စက်ဘီးစီးခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးကို လူတော်တော်များများ သတိမထားမိကြပါဘူး။

တချို့နိုင်ငံတွေမှာဆိုရင် သွားလာရေးအတွက် အဓိက စက်ဘီးကိုဘဲ အသုံးပြုဖြစ်အောင်ကို လုပ်ဆောင်ပေးထားပါတယ်။

လေ့ကျင့်ခန်းလုပ်နေတယ်လို့ သတိမထားမိဘဲ လေ့ကျင့်ခန်းလုပ်နေခြင်း

စက်ဘီးစီးနေတာဟာ ကိုယ့်ကိုကို လေ့ကျင့်ခန်းလုပ်နေမှန်းသတိမထားမိဘဲ လုပ်နေတာပါ။

ကိုယ်လိုရာခရီးလည်းရောက်ရင်း ကျန်းမာရေးအတွက်လည်း အကျိုးပြုနေပါတယ်။

စက်ဘီးစီးနေရင် ကြွက်သားတွေကို အလုပ်ပေး

စက်ဘီးစီးနေရင် ကြွက်သားတွေကို အလုပ်ပေးတာကြောင့် Gym မှာလိုဘဲ ကြွက်သားတွေကို သန်မာစေပါတယ်။ အဲ့ဒီအပြင် အဆီလည်း ကျစေပါတယ်။

ခန္ဓာကိုယ်ကိုလည်း လှပစေ

စက်ဘီးစီးရင် ခန္ဓာကိုယ်ကို ပိုပြီး တက်ကြွစေပါတယ်။ ခြေထောက်တွေက ပိုပြီး သန်မာစေကာ ဝမ်းဗိုက်ကလည်း ပိုတောင့်စေပါတယ်။

ပိုပြီးပျော်ရွှင်လာ

စက်ဘီးစီးတာက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ စိတ်ဖိစီးမှု၊ စိုးရိမ်ကြောင့်ကြမှုတွေကို လျော့နည်း ပျောက်ကွယ်စေပါတယ်။

စက်ဘီးစီးခြင်းက ပေါ့ပါးတဲ့ လေ့ကျင့်ခန်းဖြစ်ပြီး စက်ဘီးစီးရင် ခန္ဓာကိုယ်ကနေ Endrophins ဓာတ်ထုတ်ပေးပါတယ်။ အဲ့ဒီဟော်မှုန်းက လူတွေကို ပိုပြီး ပျော်ရွှင်စေပါတယ်။

Photo Credit: Step To Health