ချောင်း အဆက်မပြတ်ဆိုးခြင်းက ကိုယ့်ရဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း အနှောင့်အယှက်ဖြစ်စေပါတယ်။ တခါတရံ ချောင်းဆိုးနေတာကြောင့် ညအိပ်မပျော်တာတွေလည်း ဖြစ်တတ်ပါတယ်။ ချောင်းဆိုးတာများလာရင် ကျောတွေ ရင်တွေအောင့်လာမယ် နောက်ဆုံး အဖျားဝင်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ချောင်းဆိုးတာကို ဆရာဝန်ဆီပြသသင့်ပါတယ်။ ဆရာဝန်ဆီသွားဖို့ အဆင်မပြေသူတွေအတွက်တော့ သဘာ၀ ဆေးနည်းလေးကို မျှဝေချင်ပါတယ်။

နွေးနေသည့် မျက်နှာသုတ်ပဝါကို လည်ပင်းမှာပတ်ပါ။

အဆက်မပြတ် ချောင်းဆိုးနေရင် မျက်နှာသုတ်ပဝါ နွေးနွေးလေးကို လည်ပင်းမှာ ပတ်လိုက်ပါက လည်ပင်းတောက်လျောက်ကို အပူတွေရသွားပါလိမ့်မယ်။ ရေနွေးနဲ့ စိမ်ထားတဲ့ မျက်နှာသုတ်ပဝါဆိုလည်း ရေစင်အောင် ညှစ်ပြီးမှ ကပ်သင့်ပါတယ်။ လည်ပင်းမှာမကပ်ချင်ရင် ရင်ပတ်မှာ ကပ်ထားပါ။ မျက်နှာသုတ်ပဝါက အနွေးဓာတ်က အဆုတ်ထဲမှာ ပိတ်ဆို့နေတဲ့၊ အသက်ရှူလမ်းကြောင်းတောက်လျောက်ပိတ်နေတဲ့ အကျိအချွဲတွေကိုလည်း ပိတ်ဆို့ပေးပါတယ်။ အဲ့လို ရက်အနည်းငယ်လုပ်ပေးရင်လည်း ချောင်းဆိုးသက်သာပါလိမ့်မယ်။

ရေနွေးနဲ့ လုပ်ရင် အအေးပတ်မှာစိုးရင်လည်း ပရုတ်ဆီနဲ့ လုပ်လို့ရပါတယ်။ ရင်ဘတ်နဲ့ လည်ပင်းတို့မှာ ပရုတ်ဆီလိမ်းထားပြီး ပဝါနဲ့ ပတ်ထားပေးပါ။

ကြက်သွန်ဖြူနှင့် ပျားရည်

ကြက်သွန်ဖြူမှာ ယောင်ကိုင်းခြင်းနှင့် အကျိအချွဲတွေကို သက်သာအောင် လုပ်ဆောင်ပေးနိုင်ပြီး အဆုတ်ထဲမှာ ပိတ်ဆို့နေတဲ့ အကျိအချွဲတွေကိုလည်း လျော့နည်းအောင် လုပ်ပေးနိုင်ပါတယ်။ သူ့မှာ ဗီတာမင် စီ နှင့် B6 တို့ပါဝင်တာကြောင့် ရောဂါပိုးမွှားများကို တိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။ ချောင်းဆိုးပျောက်ဖို့တော့ ကြက်သွန်ဖြူကို အစိမ်းဘဲ စားသင့်ပါတယ်။ ကြက်သွန်ဖြူကို ချေလိုက်ပြီး ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ရောလိုက်ပါ။ တချို့ကလည်း ပျားရည်နေရာမှာ သံလွင်ဆီ ထည့်လေ့ရှိပါတယ်။ ပျားရည်က လည်ချောင်းကို သက်သာစေပြီး ကြက်သွန်ဖြူက အသက်ရှူလမ်းကြောင်းက အကျိအချွဲများကိုပွင့်စေပါတယ်။ ဒီပုံစံအတိုင်း တစ်နေ့ကို တစ်ကြိမ် ၅ ရက်ဆက်တိုက်သောက်ရင် ချောင်းဆိုး သက်သာပျောက်ကင်းသွားမှာပါ။ ချောင်းဆိုးပျောက်ပြီးနောက် ဒီအတိုင်း ဆက်သောက်သွားရင်လည်း ကိုလက်စထရောဓာတ်နှင့် သွေးဖိအားကိုလည်း ထိန်းညှိပေးမှာပါ။

အကြော်အလှော်တွေကို ရှောင်ကြဉ်ပါ

အကြော်ထားတဲ့ အစားအစာတွေက ခန္ဓာကိုယ်မှာ ဖောရောင်မှုကို အားပေးပြီး ခန္ဓာကိုယ်အတွင်း သဘာ၀ အလျောက် ပြန်လည် ကုသတဲ့ စွမ်းရည်ကိုလည်း လျော့ကျစေပါတယ်။ အက်စစ်ဓာတ်ကို လည်း တိုးစေတာကြောင့် ချောင်းလည်း ပိုဆိုးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ကြိုက်နှစ်သက်တဲ့ အာလူးချောင်းကြော်၊ ဘာဂါ၊ ဟော့ ဒေါ့ ၊ ဝက်ပေါင်ခြောက်ကြော် စသည်တို့ကို ရှောင်ကြဉ်ပါ။ ခွန်အားဖြည့် အချိုရည်တွေကိုလည်း မသောက်သုံးပါနဲ့။ ပူပူလောလောလေးတွေကို စားသုံးပါ။ အိမ်မှာ ချက်ပြုတ်တဲ့ အစားအစာကိုတာ အဓိက စားသုံးကြပါ။