မနက်ပိုင်းမှာ ရေချိုးရင် အပူထွက်တယ်လို့ပဲ အပြောများကြပါတယ်။ တကယ်တော့ မနက်အိပ်ယာနိုးတာနဲ့ ရေချိုးပေးတာ၊ မနက်ပိုင်း ရေချိုးပေးတာက ကျန်းမာရေးအတွက်တင်မဟုတ်ပဲ တခြားကောင်းကျိုးတွေလည်း အများကြီးရရှိစေပါတယ်။

မနက်အိပ်ယာနိုးတာနဲ့ သွားတိုက်၊ မျက်နှာသစ်၊ ရေချိုးတာက သွေးလည်ပတ်မှုကောင်းမွန်စေပြီး ခန္ဓာကိုယ် ပေါ့ပါးလန်းဆန်းစေပါတယ်။ အိပ်ယာနိုးနိုးချင်းဆို ထိုင်းမှိုင်းနေတတ်ပါတယ်။ ဒီလိုအချိန်မှာ ရေချိုးပေးရင် ထိုင်းမှိုင်းတာတွေ၊ ကိုယ်လက်မအီမသာဖြစ်တာတွေ ပျောက်စေပါတယ်။

မနက်စောစောရေချိုးပေးခြင်းက Stress တွေလျော့ကျစေပြီး စိတ်ကြည်လင်လန်းဆန်းစေပါတယ်။ ကိုယ်ရောစိတ်ပါ နေလို့ကောင်းသွားစေပါတယ်။ ကိုယ်လုပ်မယ့်အရာတွေကိုလည်း စိတ်အားတက်ကြွစွာနဲ့ လုပ်ကိုင်ချင်စိတ်တွေ ပိုဖြစ်စေပါတယ်။

မနက်စောစောရေချိုးပေးရင် ကိုယ်တွင်းအဆိပ်အတောက်တွေ ပြေလျော့စေပါတယ်။ ကိုယ်ခံအားစနစ်လည်း ပိုကောင်းလာစေပါတယ်။ မနက်ပိုင်းမှာတော့ ရေနွေးနဲ့ချိုးတာထက် ရေအေးနဲ့ပဲချိုးတာက ပိုကောင်းပါတယ်။

မနက်အိပ်ယာနိုးတာနဲ့ရေချိုးတာ၊ မနက်စောစောရေချိုးတာက ခန္ဓာကိုယ်အနံ့ဆိုးထွက်တာ၊ ချွေးနံ့ထွက်တာတွေလည်း လျော့ကျစေပါတယ်။ အသားအရေလည်း ပိုပြီးကျန်းမာလာစေပါတယ်။ အသားယားတာတွေလည်း သက်သာစေပါတယ်။

ချောင်းဆိုးနေရင် ညပိုင်းတို့၊ ညနေပိုင်းတို့မှာ ရေမချိုးပါနဲ့။ မနက်ပိုင်းသာချိုးပါ။ မနက်ပိုင်းရေချိုးတာက ချောင်းဆိုးတာပါသက်သာစေတယ်လို့ ပြောကြပါတယ်။