အသက်အရွယ်ကြီးမြင့်လာတယ်ဆိုတာနဲ့ Gym မသွားရတော့ဘူး၊ ကိုယ်လက်လေ့ကျင့်ခန်းမလုပ်ရတော့ဘူးလို့ မဆိုလိုပါဘူး။ ဒါပေမယ့်လည်း လူကြီးသူမများဟာ အသက်ကြီးလာသည်နှင့်အမျှ ကျန်းမာရေးပြဿနာများ၊ ကိုက်ခဲနာကျင်မှုများ စတဲ့အခြေအနေအမျိုးမျိုးကြောင့် လုပ်ဆောင်နိုင်စွမ်းရည်များ အနည်းငယ်ကျဆင်းသွားရပါတယ်။

အသက်ငယ်ငယ်ကြီးကြီး လေ့ကျင့်ခန်းလုပ်ဖို့ အလွန်လိုအပ်သော်လည်း သက်ကြီးရွယ်အိုများက ပိုလို့မှ လိုအပ်ပါတယ်။ ဒါပေမယ့် တစ်ခုသတိထားရမှာက ကိုယ်ခန္ဓာက အမျိုးမျိုးသောလေ့ကျင့်ခန်းတွေရဲ့ ဒဏ်ကိုခံနိုင်ရည်ရှိမည်မဟုတ်ပါ။

ဒါကြောင့် ယခုဖော်ပြပေးမယ့် ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများဟာဆိုရင် အထူးပင်ပင်ပန်းပန်းလုပ်စရာမလိုတာကြောင့် လူကြီးသူမများအတွက် အထူးသင့်တော်မှုရှိတာကြောင့် မိမိရဲ့အဖိုးအဖွား၊ မိဘများအတွက် တိုက်တွန်းပေးနိုင်ပါတယ်။

လမ်းလျှောက်ခြင်း

လေ့ကျင့်ခန်းတစ်ခုစလုပ်ရန်အတွက် လမ်းလျှောက်ခြင်းက အသင့်တော်ဆုံးဖြစ်ပြီး လူကြီးတိုင်းလည်း လုပ်ဆောင်နိုင်ပါတယ်။ နှလုံးခုန်နှုန်း၊ အသက်ရှုခြင်း၊ ခံနိုင်ရည်စွမ်းအား၊ ကြွက်သားသန်မာမှုများ၊ သွေးလည်ပတ်အားကောင်းခြင်း၊ အရိုးအဆစ် စသဖြင့် အမျိုးမျိုးသော ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်ပါတယ်။

ရေကူးခြင်း

လူကြီးမျာကို စိတ်ရောကိုယ်ပါ ကောင်းကျိုးပေးစွမ်းနိုင်သည့် နောက်ထပ်ကုထုံးနည်းတစ်မျိုးဖြစ်ပြီး ကျစ်လျစ်သောကိုယ်ခန္ဓာ၊ ကယ်လိုရီလောင်ကျွမ်းခြင်း၊ ကြွက်သားများသန်စွမ်းခြင်း၊ ခံနိုင်ရည်အားတိုးခြင်း၊ စိတ်ဖိစီးမှုလျော့ချခြင်း အစားစားဖြင့် ကောင်းကျိုးများကို ဖြစ်ပေါ်လာစေပါတယ်။

ယောဂကျင့်စဉ်

တနေ့ကို ၁၅ မိနစ်မှ မိနစ် ၂၀ အထိ မှန်မှန်လုပ်ပေးမယ်ဆိုရင် ကိုယ်အလေးချိန်လျော့ချရန်၊ အိပ်စက်မှုကိုတိုးတက်ခြင်း၊ အိုမင်းရင့်ရော်မှုဆိုင်ရာ အကျိုးဆက်များကို နှောင့်နှေးစေပါတယ်။

ကခုန်ခြင်း

ဤလေ့ကျင့်ခန်းသည်လည်း လူကြီးများကို စိတ်ရောကိုယ်ပါ ကောင်းကျိုးပေးစွမ်းနိုင်ပါတယ်။ အချိန်မှန်မှန်ကခုန်ပေးမယ်ဆိုရင် စိတ်ဖိစီးမှု၊ စိုးရိမ်ကြောင့်ကြမှု၊ စိတ်ဓာတ်ကျဆင်းမှု တို့ကို တိုက်ဖျက်နိုင်ရုံသာမက နှလုံးကျန်းမာရေးကိုပါ တိုးတက်စေပါတယ်။