အတွက် ကျန်းမာရေးကိုဘယ်လို အထောက်အကူပြုသလဲ ဆိုတာကို မျှဝေပေးသွားပါမယ်။

နှလုံးရောဂါ

heart-disease-03

မုန်လာဥနီဟာ နှလုံးရောဂါဖြစ်ပွားမှုကို အထူးလျှော့နည်းစေပါတယ်။ ဒါ့ကြောင့် မုန်လာဥနီကိုပုံမှန်စားသုံးသူတွေဟာ နှလုံးရောဂါနဲ့ ကင်းဝေးစေမှာပါ။

ကင်ဆာ

stop-cancer

မုန်လာဥနီမှာ တွေ့ရတဲ့ Beta-Carotene ဓါတ်နဲ့ Antioxidant ဓါတ်က ကင်ဆာရောဂါဖြစ်ပွားမှုကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဆေးလိပ်သောက်သုံးသူတွေလည်း မုန်လာဥနီကို များများစားပေးလိုက်ရင် အဆုတ်ကင်ဆာ ဖြစ်ပွားမှုကို သိသိသာသာလျှော့နည်းစေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုကိုလည်း လျှော့ချပေးပါတယ်။

နောက်ထပ်လေ့လာတွေ့ရှိမှုအရတော့ အူမကြီးကင်ဆာနဲ့ သွေးကင်ဆာအပါအဝင် အစာအိမ်ကင်ဆာဖြစ်ပွားမှုကိုလည်း လျှော့ချပေးပါတယ်။

အမြင်အာရုံ

Improves-vision

မုန်လာဥနီမှာပါဝင်တဲ့ ဗီတာမင် A ဟာ အမြင်အာရုံဆိုင်ရာ ပြဿနာတွေကို လျှော့ချပေးပါတယ်။

မုန်လာဥနီကို ပုံမှန်စားသုံးပေးတာဟာ အတွင်းတိမ်ဖြစ်ပွားမှုကို လျှော့ချပေးပါတယ်။

ဦးနှောက်

smart-girl-book-fb

မုန်လာဥနီမှာ သိမြင်မှုဆိုင်ရာ လုပ်ဆောင်ချက်တွေကို တိုးတက်စေပြီး သက်လတ်ပိုင်းအရွယ်ကစလို့ သိမြင်မှုဆိုင်ရာလုပ်ဆောင်ချက် လျှော့ကျလာတာကို တားမြစ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကိုလက်စထရောကျစေပြီး မှတ်ဉာဏ်ကို တိုးတက်စေပါတယ်။

အသည်း

heart_disease_s7_cardiac_arrest

မုန်လာဥမှာ ပတ်ဝန်းကျင်က အဆိပ်အတောက်တွေကို ဖြေရှင်းပေးနိုင်တဲ့ ဂုဏ်သတ္တိတွေပါဝင်ပြီး အသည်းကို အပြည့်အ၀ ကျန်းမာစေပါတယ်။

အရွယ်တင်နုပျိုခြင်း

Lightens-Skin1

မုန်လာဥနီမှာ Antioxidant တွေ Hydroxycinnamic အက်ဆစ်တွေပါဝ်ငလို့ အသက်အရွယ်အိုမင်းမှုကို လျှော့ချပေးပြီး အရွယ်တင်နုပျိုစေပါတယ်။

အရေပြားကျန်းမာရေး

Benefits-of-Carrot-for-Women

အသက်အရွယ်အိုမင်းမှုကို ကာကွယ်ပေးနိုင်ရုံသာမက အရေပြားဆဲလ်ပျက်ဆီးမှုကိုလည်း ကာကွယ်ပေးနိုင်ပြီး နေရောင်ချည်ဒဏ်ကနေလည်း ကာကွယ်ပေးပါတယ်။

ဒါ့ကြောင့် အသားအရနုပျိုစိုပြေလို့ စွဲဆောင်မှုအပြည့်ရှိပါတယ်။

ခံတွင်းကျန်းမာရေး

oral-health

မုန်လာဥနီကိုစားပေးတာဟာ သွားမှာ အခေါင်းပေါက်ဖြစ်တာကို ကာကွယ်ပေးနိုင်ပြီး သွားတွေကို ကျန်းမာသန့်ရှင်းစေပါတယ်။ ဒ့ါကြောင့် ခံတွင်းကျန်းမာရေးအတွက် အရမ်းကိုအကျိုးကျေးဇူးများတယ်။