အစာလည်းဆေး ဆေးလည်းအစာဆိုသလို ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအစာတွေစားပြီး ကျန်းမာရေးကို စောင့်ရှောက်လိုက်ရအောင်နော်။ အဝလွန်ခြင်း၊ ကိုလက်စထရောများခြင်း၊ သွေးတိုးခြင်းတွေအပါအဝင် သွေးကြောပိတ်ခြင်းတွေဟာ သင့်ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေပါတယ်။ ဒါ့ကြောင့် သွေးကြောပိတ်တာကို သက်သာစေပြီး နှလုံးဆိုင်ရာ ပြဿနာတွေကို ကြိုတင်ကာကွယ်ပေးနိုင်မယ့် အစားအစာတွေကို မျှဝေပေးချင်ပါတယ်။

၁။ ကြက်သွန်ဖြူ

Garlic-1

ကြက်သွန်ဖြူကတော့ လူတိုင်းရဲ့ အိမ်မှာ မရှိမဖြစ်ပါပဲ။ သင့်ဟင်းလျာတွေကို အနံ့အရသာရှိစေရုံသာမက ကျန်းမာရေးကိုလည်း များစွာအထောက်အကူဖြစ်စေပါတယ်။ ကိုလက်စထေရာကိုကျစေသလို၊ သွေးဖိအားကိုလည်း လျှော့ချပေးပြီး သွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။ ကြက်သွန်ဖြူအစိမ်းကို တစ်နေ့ တစ်မွှာပုံမှန်စားပေးမယ်ဆိုရင်တော့ သွေးကြောပိတ်တာကို သက်သာစေမှာပါ။

၂။ သံလွင်ဆီ

သံလွင်ဆီဟာလည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတစ်မျိုးဖြစ်တယ်ဆိုတာ လူတိုင်းသိပြီးသားပါနော်။ သံလွင်ဆီနဲ့ အသီးအရွက်သုပ်စားတာ ဟာလည်း ကျန်းမာရေးနဲ့ညီညွှတ်ပါတယ်။

၃။ ထောပတ်သီး

Avacado-cutter

ထောပတ်သီးဟာလည်း သံလွင်ဆီလိုပါပဲ။ ကျန်းမာရေးအတွက်လိုအပ်တဲ့ ဖက်တီးအက်ဆစ်ပါဝင်လို့ သင့်သွေးကြောကို ကျန်းမာစေပါတယ်။ ကိုလက်စရောကျစေပါတယ်။ ထောပတ်သီးကို သကြားနဲ့မဟုတ်ဘဲ ဒီအတိုင်းစားရင် ပိုပြီးကျန်းမာရေးနဲ့ညီညွှတ်ပါတယ်။

၄။ ပန်းမုန်လာစိမ်း

broccoli

ပန်းမုန်လာစိမ်းကလည်း အရသာရှိပြီး ကျန်းမာရေးနဲ့ညီညွှတ်ပါတယ်။ ဗီတာမင် K ပါဝင်ပြီး အမျှင်ဓာတ်ကြွယ်ဝလို့ သွေးကြောကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။

ပန်းမုန်လာစိမ်းကို ပြုတ်ပြီး သံလွင်ဆီနည်းနည်းနဲ့ သုပ်စားနိုင်ပါတယ်။

၅။ နနွင်း

နနွင်းဟာ သင့်ဟင်းလျာတွေကို အရောင်လှစေရုံသာမက ရောင်ရမ်းမှုကို သက်သာစေတဲ့ ဂုဏ်သတ္တိတွေပါဝင်ပါတယ်။ အဆီတွေကြောင့် သွေးကြောနံရံတွေ ထိခိုက်ပျက်စီးခြင်းကို လျှော့ချပေးနိုင်ပါတယ်။ သွေးကြောပိတ်တာကိုလည်း သက်သာစေပါတယ်။

Featured Image Source: Scientific Animations