လူတိုင်းမှာတော့ ခန္ဓာကိုယ်အနံ့ဆိုတာ ရှိတတ်ကြပါတယ်။ စားသောက်နေထိုင်မှု ပုံစံအမျိုးမျိုးကြောင့်လည်း အနံ့သက်တွေဖြစ်လာနိုင်သလို ခန္ဓာကိုယ်တွင်းမှာ ဖြစ်လာတဲ့ ပြောင်းလဲမှုတစ်ချို့တွေကြောင့်လဲ ခန္ဓာကိုယ်အနံ့ဆိုးတွေဆိုတာ ဖြစ်လာနိုင်တာပဲလေ။ ပုံမှန်နဲ့မတူတော့ပဲ ပိုဆိုးလာတဲ့ အခြေအနေမျိုးဆိုရင်တော့ သတိထားပြီးပြင်ဆင်ရမယ့်အရာမျိုးတွေကို လုပ်သင့်ပါပြီနော်။

ဆီးသွားတဲ့အခါမှာ အရမ်းနံလွန်းတာ

ပုံမှန်တိုင်း ဆီးသွားနေတဲ့အချိန်မှာတော့ လူတိုင်းအနံ့ရတတ်ပေမယ့် ခန္ဓာကိုယ်တွင်းမှာ တစ်ခုခုပြောင်းလဲလာတဲ့အခါမှာတော့ ပုံမှန်ထက်ကိုပိုပြီးတော့ အနံ့ကပြင်းလာတတ်ပါတယ်။ ကျောက်ကပ်မှာ တစ်ခုခု ချို့ယွင်းနေတာကြောင့်လည်းဖြစ်တတ်သလို ခန္ဓာကိုယ်မှာ ရေဓာတ်လျော့နည်းနေတာ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် နေ့တိုင်း ရေများများသောက်ပေးတာမျိုးကို လုပ်သင့်တယ်လို့ထင်ပါတယ်။

ချွေးနံ့ထွက်လွန်းခြင်း

ချွေးနံ့ကတော့ လူတိုင်းအနံ့ထွက်တတ်ကြပါတယ်။ လေ့ကျင့်ခန်းတွေအပြင်းအထန်လုပ်ပြီးသွားတဲ့အခါမှာ ချွေးထွက်များလွန်းလာတာတွေကြောင့် အနံ့ထွက်တာမျိုးတင်မကပဲ ချိုင်းအောက်ကနေပြင်းလွန်းတဲ့ အနံ့တွေထွက်တာမျိုးကလည်း ကောင်းတဲ့အချက်တော့မဟုတ်တော့ပါဘူးနော်။ အစာချေစနစ်မှာ ချို့ယွင်းချက်လေးတွေရှိနေတာကြောင့်လည်း ဒီလိုဖြစ်နိုင်ပါတယ်။

မနက်ပိုင်းခံတွင်းနံ့ဆိုးခြင်း

မနက်ပိုင်းမှာတော့ ဘယ်သူမှခံတွင်းနံ့ကောင်းမနေကြပါဘူး။ ဒါပေမယ့် သင်ကတော့ ပိုဆိုးတဲ့ခံတွင်းနံ့မျိုးရနေပြီလို့ ခံစားနေရပြီဆိုရင်တော့ ခံတွင်းသန့်ရှင်းရေးကို ပုံမှန်လုပ်ဖို့လိုနေပါပြီ။ ညဘက်မှာသွားမတိုက်ခဲ့မိတာကြောင့် စားကြွင်းစားကျန်တွေ ခံတွင်းထဲမှာ ကျန်နေခဲ့သေးတာတွေ ကြောင့် ဒီလိုမျိုးအခြေအနေနဲ့ ကြုံတွေ့ရတာပဲဖြစ်ပါတယ်။

ချွေးထွက်လိုက်တာနဲ့ အနံ့ဆိုးရခြင်း

ချွေးနံ့ကတော့ နံတယ်ဆိုပေမယ့် အရမ်းကိုပြင်းလွန်းတဲ့ အနံ့မျိုးတွေကိုရနေပြီဆိုရင်တော့ စားသုံးနေတဲ့အချိုဓာတ်တွေကို လျော့ချပစ်ဖို့ လိုအပ်လာပါပြီ။ ဒီလိုအခြေအနေမျိုးက ဆီးချိုသွေးချိုရောဂါတွေကို ဖြစ်လာစေနိုင်မယ့်အခြေအနေမျိုးတွေပါပဲ။

မိန်းမကိုယ်အနံ့နံခြင်း

အမျိုးသမီးတို့ရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကလည်း အရမ်းကိုအရေးကြီးပါတယ်။ မိန်းမကိုယ်ကိုနေ့တိုင်းပုံမှန် သန့်ရှင်းရေးမလုပ်ပေးနိုင်တဲ့အခါမှာ ဘက်တီးရီးယားတွေကြောင့် ဆိုးရွားတဲ့အနံ့သက်တွေဖြစ်လာနိုင်ပါတယ်။

ဒီလိုအရာတွေကို သတိထားပြီးဆင်ခြင်လိုက်မယ်ဆိုရင် ခန္ဓာကိုယ်အတွက်အနံ့ဆိုးဖြစ်တာတွေကို စိတ်ပူနေစရာမလိုတော့ပဲ လူကြားထဲသွားတဲ့အခါ မျိုးတွေမှာလည်း သိမ်ငယ်တာမျိုးတွေမရှိနိုင်တော့ဘူးပေါ့။

Photo Source: Pinterest