ရင်သားကင်ဆာရောဂါက ရင်သားအတွင်း Mammary ဆဲလ်တွေ ပုံစံပြောင်းပြီး လွန်ကဲစွာ ကြီးထွားလာခြင်းဖြစ်ပါတယ်။
ဒီလိုကြီးထွားလာရင်း အကြိတ်ဖြစ်လာပါတယ်။ အဲ့နောက် အဲ့ဒီဆဲလ်တွေက တခြား ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာပါ ကြီးထွားလာပြီး အမြစ်တွယ်လာနိုင်ပါတယ်။
ရင်သား ကင်ဆာအမျိုးအစားများ
Ductual Carcinoma
Ductual Carcinoma ပုံစံက အဖြစ်အများဆုံး ရင်သားကင်ဆာဖြစ်ပါတယ်။ ဆဲလ်တွေကနေပြီး ရင်သားအထဲက နို့ပြွန်တွေထဲကနေ ပြန့်နှံ့လာပါတယ်။ ဒါကို Ductal Carinoma in situ (DCIS) လို့ခေါ်ပါတယ်။ အကယ်၍ ကင်ဆာက နို့ပြွန်အပြင်ဘက်ကနေ ပြန့်နှံ့လာရင် Invasive Ductal Carcinoma လို့ ခေါ်ပါတယ်။
Lobular Carcinoma
Lobular Carcinoma က နို့ရည်ထုတ်လုပ်တဲ့ ဂလန်းအတွင်းမှာရှိတဲ့ Mammary Lobules ထဲမှာ ဖြစ်ပေါ်တဲ့ ကင်ဆာတစ်မျိုးပါ။
ရင်သားကင်ဆာဖြစ်ပွားရတဲ့ အကြောင်းအရင်း
ဒီနေ့ခေတ်မှာဆိုရင် ရင်သားကင်ဆာဖြစ်ပွားတဲ့ ပမာဏက မြင့်တက်နေပါပြီ။ မျိုးရိုးလိုက်တာနဲ့ နေထိုင်စားသောက်မှုပုံစံတွေ ပြောင်းလဲလာတာကြောင့် ဖြစ်ပါတယ်။
အဲ့ဒီအပြင် အဝလွန်ခြင်း၊ အရက်စွဲခြင်း၊ ဟော်မှုန်း ပြောင်းလဲထားတဲ့ ကုသနည်းသုံးထားခြင်း နဲ့ ဓာတ်ရောင်ခြည်နဲ့ထိတွေ့မှုများခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။
လက္ခဏာများ
အများအားဖြင့် ရင်သားကင်ဆာက အစောပိုင်းအဆင့်တွေမှာ လက္ခဏာပြတာနည်းတတ်ပါတယ်။
ဒါ့ကြောင့် အမြဲလိုလိုအိမ်မှာ ရင်သားမှာ အကြိတ်ရှိမရှိကို ကိုယ်တိုင် လက်နဲ့ စမ်းသပ်ကြည့်ဖို့လိုအပ်ပါတယ်။
- ရင်သား တစ်ခုလုံး သို့ နို့သီးထိပ်ခေါင်းရဲ့ ပုံစံ ပြောင်းလဲလာခြင်း
- ရင်သားမှာ အလုံးသို့မဟုတ် အကြိတ်ပုံစံ ပေါ်လာခြင်း (အများအားဖြင့် မနာကျင်တတ်ပါဘူး။)
- နို့သီးခေါင်းကနေ အနံ့နံတဲ့ အရည်တွေ ထွက်လာခြင်း (သွေးလိုလို၊ အဝါလိုလို၊ အစိမ်းလိုလို အရည်များ)
အမျိုးသားတွေလည်း ရင်သားကင်ဆာဖြစ်နိုင်
အမျိုးသားတွေမှာလည်း ရင်သားကင်ဆာဖြစ်နိုင်ခြင်း အစောပိုင်း အဆင့်မှာ ရင်သားတွေ နာကျင်မှု အနည်းငယ်ကို ခံစားရနိုင်ပါတယ်။
ကင်ဆာအဆင့်မြင့်သွားရင်တော့
- အရိုးတွေ နာကျင်ကိုက်ခဲ
- ရင်သား နာကျင်
- ပင်ပန်းနွမ်းနယ်
- ကိုယ်အလေးချိန်သိသိသာသာ လျော့ကျ
- ချိုင်းအောက်မှာ Lymph nodes တွေယောင်လာတာ တို့ဖြစ်တတ်ပါတယ်။