နတ်ဆိုးရဲ့ ပန်းနွယ်လို့ အမည်ရတဲ့ (Devil’s Ivy) တိုင်ကပ်နွယ်ပင်ကို အရပ်အခေါ် ရွှေလာငွေလာပင်လို့ခေါ်ကြပါတယ်။ ဘာလို့လဲဆိုတော့ အိမ်တွင်း ငွေရွှင်အောင် ရည်မှန်းပြီး အဓိက စိုက်ပျိုးကြ လို့ပါပဲ။

ရွှေလာငွေလာအပင်ကို စိုက်ပျိုးတာဟာ အိမ်တွင်းငွေရွှင်ရုံသာမက လေထုကိုလည်း သန့်စင်ပေးနိုင်ပါတယ်။ နေ့စဉ် စက္ကန့်မလပ် ရှုသွင်းနေတဲ့ လေထုမှာ ဘက်တီးရီးယားပိုးမွှားတွေကင်းစင်ပြီး သန့်စင်နေဖို့လိုပါတယ်။

လေထုအတွင်း အညစ်အကြေးတွေကို ၇၀% ထိလျှော့ချပေးနိုင်လို့ လာဘ်လည်းရွှင်တယ် ကျန်းမာရေးအတွက်လည်း အထောက်အကူပြုတယ်။

မိမိအိမ်ရှေ့မှာလည်း စိုက်ပျိုးထားတော့ အစိမ်းရောင်အပင်လေးဟာ မျက်စိအေးစေလို့ တစ်ချက်ခုတ် ၂ ချက် ၃ ချက်လောက် ပြတ်တာပေါ့ရှင်။

ဒီအပင်လေးတွေက လေကို ဘယ်လောက် သန့်စင်စေသလဲဆိုရင် အခန်းတွင်းမှာ ဖြစ်ပေါ်နိုင်တဲ့ လေထုညစ်ညမ်းမှုနဲ့ ဓါတ်ပြုပြီး ဖြစ်ပေါ်လာမယ့် အဆိပ်အတောက်ကိုလည်း ပြယ်စေပါတယ်။

ကဲစာဖတ်သူတို့အိမ်မှာလည်း ရွှေလာငွေလာအပင်လေးတွေစိုက်ထားကြနော်။ မိမိတို့အိမ်ရဲ့ ခြံ၊ အုတ်တံတိုင်းတွေမှာလည်း တွယ်ကပ်စိုက်ပျိုးလို့ရသလို အိုးလေးနဲပ စနစ်တကျ စိုက်ပျိုးလို့ရပါတယ်။

ဒီအပင်ကိုစိုက်မယ်ဆိုရင်တော့ အလင်းရောင် ရတဲ့နေရာနဲ့ ရေနည်းနည်း ရရင်ပဲ ရှင်သန် ကြီးထွားနိုင်တဲ့ ဒီအပင်က စိမ်းလန်းတဲ့ သင့် အိမ်ခန်း ဝန်းကျင်ကို ဖန်တီးပေးနိုင်ပါတယ်။

စိုက်နည်းလေးကို ဒီမှာကြည့်လိုက်နော်။

Sources: healthyfoodproteam.com