ချစ်စရာအရောင်အသွေးနဲ့ အရသာရှိတဲ့ နှင်းသီးကို စားသုံးဖူးတယ်ဆိုရင်တော့ နှင်းသီးရဲ့ အရသာဘယ်လောက်ကောင်းတယ်ဆိုတာ ညွှန်းစရာလိုမယ်မထင်ပါဘူးနော်။

အရသာကောင်းရုံတင်မက အဟာရဓါတ်လည်း အများအပြားပါဝင်ပါတယ်။ နှင်းသီးမှာ အမျိုးအစား ၂ မျိုးထက်ပိုပြီးရှိပြီး အရသာတွေလည်းမတူပါဘူး။

အရောင်တွေ အမျိုးမျိုးရှိတဲ့ နှင်းသီး

အဖြူရောင်၊ နှင်းဆီရောင်၊ ချယ်ရီရောင်၊ အစိမ်းရောင် ဆိုပြီး အမျိုးမျိုးရှိပါတယ်။နူးညံပြီး နည်းနည်းလေး ချိုသလိုလို ချဉ်သလိုလိုပါပဲ။ ရေဓါတ်လည်းမြင့်မားစွာပါဝင်ပြီးတော့ အရှေ့တောင်အာရှမှာ အဓိကတွေ့ရတဲ့ အသီးဖြစ်ပါတယ်။

ရေဓါတ်ခမ်းခြောက်ခြင်းကို ကာကွယ်ပေးတယ်

ရေဓါတ်ကြွယ်ဝစွာပါဝင်လို့ ရေဓါတ်ခမ်းခြောက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

Source: Steemit

မျက်လုံးကို ကျန်းမာစေတယ်

မျက်လုံးကျန်းမာရေးအတွက် အဓိကလိုအပ်တဲ့ ဗီတာမင် A ပါဝင်လို့ မျက်လုံးကိုကျန်းမာစေပါတယ်။ ကွန်ပျူတာအကြာကြီးကြည့်လို့ မျက်လုံးညောင်းတာ ကိုက်တာတွေကိုလည်း သက်သာစေပါတယ်။

အမျိုးသမီးတွေအတွက် အားဆေး

အဟာရဓါတ်များစွာပါဝင်တဲ့ နှင်းသီးဟာ ကလေးမွေးဖွားမှုနှုန်းကိုတိုးတက်စေပါတယ်။ သံဓါတ်ပါဝင်လို့လည်း ကိုယ်ဝန်ဆောင်တွေအတွက်ကောင်းမွန်သလို အမျိုးသမီးတွေ သွေးအားနည်းရောဂါဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

Source: Regenerative Agriculture Information Network

သွားနဲ့ သွားဖုံးကျန်းမာရေး

ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်ဓါတ်တွေပါဝင်ပြီး သွားနဲ့ သွားဖုံးကို ကျန်းမာစေသလို အရိုးကိုလည်း သန်မာစေပါတယ်။

ဒါတင်မကသေးပါဘူး ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေလို့ ရောဂါအမျိုးမျိုးဝင်ရောက်ခြင်းကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်C ပါဝင်လို့လည်း အသားအရေကို နုပျိုစိုပြေစေပြီး အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးနိုင်ပါတယ်။