ဗီတာမင်နဲ့သတ္တုဓာတ်တွေ ချို့ယွင်းလို့ရှိရင် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေဖြစ်ပွားတတ်ပါတယ်။

ဗီတာမင်နဲ့သတ္တုဓာတ် ချို့ယွင်းနေရင်ဖြစ်ပေါ်တတ်တဲ့ လက္ခဏာများ

ခေါင်းကိုက်ခြင်းနဲ့ကြွက်သား နာကျင်ခြင်း

မဂ္ဂနီဆီယမ် ချို့တဲ့

လူတော်တော်များများက မဂ္ဂနီဆီယမ်ဓာတ် ချို့တဲ့ကြပါတယ်။ မြောက်အမေရိက တိုက်ရှိ လူဦးရေ ရဲ့၇၅ ရာခိုင်နှုန်းက မဂ္ဂနီဆီယမ်ဓာတ် ချို့တဲ့နေကြပါတယ်။

မဂ္ဂနီဆီယမ်ဓာတ်ချို့တဲ့ရင် အာရုံစနစ်တွေ အနှောင့်အယှက်ဖြစ်စေပြီး ခေါင်းကိုက်တာ၊ ကြွက်သားနာကျင်တာတို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာတို့ ဖြစ်စေပါတယ်။

ဒါကြောင့် ကိုက်လန်တို့လို အစိမ်းရောင်အရွက်တွေကို များများစားပေးသင့်ပါတယ်။

ဝက်ခြံ

ဇန့်ဓာတ် ချို့တဲ့

ဝက်ခြံက ခန္ဓာကိုယ်မှာ ဇန့်ဓာတ် ချို့တဲ့ရင် ဖြစ်လာတတ်ပါတယ်။ အဲ့ဒီ သတ္တုဓာတ်က ခန္ဓာကိုယ်မှာ အဆီထုတ်လုပ်ရာမှာ အဓိက ကျပြီး အသားအရေ ကြည်လင်ဖြူဖွေးမှုနဲ့လည်း သက်ဆိုင်ပါတယ်။

အသားအရေ ရောင်ရမ်း တွေနဲ့ အသားအရေ ဆဲလ်တွေကို အားကောင်းစေပါတယ်။

ဝက်ခြံပျောက်အောင်ဆိုရင် နေ့တိုင်း Zinc 30 Milligrams လိုအပ်တာကြောာင့် ဗရုံစေ့ ခွက်တစ်ခွက်ရဲ့ ၄ ပုံ ၁ ပုံကို စားပေးသင့်ပါတယ်။

ဆံပင် ပါးလာခြင်း

သံဓာတ် ချို့တဲ့ခြင်း

သံဓာတ်က အောက်စီဂျင်ကို သယ်ဆောင်ပေးရာမှာ အဓိက ကျတဲ့ ဓာတ်ဖြစ်ပြီး သံဓာတ်ချို့တဲ့ရင် ဆံပင်ကျွတ်လာတတ်ပါတယ်။

ခြေသည်းကျိုးလွယ်ခြင်း၊ ဆံပင်ခြောက်၊ ပြတ်လွယ်ခြင်း

ဆံပင် လှပပြီး ကျန်းမာဖို့ အဓိကကျတဲ့ ဓာတ်က Vitamin B7 ဖြစ်ပါတယ်။ ဗီတာမင်ဓာတ်က အစားအသောက်တော်တော်များများမှာပါဝင်တာကြောင့် ဗီတာမင်ဓာတ် ချို့တဲ့ဖို့ခဲယဉ်းပါတယ်။ ဆံပင်ကျွတ်၊ပြတ်၊ ခြေသည်းကျိုးလွယ်မယ်ဆိုရင် ဗီတာမင်ဓာတ် များတဲ့ အစားအစာတွေ ကို များများစားပေးပါ။