ဆေးလိပ်သောက်တက်သူအများစုဟာ ဆေးလိပ်ရဲ့ဆိုးကျိုးတွေကို တခြားသူတွေထက်ပို သိပြီး ဆေးလိပ်ပြတ်ဖို့ ဆန္ဒရှိနေကြသူတွေဖြစ်ပါတယ်။ သို့သော်လည်း ဆေးလိပ်ကိုစွဲစွဲမြဲမြဲ သောက်သုံးနေမိသူတစ်ယောက်အတွက် တကယ့်လက်တွေကျကျ ဆေးလိပ်ဖြတ်ဖို့က ထင်သလောက်မလွယ်ကူပါဘူး။ သင်ဟာဆေးလိပ်ဖြတ်ဖို့ ဆန္ဒရှိတယ်ဆိုရင်တော့ အခုပြောပြမယ့်နည်းလမ်းလေးတွေကို စနစ်တကျလုပ်ဆောင်ကြည့်ဖို့ အကြံပြုလိုပါတယ်။

(၁) ဆေးလိပ်ဖြတ်နေကြောင်းပြောပြပါ

Source : Shutterstock

ကိုယ့်ရဲ့မိသားစုမိတ်ဆွေသူငယ်ချင်းတွေကို ဆေးလိပ်ဖြတ်နေတဲ့အကြောင်းသတင်းစကား ပါးထားပါ။ဒီလို ကိုယ်ဆေးလိပ်ဖြတ်ဖို့ကြိုးစားနေကြောင်း ပြောပြထားခြင်းဟာ ဆေးလိပ် အမှန်တကယ်ပြတ်ဖို့ ရာခိုင်နှုန်းပိုများ စေပါတယ်။ကိုယ်လိုပဲ ဆေးလိပ်ဖြတ်နေတဲ့ မိတ်ဆွေ သူငယ်ချင်းတွေရှိရင်လည်း အချင်းချင်းစကားပြောခြင်း အကြံဉာဏ်များဖေးမဖလှယ်ခြင်း အားဖြင့်လည်း ဆေးလိပ်ပြတ်ဖို့ အခွင့်အလမ်းပိုများစေတာကြောင့် ကိုယ့် ပတ်ဝန်းကျင်က လူတွေကို ဆေးလိပ်ဖြတ်နေကြောင်း ပြောပြဖို့တိုက်တွန်းချင်ပါတယ်။

(၂) နီကိုတင်းအစားထိုးကုထုံးလုပ်ဆောင်ပါ

Source : Shutterstock

နေ့စဉ်ပုံမှန်ဆေးလိပ်သောက်နေသူတစ်ယောက်အနေနဲ့ ရုတ်တရက်ဆေးလိပ်ဖြတ်လိုက် တဲ့အခါ ခန္ဓာကိုယ်မှ နီကိုတင်းဓာတ်ပြတ်လပ်မှုကြောင့် ခေါင်းကိုက်ခြင်း ကိုယ်လက်မအီမ သာဖြစ်ခြင်း အားအင်ကုန်ခမ်းခြင်းများ ဖြစ်တက်ပါတယ်။ဆေးလိပ်သောက်ချင် စိတ်ဖြစ် ပေါ်လာတိုင်း နီကိုတင်းအစားထိုးပစ္စည်းတွေဖြစ်တဲ့ ပီကေ သကြားလုံး ငုံဆေးပြားစတာ တွေကို စားသုံးပေးမယ်ဆိုရင်ဆေးလိပ်သောက်ချင်စိတ် ကိုလျော့နည်းစေမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ်တက်ကျွမ်းတဲ့ဆရာဝန်နဲ့ တိုင်ပင်ပြီး မိမိနဲ့သင့်တော်မယ့် နီကိုတင်းအစားထိုး ကုထုံးကို ခံယူသင့်ပါတယ်။

