သင့်ကျန်းမာရေး က သင်စားသုံးလိုက်တဲ့ အစားအစာတွေနဲ့ ထပ်တူကျနေမှာပါ။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ၊ Antioxidants တွေ နဲ့ ကစီဓာတ်တွေ လုံလောက်စွာ စားသုံးပေးရင်တော့ အရွယ်တင်နုပျိုစေမှာပါ။

Antioxidants

Source: SuperGano

Antioxidants ဆိုတာကတော့ အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်တဲ့ ဓာတ်တမျိုးဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ ခုခံအားတွေ ဇီဝဖြစ်စဉ်တွေကို ကောင်းမွန်စေတဲ့ ဓာတ်တစ်မျိုးလည်းဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံ တက္ကသိုလ်တစ်ခုဖြစ်တဲ့ Brigham Young တက္ကသိုလ်ရဲ့ ၂ နှစ်ကြာ လေ့လာထားတဲ့ သုတေသန ပြုချက်အရ Antioxidants ပါဝင်တဲ့ အစားအစာ စားသုံးမှုများတဲ့သူဟာ အိုမင်းရင်းရော်မှုနှုန်းနည်းပြီး၊ အသက်ရှည်ရှည်နေနိုင်ကာ ကျန်းမာရေး လည်း ပိုကောင်းနေတယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။

ဒါ့ကြောင့် Antioxidants ပါဝင်မှုများတဲ့ အစားအစာတွေကို မျှဝေပေးချင်ပါတယ်။

Berries နွယ်ဝင် အသီးများ

Source: Verywell Fit

Berries နွယ်ဝင် အသီးများဖြစ်တဲ့ ဘလူးဘယ်ရီ (Blueberries)၊ Raspberries၊ စတော်ဘယ်ရီ (Strawberries)၊ ဘလက်ဘယ်ရီ (Blackberries) နဲ့ Goji Berries သီး တို့က Flavonoids ခေါ်တဲ့ Antioxidants မျိုးစုံ ပါဝင်ပါတယ်။ သူတို့မှာ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပြီး အရွယ်တင်စေတဲ့ ဓာတ်တွေလည်း ပါဝင်ပါတယ်။ စပျစ်သီး စပျစ်သီးတွေမှာဆိုရင် Antioxidant တမျိုးဖြစ်တဲ့ Resevertatrol ဓာတ်ပါဝင်ပြီး ဒီဓာတ်ကို တိရစ္ဆာန်တွေမှာ စမ်းသပ်တဲံအခါ သာမန်ထက် အသက်ပိုရှည်လာတာကို တွေ့ရပါတယ်။ Resevertatrol ဓာတ်ကိုလည်း ဝိုင်အနီမှာလည်း တွေ့ရတတ်ပါတယ်။

အမည်းရောင် ချောကလက်

Source: Nutrition facts

Dark Chocolate (အမည်းရောင် ချောကလက်)မှာလည်း Polyphenols ဓာတ်တွေ အများကြီးပါဝင်ပြီး အရွယ်တင်နုပျိုစေဖို့ အထောက်အကူပြုပါတယ်။ချောကလက်မည်းလေလေ ပိုပြီး အဟာရရှိလေပါဘဲ။ ဒါကြောင့် နို့ချော့ကလက်စာရင် ကိုကိုး ၆၀ ရာခိုင်နှုန်းပါဝင်တဲ့ ချော့ကလက်ကို စားသုံးသင့်ပါတယ်။

ဂေါ်ဖီထုပ်၊ ဂေါ်ဖီပန်းပွင့်၊ ဂေါ်ဖီ ပန်းပွင့်စိမ်းစတဲ့ Cruciferous မျိုးနွယ်ဝင် ဟင်းသီးဟင်းရွက်တွေ

Source: Zuzka Light

Antioxidants ဓာတ်တွေနဲ့ပတ်သက်လာရင် ဘယ် အစားအစာမှ Cruciferous မျိုးနွယ်ဝင် ဟင်းသီးဟင်းရွက်များလောက် မကြွယ်ဝပါဘူး။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု အမျိုးသား ကင်ဆာ ကာကွယ်ရေးဌာနတွေတောင် Cruciferous မျိုးနွယ်ဝင် ဟင်းသီးဟင်းရွက် တွေ (ဂေါ်ဖီထုပ်၊ ဂေါ်ဖီပန်းပွင့်၊ ဂေါ်ဖီ ပန်းပွင့်စိမ်း စတဲ့)ကို နေ့တိုင်းစားဖို့တောင် အကြံပေးထားပါတယ်။

Featured Image Source: Khaskhabar