နေ့တစ်နေ့ရဲ့ ပထမဆုံး အစားအစာဟာ လူတိုင်းအတွက် အလွန်အရေးကြီးလှပါတယ်။ မနက်စာကို ပုံမှန်စားပေးတဲ့ လူတစ်ယောက်ဟာ ဦးနှောက်ဖွံ့ဖြိုးမှု အားကောင်းစေပြီး နှလုံး ကျန်းမာရေးကိုလည်း ထောက်ပံ့ပေးနိုင်ပါတယ်။ မနက်စာကို ပုံမှန် မစားတဲ့ လူတွေဟာ နှလုံးရောဂါ ဖြစ်ပွားဖို့ ၂၇% ရှိတယ်လို့ ဟားဗတ်တက္ကသိုလ် ကျန်းမာရေး ဌာနက ပြောထားပါတယ်။ မနက်စာစားခြင်းဟာ အာရုံစူးစိုက်မှုကို ပိုမိုရရှိစေနိုင်ကြောင်း အာဟာရပညာရှင်တွေဟာ ထောက်ပြပြောဆို ထားကြပါတယ်။ ကိုယ်အလေးချိန် လျှော့ချချင်သူတွေ ဆိုရင်လည်း မနက်စာကို အာဟာရပြည့်အောင် စားပေးခြင်းဟာ အခြားအစားအစာတွေကို စားချင်စိတ် လျှော့နည်းစေပြီး Weight Loss Program ကို အများကြီး အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

မနက်စာ ပုံမှန်စားသူတွေဟာ ဦးနှောက်ထဲမှာ ရှိတဲ့ Serotonin ဓါတ်ကို တိုးမြင့်စေတာကြောင့် စိတ်ခံစားမှုတွေ ကောင်းမွန်နေစေပါတယ်။ အလွယ်တကူ စိတ်ဆိုး ဒေါသထွက်လွယ်သူ အများစုဟာ မနက်စာ သေချာ မစားသူတွေ ဖြစ်ကြောင်း လေ့လာတွေ့ရှိမှု တစ်ခု ဆိုပါတယ်။ အိပ်နေတဲ့အချိန်မှာ ဇီဝဖြစ်စဉ်က နှေးကွေးနေတတ်ပါတယ်။ တစ်နေ့တာလုံးအတွက် ဇီဝဖြစ်စဉ်တွေ မြင့်တက်လာဖို့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ မနက်စာနဲ့ အစပြုဖို့လိုအပ်ကြောင်း ပညာရှင်တွေက ပြောဆိုကြပါတယ်။ မနက်စာ စားပေးတာဟာ LDL လို့ခေါ်တဲ့ မကောင်းတဲ့ ကိုလက်စထရောတွေ ကိုလည်း လျှော့ချ ပေးပါတယ်။

ဒါပေမဲ့ ၂၁ရာစုခေတ်မှာ လူတိုင်း ကိုယ်စီဟာ မနက်မိုးလင်းတာနဲ့ သက်ဆိုင်ရာ လုပ်ငန်းခွင်အတွက် ရုန်းကန် လှုပ်ရှားနေကြရပါပြီ။ ဟိုးအရင်ခေတ်တွေကလို မနက်စာကို ဝိုင်းဖွဲ့စား သောက်ဖို့ အချိန်ဟာ မရှိသလောက်ကို ရှားသွားပြီ ပြောရပါမယ်။ အလုပ်သွားခါနီး လျင်လျင်မြန်မြန် ရနိုင်မယ့် အစားအစာတွေကို ဘာမှ မစဉ်းစားဘဲနဲ့ ပစ်သွင်း စားသောက်လိုက်ရတဲ့ နံနက်ခင်းတွေဟာလည်း မရေမတွက်နိုင်အောင်ပါပဲ။ အချို့ကျတော့လည်း စားဖို့ အတွက် အချိန် မပေးလိုက်နိုင်ဘဲ နေ့လည်စာနဲ့ ပေါင်းစား လိုက်ရတယ်ဆိုတာမျိုးတွေ ရှိလာတတ်ကြပါတယ်။

မနက်စာ စားပေးခြင်းဟာ တစ်နေ့တာ အတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ပေးစွမ်းနိုင်တယ်ဆိုတာ သတိထားမိလာတဲ့ အခါမှာတော့ ပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွှတ်စေမယ့် မနက်စာကို ရှာဖွေရပါတော့မယ်။

မနက်စာ အတွက် ဘယ်လို အစားအစာတွေကို စာဖတ်သူတို့ စားသုံးဖြစ်ပါသလဲ။ မနက်စာ စားတဲ့အခါ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ကြွယ်ဝတဲ့ အစားအစာတွေကို ရွေးချယ် စားသုံးပေးသင့်ပါတယ်။ တစ်နေ့တာလုံး အလုပ်လုပ်ဖို့ အတွက် နေ့သစ်ကို စတင်နိုင်ဖို့ အစားအစာတွေကို ရွေးချယ်စားသုံးရာမှာ အထူး ဂရုစိုက်ဖို့ လိုပါတယ်။

သိပ် အဝေးကြီး ရှာဖွေစရာတော့ မလိုတော့ပါဘူး။ သင်နဲ့ သင့်မိသားစုရဲ့ မနက်ခင်းတွေမှာ ပြည့်စုံစေဖို့ အတွက် Bear Brand Ceral ဟာ သင်နဲ့ အနီးဆုံးမှာ ရှိနေပါတယ်။ လွယ်လွယ်ကူကူနဲ့ ရနိုင်ပြီး အချိန်လည်း သိပ်ပေးစရာမလို၊ လိုအပ်တဲ့ အာဟာရတွေနဲ့လည်း ပြည့်ဝစေမယ့် အရာဆိုလည်း အသေချာပါပဲ။ အခြား Ceral (စီရီရယ်)တွေမှာ မပါဝင်တဲ့ နို့ ပါဝင်ပြီး သာမန်စီရီရယ် မဟုတ်ဘဲ နှံစားသီးနှံ စီရီရယ်ဖြစ်ပြီး အကောင်းတကာ့ အကောင်းဆုံး စီရီရယ် နှင့် သီးနှံများဖြင့် ပြုလုပ် ထားပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်စေမယ့် ဗီတာမင်စီ၊ ဒီ နှင့် ကယ်စီယဓာတ် ကြွယ်ဝစွာပါဝင်ပြီး ဈေးနှုန်းကလည်း သက်သာတယ်နော်။ တစ်ထုပ်မှာ ၁၅၀ရယ်ပါ။

ကဲ ဘာတွေ စဉ်းစားနေဦးမှာလဲ။ သင်ရဲ့ မနက်ခင်းတွေကို Bear Brand Ceral နဲ့ စတင်လိုက်ကြရအောင်။