ရေကို ဆူအောင်ကျိုချက်ပြီး သောက်တာက ပိုးမွှားရောဂါကင်းစင်စေတယ်လို့ လူတိုင်းသိထားကြပါတယ်။ ဒါပေမယ့် တစ်ကြိမ်ထက်ပိုပြီးဆူအောင် တည်တာကတော့ ကောင်းခြင်းရဲ့ ဆန့်ကျင့်ဘက်ဖြစ်သွားနိုင်ပါတယ်။

လက်ဖက်ရည်သောက်ဖို့ ရေနွေးတည်ထားပြီး ပိုတဲ့ရေကို နောက်တစ်ကြိမ်ထပ်ဆူအောင်တည်သောက်ဖူးကြပါတယ်။ နှစ်ဆင့်ဆူအောင်တည်ထားတဲ့ ရေနွေးနဲ့ လက်ဖက်ရည်ဖျော်သောက်ရင် ဘာအာဟာရအကျိုးကျေးဇူးမှ မရလာနိုင်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ တစ်ကြိမ်ထက် ဆူအောင် တည်ထားခြင်းဖြင့် ရေထဲပါတဲ့ အောက်ဆီဂျင်နဲ့ နိုက်ထရိုဂျင်ကိုလုံးဝဖယ်ရှားပေးလိုက်တာကြောင့် အရသာမရှိတော့တဲ့ လက်ဖက်ရည်တစ်ခွက်သာ သောက်ရလိမ့်ပါမယ်။

အဲ့ဒီ့အပြင် ရေကိုတစ်ကြိမ်ထက်ပိုပြီး ကျိုချက်သောက်တာကလည်း ကျန်းမာရေးကို ထိခိုက်လာစေပါတယ်။ ရေထဲမှာပါဝင်တဲ့ နိုက်ထရိတ်၊ အာဆန်နစ် နဲ့ ဖလူရွိုက်ဒြပ်ပေါင်းတွေက ဆူအောင်တည်လိုက်တဲ့အခါ ပြင်းအားများလာပါတယ်။ ထပ်ခါထပ်ခါဆူအောင်တည်လိုက်ခြင်းက အဲ့ဒီ့ဒြပ်ပေါင်းတွေကို ပြင်းအားများသထက်များလာစေပြီး ခန္ဓာကိုယ်အတွက်မလိုအပ်တဲ့အဆိပ်အတောက်ဖြစ်လာနိုင်စေပါတယ်။

နိုက်ထရိတ်ကနေ Nitrosamines အဖြစ်သို့ပြောင်းလဲပြီး ကင်ဆာဖြစ်စေနိုင်ပါတယ်။ သွေးကင်ဆာနဲ့ တခြားသောကင်ဆာတွေရဲ့တရားခံဖြစ်ပါတယ်။

အာဆန်နစ်တွေစုလာတဲ့အခါမှာလည်း ကင်ဆာ၊ နှလုံးရောဂါ၊ သန္ဓေမအောင်ခြင်း နဲ့ အခြားသောအာရုံကြောဆိုင်ရာပြသနာတွေဖြစ်လာစေပါတယ်။

ဖလူရွိုက်ပြင်းအားများလေ ကလေးငယ်တွေရဲ့ ဦးနှောက်နဲ့ အာရုံကြောဖွံ့ဖြိုးမှုကို ပျက်ဆီးစေလေဖြစ်ပါတယ်။

ဒီ့အပြင် ရေထဲပါဝင်တဲ့ သဘာဝအငွေ့နဲ့ သတ္တုဓာတ်တွေဟာ ကြာရှည်ကျိုချက်လိုက်တဲ့အခါ ဓာတ်ပြုပြီး ကျန်းမာရေးကောင်းကျိုးမပေးတော့ပဲ ဆီးကျောက်တည်ခြင်း၊ ဆီးကြိတ်တည်ခြင်းတို့ပါဖြစ်လာစေပါတယ်။

ဒါကြောင့်ပိုးမွှားသန့်စင်အောင် ရေကျိုချက်တဲ့အခါဖြစ်ဖြစ် လက်ဖက်ရည်ပူပူလေးသောက်ချင်လို့ ရေနွေးတည်တဲ့အခါဖြစ်ဖြစ် ကျန်းမာရေးအကျိုးကို ရှေးရှုပြီး သတိပြုဆင်ခြင်စေလိုပါတယ်။ အားလုံးရောဂါဘယ ကင်းဝေးကြပါစေ။

xhttps://www.youtube.com/watch?v=mjO9-W7n1mU&pp=ygUQbXloZWFsdGggbXlhbm1hcg%3D%3D