Detox Drinks တွေက ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်တွေ၊ အဆီတွေနဲ့ ဝမ်းချုပ်တာတွေကို ပျောက်ကင်းစေပါတယ်။ အဲ့ဒီအပြင် ဝမ်းဗိုက်က အဆီတွေကို ကျဆင်းစေပါတယ်။

ဒါပေမယ့် တချို့ Detox Drinks တွေက မြန်မာတွေ အရသာနဲ့ အဆင်မပြေတာတို့ ပါဝင်ပစ္စည်းတွေက မြန်မာပြည်မှာ ဝယ်မရတာတို့ ဖြစ်တတ်ပါတယ်။

ဒါကြောင့် မြန်မာတွေ ကြိုက်နှစ်သက်မယ့် အရသာနဲ့ အလွယ်တကူ လုပ်ဆောင်လို့ရတဲ့ Detox Drinks ကို တင်ဆက်ချင်ပါတယ်။

12206760-9192410-1-1-0-1488271660-1488271665-650-1-1488271665-650-268fdd1722-1488888136

ပါဝင်ပစ္စည်း

  • သံပုရာသီး ၁ လုံး
  • သခွားသီး ၁လုံး
  • ဂျင်း လက်တစ်ဆစ်
  • ပူစီနံရွက် ၁ စည်း

ပြုလုပ်နည်း

  • သံပုရာသီးကို အခွံပါထည့်ရမှာကြောင့် ပိုးသတ်ဆေးတွေ ကင်းစင်အောင် အလုံးလိုက်ကို ဆားနဲ့ နယ်ပြီး ၁၀ မိနစ်လောက်ထားထားပါ။ပြီးမှ ရေဆေးချပါ။
  • ပါဝင်ပစ္စည်းတွေ အားလုံးကို ပါးပါးလှီးပါ။
  • အားလုံးကို မတ်ခွက် တစ်လုံးထဲထည့်ပြီး ရေထည့်ကာ စိမ်ပြီးသောက်လို့ရပါပြီ။
  • ရေကို ကုန်သွားရင် ထပ်ခါထပ်ခါဖြည့်ကာ သောက်လို့ရပါတယ်။
  • လုပ်ပြီး ၂ နာရီအတွင်းသောက်တာက အာနိသင်အရှိဆုံးပါဘဲ။
  • အချိန်ကြာလာတာနဲ့ အမျှ ခါးတဲ့အရသာ တဖြည်းဖြည်း ပေါ်လာပါလိမ့်မယ်။

Mommy-Makeover-Tummy

Detox Drinks ဟာ ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေ ဖယ်ရှားပေးပြီး ဝမ်းချုပ်တာတွေကိုလည်း သက်သာစေပါတယ်။

ဝမ်းချုပ်တတ်တဲ့သူတွေ ဒီ Detox Drinks ကို သောက်တဲ့အခါမှာ ဝမ်းသွားလို့ အဆင်ပြေကြပါတယ်။