အရမ်းကို အသုံးဝင်တဲ့ ဟင်းသီးဟင်းရွက်တွေပါပဲ။ ဒီဟင်းသီးဟင်းရွက်တွေမှာ သံဓါတ်၊ ပိုတက်ဆီယမ်၊ ဖော့စဖော့ရပ်စ်၊ ဆိုဒီယမ်၊ ဇင့်လ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်ဓါတ်တွေပါဝင်ပါတယ်။ ဗီတာမင် C, B Complex, B1, B2 နဲ့ B6 ဓါတ်တွေပါဝင်ပါတယ်။

နိုကိုဥမှာဆိုရင် အမျှင်ဓါတ်တွေ ဖော့လစ်အက်ဆစ်တွေ Antioxidant တွေကြွယ်ဝစွာပါဝင်တဲ့အပြင် ကင်ဆာကို ဆန့်ကျင်တဲ့ ကွန်ပေါင်းဓါတ်တွေဖြစ်တဲ့ Betaine ခေါ် Amino Acid တွေလည်းပါဝင်ပါတယ်။ အဲဒီဓါတ်က ကင်ဆာဖြစ်စေတဲ့ အကျိတ်နဲ့ ကင်ဆာဆဲလ်တွေကို သေစေနိုင်ပါတယ်။ ဒီဖျော်ရည်ကို နေ့တိုင်းသောက်ပြီး ကင်ဆာကို တိုက်ဖျက်နိုင်ပါတယ်။

ပါဝင်ပစ္စည်း

Beetroot

နိုကို ဥ ၅၅ %

တရုတ်နံနံ မြစ် ၂၀ %

အာလူး ၃ %

မုန်လာဥနီ (လိမ္မော်ရောင်) ၂၀ %

မုန်လာဥနီ (အနီရောင်) ၂ %

ပြင်ဆင်ခြင်း

ပါဝင်ပစ္စည်းအားလုံးကို ရောပြီး ဖျော်စက်နဲ့ ဖျော်လိုက်ပါ။ ပြီးရင် အဲဒီဖျော်ရည်ကို တစ်နေ့ ၂ ကြိမ်သောက်ပေးပါ။ မနက်စာမစားခင်နဲ့ ညအိပ်ယာမဝင်သောက်ပေးရမှာဖြစ်ပါတယ်။

လိုအပ်တာထက် ပိုမသောက်ပါနဲ့နော်။

Source: Be Extra Healthy Now ကျန်းမာရေး ဝက်ဘ်ဆိုက်မှ ဘာသာပြန်ဖော်ပြသည်။