မြန်မာလူမျိုးတော်တော်များများက နေကြာစေ့တွေနဲ့ ရင်းနှီးကြပါတယ်။ နေကြာစေ့ကို အခွံခွာပြီး အပျင်းပြေ ရုပ်ရှင်ကြည့်ရင်း၊ စာအုပ်ဖတ်ရင်း စားကြပါတယ်။

ဒါပေမယ့် နေကြာပန်းကနေ ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ ဟင်းချက်ဆီကို ထုတ်လုပ်နိုင်တာတော့ သိရှိသူနည်းကြပါတယ်။

နေကြာဆီကို အဓိက ထုတ်လုပ်တဲ့နိုင်ငံတွေကတော့ ရုရှား၊ ယူကရိန်း၊ အာဂျင်တီးနား နဲ့ တူရကီနိုင်ငံတို့ဖြစ်ကြပါတယ်။ နေကြာဆီကိုတော့ ကမ္ဘာ့နိုင်ငံတော်တော်များက ဟင်းချက်တဲ့နေရာမှာ အသုံးပြုကြပါတယ်။

နေကြာဆီမှာ နှလုံးစွမ်းဆောင်ရည်ကိုမြှင့်တင်ပေးပြီး၊ အားအင်တွေကို ပိုရှိစေကာ ကိုယ်ခံအားစနစ်ကို ပိုပြီး အားကောင်းစေပါတယ်။

အဲ့ဒီအပြင် အရေပြား ကျန်းမာရေးကို ကောင်းမွန်စေပြီး ကင်ဆာကို ကာကွယ်ပေးနိုင်ကာ မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေကို ကျစေပါတယ်။

နေကြာဆီရဲ့ ကျန်းမာရေးကောင်းကျိုးများ

ကိုလက်စထရောဓာတ်ကို လျော့ချပေးခြင်း

နေကြာဆီမှာ ပြည့်ဝဆီ (Saturated Fats) ပါဝင်မှု အလွန်နည်း ပြီး ၊ မပြည့်ဝဆီ (Un-Saturated Fats) ပါဝင်မှု များတာကြောင့် တာကြောင့် ခန္ဓာကိုယ်ထဲမှာရှိတဲ့ မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေကို လျော့ချပေးပါတယ်။

နှလုံကျန်းမာရေးအတွက် ကောင်းမွန်ခြင်း

နေကြာဆီက သွေးလွှတ်ကြောတွေကို ထုံးတာကို ကာကွယ်ပေးပြီး နှလုံးသွေးကြောပိတ် တာတို့ သွေးကြောပေါက်ပြီး လေဖြတ်တဲ့အန္တရာယ်ကို လျော့ချပေးပါတယ်။

ကိုယ်ခံအားစနစ်ကို တိုးမြင့်ပေးခြင်း

နေကြာဆီမှာ Antioxidant တစ်မျိုးဖြစ်တဲ့ ဗီတာမင် E ပါဝင်တာကြောင့် ကိုယ်ခံအားနစ်ကို တိုးမြှင့်ပေးနိုင်ပါတယ်။

Sunflowers, bottle of oil and seeds on white table, space for text

အရေပြားကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း

နေကြာဆီမှာပါဝင်တဲ့ ဗီတာမင် E က အရေပြား ကျန်းမာရေးကို တိုးတက်စေပြီး ဆဲလ်တွေကို အသစ်ပြန်လည် မွေးဖွားနိုင်အောင် ကူညီပေးပါတယ်။ နေရောင်ခြည်၊ အသက်အရွယ်ကြောင့်နဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ Free Radicals တွေကြောင့် ဆဲလ်တွေ ထိခိုက်ပျက်စီးမှုကို ကာကွယ်တဲ့အပြင် ပြန်လည်ပြုပြင်ပေးပါတယ်။

အမာရွတ်တွေ တဖြည်းဖြည်းပျောက်စေပြီး အနာတွေ အကျက်မြန်စေကာ အသားအရေကို လှပအောင်ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် နေကြာဆီကို အလှကုန်ပစ္စည်းတွေမှာလည်း ထည့်သွင်းအသုံးပြုပါတယ်။


အားအင်တွေ ပိုရှိလာခြင်း

နေကြာဆီမှာပါဝင်တဲ့ Fatty အက်ဆစ်က ခန္ဓာကိုယ်ရဲ့ စွမ်းအင်ကို ပိုတိုးစေပြီး မပြည့်ဝဆီ (Unsaturated fats) တွေက ခန္ဓာကိုယ်ကို ပိုတက်ကြွစေပါတယ်။

ကင်ဆာ ရောဂါကို ကာကွယ်ပေးခြင်း

နေကြာဆီမှာ Antioxidants တွေအများကြီးပါဝင်ပါတယ်။ နေကြာဆီမှာ စွမ်းအားကြီးတဲ့ Antioxidantတစ်မျိုးဖြစ်တဲ့ Tocopherols ဆိုတဲ့ ကွန်ပေါင်းအုပ်စုပါဝင်ပြီး ဗီတာမင်E အဲ့ဒီ အုပ်စုထဲမှာပါဝင်တာပါ။

အဲ့ဒီကွန်ပေါင်းအုပ်စုက Free Radicals တွေကြောင့် ကျန်းမာတဲ့ဆဲလ်တွေကနေ ကင်ဆာဆဲလ်တွေအဖြစ်မပြောင်းလဲသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။ အဓိကအားဖြင့် အူမကြီးကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် နေကြာဆီရဲ့ ကင်ဆာရောဂါအပေါ်မှာ သက်ရောက်နိုင်အားကိုတော့ သုတေသနတွေဆက်လက်ပြုလုပ်နေကြပါတယ်။


ပန်းနာရင်ကြပ်ရောဂါကို သက်သာစေခြင်း

နေကြာဆီမှာ ဗီတာမင်ဓာတ်တွေနဲ့ Fatty အက်ဆစ်ဓာတ်တွေပါဝင်တာကြောင့် ပန်းနာရင်ကြပ်ရောဂါကိုလည်း သက်သာစေပါတယ်။

SUNAR နေကြာဆီ

SUNAR နေကြာဆီမှာ ကိုလက်စထရော လုံးဝမပါဝင်တဲ့အပြင် ကင်ဆာရောဂါကိုဖြစ်စေတဲ့ (Aflatoxin) မှိုဆိပ်လည်း လုံးဝကင်းစင်ပါတယ်။
အဲ့ဒီအပြင် မျိုးရိုးဗီဇ မပြောင်းလဲထားသောသီးနှံ Non-GMO တို့ကိုသာ အသုံးပြုပြီး ထုတ်လုပ်ထားပါတယ်။

တခြား ဓာတု ဗေဒပစ္စည်းတွေလည်း အသုံးမပြုဘဲ သန့်စင်မှုပြုလုပ်သည့် နည်းဖြစ်တဲ့ (Winterized Method) ကို အသုံးပြုပြီး သန့်စင်ထားပါတယ်။