တခါတလေ ခြေထောက်တွေလေးပြီး ရောင်နေတတ်ပြီး လမ်းလျှောက်ဖို့တောင် ခက်ခဲနေတတ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ ဖြစ်တတ်ပြီး စိတ်ဖိစီးမှု နဲ့ သွေးလည်ပတ်မှုမကောင်းတာတွေကြောင့် ဖြစ်တတ်ပါတယ်။ အဆစ်အမြစ်ကိုက်ခဲတဲ့ ရောဂါတွေဖြစ်တဲ့ ဂေါက်တို့ လေးဖက်နာတို့ကြောင့် လည်း ဖြစ်တတ်ပါတယ်။

ဒါကြောင့် ခြေထောက်ရောင်တာတွေကို သက်သာ ပျောက်ကင်းစေမယ့် သဘာ၀ ဆေးနည်းတချို့ကို ဝေမျှချင်ပါတယ်။

ပန်းသီး ရှာလကာရည်

ပန်းသီးရှာလကာရည်မှာ ရောင်ကိုင်းတာတွေကို လျော့ပါးစေတတ်တဲ့ သတ္တိပါဝင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပန်းသီး ရှာလကာရည် ခွက် ၁ခွက်
  • ပန်းသီး ၆ စိတ်

DSC_1065

ပြုလုပ်နည်း

  • ရှာလကာရည်ထဲကို သန့်ရှင်းတဲ့ အဝတ်နှစ်လိုက်ပြီး ရောင်နေတဲ့နေရာကို ကပ်လိုက်ပါ။
  • ပြီးရင် ပါးပါးလှီးထားတဲ့ ပန်းသီးအစိတ်လေးတွေကို ရောင်နေတဲ့နေရာကို ကပ်လိုက်ပြီး မိနစ် ၂၀လောက်ထားပါ။
  • ပြီးရင် ဖယ်လိုက်ပြီး ရေနွေးနဲ့ ရေစင်အောင်ဆေးပါ။
  • ညတိုင်းနီးပါး ကပ်ပေးရင် သက်သာလာပါလိမ့်မယ်။

mint

ပူစီနံရွက်

ပူစီနံရွက်က ခြေထောက်နဲ့ပတ်သက်တဲ့ ပြဿနာတွေကို ကုသရာမှာ ကောင်းမွန်ပါတယ်။ သူက သွေးလည်ပတ်မှုကို ကောင်းစေပြီး ရောင်ကိုင်းမှုတွေကိုလည်း သက်သာစေပါတယ်။

ပါဝင်ပစ္စည်းများ

  • လှီးထားတဲ့ ပူစီနံရွက် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ရေ ၁.၁၄ လီတာ

ပြုလုပ်နည်း

ရေထဲကို ပူစီနံရွက်ထည့်ပြီး ပြုတ်လိုက်ပါ။ ၁၀ မိနစ်လောက် ပွက်ပွက်ဆူအောင် ထားပါ။ ပြီးရင် မီးဖိုးပေါ်က ချပြီး အအေးခံပါ။ အဝတ်သန့်သန့်နဲ့ ခုနက ပူစီနံရွက်ပြုတ်ရည်ထဲကို စိမ်ပြီး ရောင်နေတဲ့နေရာက ကပ်ပေးပါ။ ညအိပ်ရာမဝင်ခင် ကပ်ပေးပါ။

Featured Image Source: hr.fitnesslifestylehealthclub.com