ဗီတာမင် E ဆိုတာကတော့ ပျော်ဝင်နိုင်တဲ့ အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင် အုပ်စု  မှာ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်တဲ့လုပ်ဆောင်မှုကို အားပေးတဲ့ ဓာတ်တစ်မျိုးပါ။

လေ့လာတွေ့ရှိမှုတစ်ချို့က ဗီတာမင် E ဟာ ကျောင်းနေအရွယ် ကလေးတွေရဲ့ IQ ကို ပိုပြီးမြင့်မားစေတယ်လို့ သက်သေပြနိုင်ခဲ့ပါတယ်။

ဗီတာမင် E ဘယ်နှစ်မျိုးရှိလဲ

ဗီတာမင် E မှာ သဘာ၀ ဗီတာမင် E (Natural Vitamin E) နဲ့ ပြုပြင်ထားတဲ့ ဗီတာမင် E (Synthetic Vitamin E) ဆိုပြီး နှစ်မျိုးရှိပြီး သဘာဝဗီတာမင် E ကပိုကောင်းပါတယ်။

သဘာ၀ ဗီတာမင် E (Natural Vitamin E) နဲ့ ပြုပြင်ထားတဲ့ ဗီတာမင် E (Synthetic Vitamin) ဘာကွာလဲ

ဒီဗီတာမင် E ဓာတ်နှစ်မျိုးမှာ မော်လီကျူ့လေးတွေ ဖွဲ့စည်းတည်ဆောက်ပုံအရ အနည်းငယ်ကွာခြားပါတယ်။

သဘာ၀ ဗီတာမင် E မှာ ပါဝင်တဲ့ tocotrienols လို့ခေါ်တဲ့ ဓာတု  ဒြပ်ပေါင်းတွေအားလုံးကို ခန္ဓာကိုယ်က စုပ်ယူနိုင်ပြီး ပြုပြင်ထားတဲ့ ဗီတာမင် E မှာပါဝင်တဲ့ ဒြပ်ပေါင်းတွေကိုတော့ အားလုံးမစုပ်နိုင်ဘဲ ၁ မျိုး (သို့) ၃ မျိုးလောက်ပဲ စုပ်ယူနိုင်ပါတယ်။

ဂျပန်သုတေသီတွေဟာ သဘာ၀ ဗီတာမင် E (Natural Vitamin E) နဲ့ ပြုပြင်ထားတဲ့ ဗီတာမင် E (synthetic vitamin E ) တွေအား လူငယ် (၇) ယောက်ကို တလှည့်စီတိုက်ကျွေးပြီး ပြုလုပ်ခဲ့ပါတယ်။ ပြုပြင်ထားတဲ့ ဗီတာမင် E ၃၀၀ မီလီဂရမ်ဟာ သဘာ၀ ဗီတာမင် E ၁၀၀ မီလီဂရမ် နဲ့ ညီမျှတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။

သဘာ၀ ဗီတာမင် E ဟာ ကလေးတွေရဲ့ ဉာဏ်ရည် ဖွံ့ဖြိုးမှု အဆင့်အတွက် အထူးလိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးပါ။

ဗီတာမင် E ကဘာလို့အရေးကြီးလဲ

ဗီတာမင် E ဟာ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်အတွင်းက ဆဲလ်တွေနဲ့ တစ်ရှူးတွေ ထိခိုက်ပျက်စီးစေတဲ့ ဒြပ်ပေါင်းတွေကို တားဆီးကာကွယ်ပေးပါတယ်။

ဗီတာမင် E စားသုံးတာဟာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေသလို လေ့လာတွေ့ရှိမှုအရ စိတ်နဲ့ မှတ်ဉာဏ်အတွက်လည်း အကျိုးကျေးဇူးများစေပါတယ်။

ကိုယ်အလေးချိန်မပြည့်ဘဲ မွေးဖွားလာတဲ့ကလေးငယ်တွေ၊ လမစေ့ဘဲ မွေးလာတဲ့ ကလေးငယ်တွေကိုလည်း ဗီတာမင် E အာဟာရဓာတ်ကျွေးရင် စိတ်ပိုင်းဆိုင်ရာနဲ့ ဉာဏ်ရည်ပိုင်းဆိုင်ရာမှာ တိုးတက်မှု ပိုမိုရှိလာတာကိုတွေ့ရှိခဲ့ပါတယ်။

အဲဒီလေ့လာတွေ့ရှိမှုမှာ ကိုယ်အလေးချိန်ပေါင်မပြည့်ဘဲ မွေးလာခဲ့တဲ့ ကျောင်းနေအရွယ် ကလေး ၂၆၀ နီးပါးကို အပိုင်း ၃ ပိုင်းခွဲပြီး လေ့လာခဲ့တာပါ။ ဗီတာမင် E ဖြည့်စွက်စာ မကျွေးတဲ့သူ၊ ဗီတာမင် E ဖြည့်စွက်စာ ၆ လထက်နည်းပြီး ကျွေးတဲ့သူ နဲ့ ၆ လထက်ပိုပြီး ကျွေးတဲ့သူဆိုပြီး ခွဲခြားခဲ့တာပါ။

ဗီတာမင် E ဖြည့်စွက်စာကို ပိုရတဲ့ ကလေးတွေဟာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု လျော့နည်းတဲ့အပြင် IQ စမ်းသပ်မှုမှာလည်း ရလဒ်ကောင်း ပိုမိုရရှိတာကို တွေ့ရှိခဲ့တာပါ။

အဲဒီဆောင်းပါးကို Acta Paediatrica ဆိုတဲ့ ကျန်းမာရေး ဂျာနယ်တစ်ခုမှာ ဖော်ပြထားခဲ့ပြီး တခြားဂျာနယ် တော်တော်များများမှာလည်း ပြန်လည်ဖော်ပြခဲ့ပါတယ်။

ဒါ့ကြောင့် သင်စားသုံးမယ့် အစားအစာတွေကနေ ဗီတာမင် E ပမာဏကို လုံလုံလောက်လောက် စားသုံးပေးဖို့လိုအပ်ပါတယ်။

ဗီတာမင် E ပါဝင်တဲ့ အစားအစာတွေကတော့ အခွံမာသီးတွေ၊ ဘလူးဘယ်ရီ၊ ထောပတ်သီး စတဲ့ အရောင် ရင့်တဲ့ အသီးတွေ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေမှာ ရှရိနိုင်ပါတယ်။

အဲဒီလို အစားအစာတွေကနေ ဗီတာမင် E ဓာတ်ကို ရရှိနိုင်ပေမယ့် သဘာ၀ ဗီတာမင် E က ကလေးတွေရဲ့ ဉာဏ်ရည် ဖွံ့ဖြိုးမှုအတွက်ပိုမိုအရေးပါပါတယ်။

ခန္ဓာကိုယ်ကနေ အာဟာရဓာတ် စုပ်ယူမှုကို အပြည့်ရရှိစေတာမို့ ဈေးကွက် ထဲမှာ ရရှိနေတဲ့ သဘာ၀ ဗီတာမင် E ပါဝင်တဲ့ ကုန်ပစ္စည်းဟာ သင့်ကလေးရဲ့ လေ့လာသင်ယူမှုကို အားကောင်းစေပါတ