အသက်အရွယ်ကြီးလာတာနှင့်အမျှ မျက်လုံးထောင့်လေးများမှာ အရေးအကြောင်းတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ အခုနောက်ပိုင်း အရွယ်တင် နုပျိုအောင် ခေတ်မီ ဆေးပညာများကို အသုံးပြုလာကြပေမယ့် သဘာဝနည်းလမ်းများနှင့်လည်း အရေးအကြောင်းတွေကို ပျောက်အောင် လုပ်ဆောင်လို့ရပါတယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးက မျက်နှာပေါ်က အရေးကြောင်းများဖြစ်ပေါ်မှုကို ရပ်တန့်စေပါတယ်။ ခရမ်းချဉ်သီးမှာ Lycopene ဆိုတဲ့ ဓာတ်တွေကြွယ်ဝစွာပါဝင်ပြီး အဲ့ဒီဓာတ်က နေလောင်ခြင်းကြောင့် ဖြစ်ပေါ်တဲ့ အသက်အရွယ်ကြီးမြင့်စေတဲ့ သက်ရောက်မှုများကို လျော့နည်းစေပါတယ်။ အဲဒီအပြင် မျက်နှာ အသားအရည်ချောမွတ်အောင် ပြုလုပ်နိုင်တဲ့ ဗီတာမင် စီလည်း ကြွယ်ဝစွာပါဝင်နေပါတယ်။ အသားအရေကို သဘာဝတိုင်း လှပ စိုပြေစေဖို့ ပံ့ပိုးပေးတဲ့ ဗီတာမင် အေ ဓာတ်လည်း ပါဝင်ပါတယ်။

Lycopene ဓာတ်က ဟင်းချက်ပြုထားသည့် ခရမ်းချဉ်သီးမှာ ပိုများပြားစွာပါဝင်တာကြောင့် ခရမ်းချဉ်သီးဆော့ နှင့် ပီဇာတို့မှာ ဆို အမြောက်အမြား ပါဝင်ပါတယ်။ အဲ့ဒါကြောင့် တစ်နေ့တာရဲ့ မနက်ကို ခရမ်းချဉ်သီး ပါတဲ့ အစားအစာမျိုးနဲ့ စတင်သင့်ပါတယ်။

ကြက်ဥ

နောက်ထပ် အသားအရေအတွက် အရေးပါတဲ့ အစားအစာတစ်ခုကတော့ ကြက်ဥဖြစ်ပါတယ်။ ခရမ်းချဉ်သီးလိုပဲ ကြက်ဥမှာလည်း အသားအရေအတွက် ကောင်းမွန်တဲ့ ဗီတာမင်အေ ပါဝင်ပါတယ်။ အဲ့ဒီအပြင်သူ့မှာ ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ အဆီဓာတ်များပါဝင်တာကြောင့် အသားအရေကို စိုပြေအောင် လုပ်ဆောင်ပြီး အရေးအကြောင်းကို ကာကွယ်ပေးပါတယ်။

ကြက်ဥမှာ သံဓာတ်၊ ကော့ပါး၊ ဇန့် နှှု့် တခြား သတ္တုဓာတ်များပါဝင်ပြီး ဒါတွေကလည်း အသားအရေကို စိုပြေအောင် နှင့် ကြည့်ကောင်းအောင် လုပ်ဆောင်ပေးကြပါတယ်။ Hefty Proteins ဓာတ်ကို အမိုင်နိုအက်ဆစ်နှင့် ပေါင်းပြီးပါဝင်တကြောင့် အသားအရေကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။

ရေနွေးကြမ်း

အသားအရေ ကျန်းမာရေးအတွက် ရေသောက်ဖို့လိုသလို ရေနွေးကြမ်းကို သောက်ဖြစ်ရင်လည်း ပိုကောင်းပါတယ်။ မြန်မာတွေ တော်တော်များများကတော့ ရေနွေးကြမ်းသောက်တဲ့ အလေ့အထ ရှိကြပါတယ်။

ရေနွေးကြမ်းမှာ Green Tea ထက် Antioxidants ဓာတ်များ ပိုမိုပါဝင်တာကြောင့် နုပျိုအောင် လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။ Antioxdiants က လေထုညစ်ညမ်းမှုနှင့် တခြားအကြောင်းအရာများကြောင့် ဖြစ်ပေါ်လာတဲ့ ဆဲလ်အသေများကို ဖယ်ရှားပေးပြီး ဆဲလ်အသစ်များကို ထွက်ရှိလာအောင် လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် အရေးအကြောင်းများကိုသက်သာစေပါတယ်။

ရေမုန်ညင်း

အရေးအကြောင်းများကို တိုက်ဖျက်ဖို့ နောက်ထပ်ကောင်းမွန်တဲ့ ဟင်းသီးဟင်းရွက်ကတော့ ရေမုန်ညင်း ဘဲဖြစ်ပါတယ်။ သူ့မှာတော့ အရေပြားကို ကျန်းမာ ဖွံ့ဖြိုးစေမယ့် ဗီတာမင်အေ မပါဝင်ပေမယ့် သူ့မှာ ပိုက်တက်ဆီယမ် နှင့် သွေးလည်ပတ်မှုကို အားကောင်းစေမယ့် သတ္တုဓာတ်များပါဝင်ပါတယ်။ ရုပ်ရင့်မှုကို တိုက်ဖျက်ပေးသည့် Omega-3 Fatty အက်ဆစ်နှင့် အသားအရေကို တင်းရင်းစေမယ့် Chronic Inflammation တို့ ပါဝင်ပါတယ်။