ရေခဲသေတ္တာကို သန့်သန့်ရှင်းရှင်းနဲ့ အစီအစဉ်တကျထားရှိထားခြင်းက ရေခဲသေတ္တာထဲမှာရှိတဲ့ အစားအစာတွေကို ကြာရှည်ခံပြီး အလေအလွှင့်လည်းဖြစ်စေမှာမဟုတ်ပါဘူး။

ရှုပ်ထွေးနေတဲ့ ရေခဲသေတ္တာတွေကို ဖွင့်လိုက်ရင် ဘာစားလို့၊ ဘာစားရမှန်းမသိဘဲ ကိုယ့်အစားအစာတွေက အလွယ်တကူ ဒိတ်လွန်သွားနိုင်ပါတယ်။ ဒါကြောင့် ရေခဲသေတ္တာကို သန့်သန့်ရှင်းရှင်းနဲ့ သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်နိုင်တဲ့ နည်းလမ်းလေးတွေကို ဝေမျှချင်ပါတယ်။

လေးထောင့်ဗူးကြီးကြီးတွေ ရေခဲသေတ္တာထဲထည့်ထားပါ

ပလပ်စတစ် ဗူးကြီးကြီးတွေကို ရေခဲသေတ္တာထဲထည့်ထားပြီး ဗူးတွေပေါ်မှာ (အသား၊ ငါး၊ ပင်လယ်စာ စသဖြင့်) ရေးသားထားပါ။ ဒါဆိုရင် ကိုယ်ရှာချင်တာ အလွယ်တကူ ရှာလို့ရသွားပါပြီ။

ညှပ်တွေကိုသုံးလို့ရ

ဖောက်စားထားတဲ့ အထုပ်တွေမှာ ဆိုရင် လေပြန်လုံအောင် ညှပ်တွေကိုသုံးပြီး ရေခဲသေတ္တာ ဇကာအောက်ခြေမှာ ညှပ်ထားလိုက်ပါ။ ဒါဆိုရင် အထုပ်တွေထဲမှာလည်း လေလုံသွားပြီး ရေခဲသေတ္တာ နေရာလည်း ယူမှာမဟုတ်ပါဘူး။

ဆော့စ်ဗူးတွေကို ကြက်ဥထည့်တဲ့နေရာမှာထားလို့ရ

ရေခဲသေတ္တာဖွင့်လိုက်တာနဲ့ ဆော့စ်ဗူးတွေ ဟိုလိမ့်၊ဒီလိမ့်ဖြစ်နေလို့ စိတ်ရှုပ်နေပါသလား။ ဆော့စ်ဗူးတွေကို ကြက်ဥထည့်တဲ့နေရာမှာ ဇောက်ထိုးထည့်ထားရင် ဟိုလိမ့်၊ဒီလိမ့် မဖြစ်တော့ပါဘူး။

အသီးအရွက်ခြောက်တွေကို ဗူးတွေထဲထည့်သိမ်းထားမယ်

အသီးအရွက်ခြောက်တွေကို သပ်သပ်ရပ်ရပ်နဲ့ ကြာရှည်ခံဖို့ ဗူးလေးထဲမှာ စီစီရီရီလေး ထည့်ထားလို့ရပါတယ်။

သံလိုက်ကို အသုံးပြုခြင်း

ဗူးလေးတွေရဲ့ အောက်ခြေမှာ ဒါမှမဟုတ် အပေါ်မှာ သံလိုက်လေးတွေကို ကပ်ထားပြီး ရေခဲသေတ္တာရဲ့နံရံမှာ ကပ်ထားရင်လည်း ရေခဲသေတ္တာ နေရာတွေ ပိုထွက်လာမှာဖြစ်ပါတယ်။

အရင်ဆုံး စားရမယ့် အစားအစာများကို မြင်သာထင်သာအောင်ထားပါ

 

အစားအသောက်တွေ အလဟဿ မဖြစ်သွားဖို့အတွက် အရင်ဆုံး စားရမယ့် အစားအစာများကို လေးထောင့် ဗူးလေးတစ်ခုထဲထည့်ပြီး “အရင်ဆုံး စားပါ” စာကပ်ထားပါ။

စာလေးတွေကပ်ထားပါ

ရေခဲသေတ္တာရဲ့ အကန့်တိုင်းမှာ ခွဲခွဲခြားခြား နဲ့ ထင်သာမြင်သာရှိအောင် စာလေးတွေ ရေးကပ်ထားပေးပါ။ တတ်နိုင်ရင် ကုန်ဆုံးမယ့်ရက်ကိုပါ တပ်ထားပေးပါ။