ချိုချဉ်အရသာရှိတဲ့ ကနစိုးသီးကို Burmese-Grape (သို့) မြန်မာစပျစ်သီးလို့လည်းခေါ်ကြပါတယ်။ တစ်ချို့ကတော့ ဇောသီးလို့ခေါ်ကြသလို ဘုံမပါသီးလို့ ခေါ်ဆိုလေ့ရှိပါတယ်။ စပျစ်သီးလိုမျိုး အပြွတ်လိုက် အခိုင်လိုက်သီးတဲ့အသီးဖြစ်ပြီးတော့ အရည်ရွှမ်းတဲ့အသီးဖြစ်ပါတယ်။

ကနစိုးသီးကို အစိမ်းရောင်၊ အဝါရောင်၊ အနီရောင်ဆိုပြီး ၃ ရောင်ရှိပါတယ်။ ငယ်ငယ်က စာရေးသူ ရှမ်းပြည်အရှေ့ပိုင်း တရုတ်နယ်စပ်ဖက်မှာနေခဲ့ပါတယ်။ အဲဒီတုန်းက အိမ်မှာ ဒီအသီးပင်လေးစိုက်ထားတော့ ခူးစားဖြစ်တယ်။ အရမ်းလည်းကြိုက်ပါတယ်။ စာရေးသူတို့ဖက်မှာတော့ ကနစိုးသီးလို့ပဲခေါ်ပါတယ်။ စာဖတ်သူတို့ရဲ့အခေါ်အဝေါ်လေးတွေကိုလည်း ဗဟုတုသအဖြစ် ရေးပေးခဲ့ဦးနော်။

ကနစိုးသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ ကိုဖော်ပြရမယ်ဆိုရင်တော့

ကိုယ်အလေးချိန်ကျစေတယ်

ဗီတာမင် C ကြွယ်ဝတဲ့အသီးအဖြစ်ပြီး အဆီတွေကို ချေဖျက်ပေးနိုင်သလို ကိုယ်အလေးချိန်ကျစေပါတယ်။

ကိုယ်ခံအားစနစ်

ကိုယ်ခံအားစနစ်ကိုမြင့်တင်ပေးနိုင်ပြီး ကိုယ်ခံအားစနစ်ကောင်းမွန်စေလို့ တခြားဗိုင်းရပ်နဲ့ ရောဂါပိုးဝင်ရောက်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

အားရှိစေတယ်

အားရှိစေတဲ့အသီးဖြစ်ပါတယ်။ အသက်ရှုခြင်း၊ လမ်းလျှောက်ခြင်းတွေအတွက်လည်း အားအင်တွေလိုအပ်ပါတယ်။ တစ်နေ့တာလုံးအတွက်လိုအပ်တဲ့ အားအင်တွေကိုပေးစွမ်းနိုင်ပါတယ်။

ကြွက်သားကျန်းမာရေး

ပရိုတင်းဓါတ်ပါဝင်လို့ ကြွက်သားကို ကျန်းမာစေတဲ့အသီးဖြစ်ပါတယ်။

အရိုးကျန်းမာရေး

ကယ်လ်ဆီယမ်ပါဝင်လို့ အရိုးကိုသန်မာစေပါတယ်။

ကိုယ်ဝန်ဆောင်တွေ

သံဓါတ်မြင့်မားစာပါဝင်လို့ ကိုယ်ဝန်ဆောင်တွေအတွက် အထူးကောင်းမါန်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်အတွင်း အိပ်မပျော်တာကို ကာကွယ်ပေးပြီးတော့ ကလေးငယ်ရဲ့ ကိုယ်အလေးချိန်ကိုလည်း အကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။ ကလေးမွေးပြီးရင်လည်း မိခင်နို့ရည်လှိုင်လှိုင်ထွက်စေပါတယ်။

တခြားကျန်းမာရေးအကျိုးကျေးဇူးတွေကတော့

သင့်တင့်မျှတရုံစားပေးမယ်ဆိုရင် ဆီး၊ဝမ်း၊ လေမှန်စေပါတယ်။ ရေငတ်တာ မူးဝေတာကိုသက်သာစေပါတယ်။

ဘေးထွက်ဆိုးကျိုး

ဘေးထွက်ဆိုးကျိုးတချို့ရှိပါတယ်။ အအေးစာဖြစ်တဲ့အတွက် အမှည့်လွန်တဲ့အသီးကို အလွန်အကျွံစားပေးမယ်ဆိုရင် ဝမ်းလျှောတာ၊ အစာအကြေတာ၊ ပန်းနာရင်ကျပ်ဖြစ်စေပါတယ်။ အိပ်ငိုက်မယ်၊ ဇက်လေးမယ်၊ မီးယပ်သွေးချုပ်တာဖြစ်စေပါတယ်။ ချွေးလည်းငုပ်စေပါတယ်။ ဒါ့ကြောင့် များများမစားသင့်ပါဘူး။

ကောင်းကျိုးဆိုးကျိုး ဒွန်တွဲနေလို့ ဆေးဖြစ်ဝါးဖြစ် စားသုံးပေးနိုင်ဖို့ တင်ပြလိုက်ပါတယ်။