မင်္ဂလာပါ။ တစ်ယောက်နဲ့တစ်ယောက် ပြောဆိုဆက်ဆံဖို့အတွက် စကားလုံးတွေလိုအပ်တယ်ဆိုပေမယ့် ကိုယ့်ရဲ့ကျန်းမာရေးအတွက် ပြောပြပေးမှာ ကတော့ တခြားလူတွေမဟုတ်ဘဲ ကိုယ့်ရဲ့ခန္ဓာကိုယ်ပါပဲ။

ဒီလိုပြောပြနေတဲ့ လက္ခဏာတွေကို စကားတစ်ခုအနေနဲ့မှတ်ယူကာ ကိုယ့်ကိုဘာပြောချင်နေတာလဲဆိုတာ သေချာနားထောင်တတ်ဖို့လိုအပ်ပါတယ်။ အခုလိုပြောလိုက်လို့ ရှုပ်မသွားလိုက်ပါနဲ့။ ခန္ဓာကိုယ်မှာတဖြည်းဖြည်းပေါ်လာတဲ့ လက္ခဏာတွေက ကိုယ့်ရဲ့ကျန်းမာရေးကို ဘယ်လိုမျိုး ညွှန်ပြပေးနေလဲဆိုတာ သေချာသတိထားလေ့လာကြည့်လိုက်ပါ။

၁။ ခြေထောက်တွေပန်းရောင်သမ်းလာခြင်း

ခြေထောက်လိမ်းလိုးရှင်းတွေထုတ်လုပ်သူတွေကတော့ သူတို့ရဲ့ပစ္စည်းတွေအသုံးပြုပါက ကလေးလေးတွေလို ခြေထောက်လှလှလေးတွေ ပိုင်ဆိုင်စေမှာပါ ဆိုပြီး ကြော်ငြာတတ်ကြလေ့ရှိပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ခြေထောက်ကိုကြည့်လိုက်လို့ အသားအရေက ပါးလွှာနေပြီး တွန့်ရှုံ့နေတယ်ဆိုရင်တော့ သွေးချိုပမာဏကို စစ်ဆေးရန်အတွက် သွေးစစ်ကြည့်လိုက်ပါ။ ဒီလိုလက္ခဏာမျိုးက ဆီးချိုကိုညွှန်ပြနေတာဖြစ်နိုင်တဲ့အတွက်ကြောင့်ပါ။

၂။ မျက်ခုံးမွှေးပါးလွှာလာခြင်း

မှန်ထဲကြည့်လိုက်ချိန်မှာ ကိုယ့်ရဲ့မျက်ခုံးမွှေးက နဂိုထက်ပါးလာတယ်လို့ သတိထားမိပါက ဆရာဝန်နဲ့ပြသပြီးတော့ သိုင်းရွိုက်ကို စစ်ဆေးကြည့်ပါ။ လည်ပင်းကြီးရောဂါရဲ့ လက္ခဏာတွေထဲက တစ်ခုဖြစ်နိုင်ပါတယ်။

၃။ ခြေချောင်းတွေဖောရောင်လာခြင်း

အသားအရေကလည်း ကြည်လင်နေပြီး ယားယံခြင်းမျိုးမရှိပေမယ့်လည်း ခြေချောင်းလေးတွေက ကြက်အူချောင်းတွေလို ဖောင်းတုတ်နေပြီဆိုရင်တော့ ဆရာဝန်ပြသပါ။ နာတာရှည်အဆစ်ရောင်ရောဂါရဲ့ လက္ခဏာဖြစ်နိုင်တဲ့အတွက်ကြောင့်ပါ။

၄။ အစားစားချင်စိတ်မရှိခြင်း

အစားမစားချင်စိတ်ဖြစ်နေတာကို ငါပိန်တော့မှာပဲဆိုပြီး ကျိတ်ဝမ်းသာမနေလိုက်ပါနဲ့။ ရုတ်တရက်ကြီး အစားစားချင်စိတ်မရှိတော့ဘဲ ကိုယ်အလေးချိန်ကျလာတာကို သတိထားမိပြီဆိုပါက ဒီလက္ခဏာဟာ Metabolic Disorder ဖြစ်နိုင်ပါတယ်။

၅။ အသားအရေယားယံခြင်း

အသားအရေတွေ ယားယံလာပြီဆိုရင်တော့ ဆီးချိုလက္ခဏာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဆရာဝန်မပြသေးခင်မှာ ယားနေတဲ့နေရာတွေကို တချက်စစ်ဆေးပါ။ ပိုးမွှား၊ အကောင်တစ်ခုခုကိုက်လိုက်တာကြောင့် သို့မဟုတ် အလက်ဂျစ်မတည့်တာမျိုးတွေကြောင့်လည်း ဖြစ်နိုင်သေးပါတယ်။

၆။ အအေးဒဏ်မခံနိုင်ခြင်း

ပူအိုက်တဲ့ နွေရာသီမှာတောင်မှ အေးတယ်လို့ခံစားနေရပြီဆိုပါက သိုင်းရွိုက်ကို တစ်ချက်လောက်စစ်ဆေးကြည့်လိုက်ပါ။ သင့်ခန္ဓာကိုယ်က အိုင်အိုဒင်းချို့တဲ့မှုကြောင့်ဖြစ်နိုင်ပြီး ထိုမှတဆင့် လည်ပင်းကြီးရောဂါကြုံလာရနိုင်ပါတယ်။

Source: BrightSide

Featured Image Source: hagerstownderm.com