(၃) စိတ်ဖိစီးမှုကင်းအောင်နေပါ

Source : Shutterstock

စိတ်ဖိစီးမှုများခြင်းကသင့်ကို ဆေးလိပ်သောက်စိတ်ချင်ဖြစ်ပေါ်လာစေတဲ့ အဓိက အကြောင်းအရင်းတစ်ရပ် ဖြစ်ပါတယ်။ ဒါကြောင့်တက်နိုင်သလောက် သင့်ကိုစိတ်ဖိစီးမှု ဖြစ်စေမယ့် အရာတွေကိုရှောင်ကျဉ်ပါ။ စိတ်တည် ငြိမ်အောင် တရားထိုင်ခြင်း ယောဂေ လ့ကျင့်ခန်းပြုလုပ်ခြင်း သီချင်းနားထောင်ခြင်း ကိုယ်ကိုယ့်ကိုနှိပ်နယ်ပေးခြင်း ဝါသနာ ပါရာအလုပ်တစ်ခုခုလုပ်ဆောင်ခြင်း စသည်ဖြင့်စိတ်အပန်းပြေစေမယ့် နည်းလမ်းတွေ ကိုများများ လုပ် ဆောင်ပေးသင့်ပါတယ်။ဒါမှလည်း စိတ်ဖိစီးမှုကင်းပြီး ဆေးလိပ်ဖြတ်ဖို့ တွန်းအားဖြစ်စေမှာဖြစ်ပါတယ်။

(၄) အရက်ဘီယာသောက်သုံးခြင်းကိုရှောင်ကျဉ်ပါ

Source : Shutterstock

ဆေးလိပ်နဲ့ အရက်ဘီယာသောက်သုံးခြင်းဆက်စပ်နေတဲ့ အကြောင်းအရာတွေ ဖြစ်ပါ တယ်။အရက်ဘီယာ သောက်သုံးတဲ့အခါ ဆေးလိပ်ပါတွဲသောက်တက်ကြတာမလို့ အရက်ဘီယာသောက်သုံးရင်ဆေးလိပ်ပါ အော်တို သောက်သုံးမိမှာသေချာပါတယ်။ ဒါကြောင့်အတက်နိုင်ဆုံးဆေးလိပ်ဖြတ်မယ်လို့ ဆုံးဖြတ်လိုက်ရင် အရက်ဘီယာ သောက်သုံးမှုကိုပါ ထိန်းချုပ်ဖို့လိုအပ်ပါတယ်။နွားနို့နဲ့ နို့ထွက်ပစ္စည်းပါဝင်တဲ့အရာတွေက ဆေးလိပ်သောက်ချင် စိတ်ကိုလျော့ကျစေတာကြောင့် အရက်ဘီယာအစားနွားနို့နဲ့ နို့ထွက်ပစ္စည်းတွေကိုသာ အစားထိုးသုံးဆောင်သင့် တာဖြစ်ပါတယ်။

(၅) ကိုယ်လက်လှုပ်ရှားမှုလုပ်ဆောင်ပါ

Source : Shutterstock

ခန္ဓာကိုယ်ကိုလှုပ်လှုပ်ရှားရှားဖြစ်စေမယ့် ကိုယ်လက်လေ့ကျင်ခန်းမျိုးလုပ်ဆောင်ခြင်းက ဆေးလိပ်သောက်ချင် စိတ်ကို လျော့နည်းစေပါတယ်။ဒါကြောင့် အိမ်သန့်ရှင်းရေးလုပ်ခြင်း လမ်းလျောက်ထွက်ခြင်း Gym ကစားခြင်း စသည်ဖြင့် ကိုယ်လက်လှုပ်ရှားမှုဖြစ်စေမယ့် လေ့ကျင့်ခန်းတွေလုပ်ဆောင်းခြင်းက ကယ်လိုရီလောင်ကျွမ်း စေပြီး စိတ်ရောကိုယ်ပါ ကျန်းမာကြံ ခိုင်လာစေကာ ဆေးလိပ်သောက်ချင်စိတ်ကို အများကြီးလျော့ကျသွားစေ မှာဖြစ်ပါတယ်။