ခြေသည်းလက်သည်းတွေ အရှည်ထားချင်ပေမယ့် ခဏခဏကျိုးနေလို့ စိတ်ညစ်နေသူတွေအတွက် နည်းလမ်းလေးတွေကို မျှဝေပေးလိုက်တယ်နော်။

ခရမ်းချဉ်သီး

သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း နဲ့ ခရမ်းချဉ်သီးအရည် ခွက်တစ်ဝက်ကို ခွက်တစ်လုံးထဲ ရောပြီးထည့်လိုက်ပါ။ ပြီးရင် လက်သည်းလေးနဲ့ မိနစ် ၂၀ လောက်စိမ်ထားပါ။ အဲဒီနောက် ခြေသည်းလေးတွေကိုလည်း လိမ်းပေးပြီး မိနစ် ၂၀ လောက်ထားပါ။ပြီးရင် သေချာဆေးချပါ။ နေ့တိုင်းပြုလုပ်ပေးလို့ရပါတယ်။

သံပုရာသီး

လက်သည်းဝါတာကိုလည်း သက်သာစေပြီး လက်သည်းကို ဖြူဖွေးစေမယ့်အပြင် အရှည်မြန်စေမယ့် နည်းလမ်းလေးပါ။ သံပုရာသီးနဲပ ၅ မိနစ်လောက်ပွတ်တိုက်ပေးရမှာပါ။ ပြီးရင် ရေနွေးနဲ့ ဆေးချပါ။ ပြီးရင် Moisturizer လိမ်းပေးထားပါ။ လက်မှ ထိမိရှမိထားရင်တော့ သံပုရာသီးမသုံးပါနဲ့နော်။

လိမ္မော်သီး

လိမ္မောသီးကိုအရည်ညှစ်ပေးပြီး ခွက်တစ်လုံးထဲထည့်ပါ။ ပြီးရင် လက်သည်းကို ၁၀ မိနစ်လောက်စိမ်ထားပေးပါ။ လိမ္မော်ရည်မှာ လက်သည်းတွေကို တောက်ပြောင် သန်မာစေတဲ့ ဂုဏ်သတ္တိတွေပါဝင်ပါတယ်။

အုန်းဆီ

အုန်းဆီဟာ လက်သည်းခြေသည်တွေကို သန်မာစေပါတယ်။

အုန်းဆီ ခွက် ၁/၄ ပုံလောက်ရယ် ပျားရည် ခွက် ၁/၄ ပုံရယ် ရောပြီးထည့်လိုက်ပါ။ ပြီးရင် Microwave နဲ့ စက္ကန့်၂၀လောက်အပူပေးပါ။ အဲဒီနောက် လက်သည်းကို ၁၅ မိနစ်လောက်စိမ်ထားပေးပါ။ တစ်ပတ်ကို ၁ ကြိမ် (သို့) ၂ ကြိမ်လုပ်ပေးပါ။