ထန်းလျက်ဆိုတာကတော့ မြန်မာထမင်းဆိုင်တွေမှာဆို အစာစားပြီး အစာကြေစေဖို့အတွက် ဝန်ဆောင်မှုပေးလာကြပါတယ်။ ရှေးယခင်ကတည်းက ဆေးဖြစ်ဝါးဖြစ် စားသုံးလာခဲ့ကြတဲ့ ထန်းလျက်ဟာ သဘာဝကပေးတဲ့ အဟာရဓါတ်တွေ များစွာပါဝင်နေပြီး စားသုံးသူတွေအတွက်လည်း ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိနေပါတယ်။

sugar-jaggery-Burmese-snacks

ပိုတက်ဆီယမ်ဓါတ်

ပိုတက်ဆီယမ်ဓါတ် ၂၀% ပါဝင်ပြီး သွေးသားကိုသန့်စင်ပေးနိုင်သလို သွေးဖိအားကိုထိန်းထားပေးနိုင်ပါတယ်။

အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်း

အဆစ်အမြစ်နာကျင်ကိုက်ခဲတာတွေအတွက် ထန်းလျက်ကို ဂျင်းနဲ့ရောပြီး စားပေးပါ။

အလှအပ

ဗီတာမင် C ကြွယ်ဝစွာပါဝင်လို့ အသားအရေ အိုမင်းရင့်ရော်ခြင်းကိုကာကွယ်ပေးနိုင်သလို ဝက်ခြံထွက်ခြင်းကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။

သံဓါတ်

palm-sugar

သံဓါတ်ကြွယ်ဝစွာပါဝင်လို့ သွေးအားနည်းခြင်းကိုကာကွယ်ပေးပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအတွက်လည်း အထူးကောင်းမွန်ပါတယ်။ ထန်းလျက်ကို နေ့စဉ် စားပွဲတင်ဇွန်း ၁ ဇွန်းစာလောက်စားပေးမယ်ဆိုရင် အမျိုးသမီးတွေ ဓမ္မတာမလာခင် နာကျင်ကိုက်ခဲခြင်းဝေဒနာကို သက်သာစေမှာပါ။

အစာချေစနစ်ကောင်းမွန်ခြင်း

အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်လို့ အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။

အားအင်ပေးစွမ်းနိုင်ခြင်း

မနက်ခင်းမှာ ထန်းလျက်ကို ရေတစ်ခွက်နဲ့ရောဖျော်ပြီးသောက်ပေးရင် တစ်နေ့တာလုံးအတွက် လိုအပ်တဲ့အားအင်တွေကိုရရှိစေပါတယ်။ ရေနွေးကြမ်းနဲ့လည်း ထန်းလျက်ကို တွဲပြီးစားသုံးပေးရင်လည်း အားရှိစေပါတယ်။