လူတော်တော်များများက နေ့တစ်နေ့ကို ကော်ဖီသောက်ပြီး စကြလေ့ရှိပါတယ်။ ကော်ဖီမှာလည်း ကောင်းကျိုးဆိုးကျိုးတွေ အများကြီးရှိပါတယ်။ ဒါကြောင့် ကျန်းမာရေး သတင်းဝက်ခ်ဆိုဒ်တစ်မျိုးဖြစ်တဲ့ Brightside ကော်ဖီကို ၁ လဖြတ်လိုက်တဲ့အခါမှာ ပြောင်းလဲသွားတဲ့ ခန္ဓာကိုယ်ပုံစံကို စမ်းသပ်ခဲ့ပါတယ်။

ပထမဆုံးနေ့

ပထမပတ်

ပထမ နေ့က ကျွန်မအတွက် အခက်အခဲဆုံးပါဘဲ။ ကျွန်မရဲ့အလုပ်မှာ အာရုံစူးစိုက်လို့မရဘဲ အိပ်ချင်နေပါတယ်။ ပထမ အပတ်တစ်ခုလုံး အသီးဖျော်ရည်တွေ၊ အသီးတွေ၊ အခွံမာအသီးတွေ၊ green tea တွေသောက်ပြီး ကော်ဖီဖြတ်ခဲ့ပါတယ်။ သူတို့က တကယ့်ကို ကော်ဖီဖြတ်နိုင်ဖို့ အကူအညီပေးပါတယ်။

ဒုတိယအပတ်

ပထမအပတ်လောက် ကော်ဖီကို ပြင်းပြင်းပျပျ သောက်ချင်တဲ့စိတ် မရှိတော့ပါဘူး။ တော်တော်ကို ပြတ်သွားပြီလို့ ဆိုရမှာပါဘဲ။ ကော်ဖီဖြတ်တဲ့သူတွေ သောက်တဲ့ Chicory ကော်ဖီကတော့ ကျွန်မအတွက် အကျိုးမထူးပါဘူး။ ကိုယ့်စိတ်ကို ကိုယ်နိုင်ဖို့ဘဲ လိုပါတယ်။

တတိယအပတ်

တတိယအပတ်မှာ အရင်ကထက် ပိုပြီး မြန်မြန်ဆန်ဆန် အိပ်ပျော်သွားပါတယ်။ အရင်ကဆိုရင် တစ်နာရီလောက် အိပ်ရာပေါ်မှာ ဟိုလိမ့်ဒီလိမ့်လုပ်ပြီးမှ အိပ်ပျော်ပါတယ်။ အခုတော့ ခေါင်းအုံးပေါ်ခေါင်းချတာနဲ့ တချိုးတည်း မနက် မိုးလင်းအထိ အိပ်ပျော်ပါတယ်။

စတုတ္ထ အပတ်

အိပ်ရာကနေ လွယ်လွယ်ကူကူ ထနိုင်လာတယ်။ အရင်ကဆို မနက် ၆ နာရီလောက် အိပ်ရာထဖို့အတွက် နာရီ နိုးစက်တွေ ခဏခဏပေးပြီး လုပ်ရပါတယ်။ အခုတော့ လွယ်လွယ်ကူကူနဲ့ ထနိုင်လာပါတယ်။

ကော်ဖီ မသောက်ဘဲ ၁ လကြာတဲ့အခါမှာ

အိပ်ရတာ ပိုကောင်းလာ

တစ်နေ့ကို ၆ နာရီလောက် အိပ်ရုံနဲ့ အိပ်ရေး၀၀နဲ့ ကြည်ကြည်လင်လင်ဖြစ်လာပါတယ်။ ဒါက ကော်ဖီကို လုံးဝဖြတ်ဖို့အတွက် အကောင်းဆုံး အကြောင်းပြချက်ပါဘဲ။

အားအင်ပိုရှိလာ

အရင်ကထက်ပိုပြီး မောပန်းတာတွေခံနိုင်လာပြီး အားတွေပိုရှိလာပါတယ်။

ပိုပြီး ကြည့်ကောင်းလာ

အိပ်ရေး ၀၀လင်လင် အိပ်နိုင်တာကြောင့် မျက်နှာက လန်းဆန်းပြီး မျက်လုံးအောက်က အရေးအကြောင်းတွေ ပျောက်လာပါတယ်။

ကော်ဖီ မစွဲတော့ပါ

၁ လကြာပြီးနောက် နေရာ ၂ နေရာမှာ ကော်ဖီသောက်ခဲ့ပါတယ်။ အရင်ကလို ကော်ဖီ အရမ်းကောင်းတယ်၊ အရမ်းကြိုက်တာဘဲဆိုတဲ့ ခံစားချက်မျိုးမရှိတော့ပါဘူး။