သဘာဝအတိုင်း မွေးမြူထားတဲ့ ကြက်သားတွေက ၀ယ်ယူရတာခက်သလို တခါတလေလည်း ဈေးလည်း ပိုကြီးနိုင်ပါတယ်။

ဒါပေမယ့် ပေးရတဲ့ ဈေးနှုန်းနဲ့ ထက်ပိုပြီး ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိမှာဖြစ်ပါတယ်။

အဆိပ်အတောက်ပါဝင်မှုနည်းပါးခြင်း

263631113_e28f5e1c7a_z

လူတိုင်းကတော့ ကိုယ်စားနေကျ အစားအစာမှာ အဆိပ်အတောက်တွေ ပါဝင်နေတာကိုတော့ ကြိုက်ကြမှာမဟုတ်ပါဘူး။

ဒါပေမယ့် တချို့ ကြက်မွေးမြူရေးခြံတွေက ကြက်တွေကို အကောင်ကြီးအောင်၊ ရောဂါဒဏ်ခံနိုင်အောင် ဟော်မှုန်းဆေးတွေ၊ ရောဂါတွေကာကွယ်နိုင်တဲ့ဆေးတွေ၊ ပိုးသတ်ဆေးတွေ စတာတွေ ကျွေးမွေးကြပါတယ်။

စီးပွားဖြစ်မွေးမြူတဲ့ ကြက်တွေမှာ ဟော်မှုန်းဆေးတွေ အများကြီး ကျွေးလေ့ရှိပြီး ဟော်မှုန်းဓာတ်ပါတဲ့ ကြက်သားတွေကို အနည်းငယ်စားမိရင်တောင်မှ ကင်ဆာရောဂါ ဖြစ်ပွားနိုင်ချေရှိပါတယ်။

အဲ့ဒီအပြင် စီးပွားဖြစ် ကြက်စာတချို့မှာပါဝင်တဲ့ ခဲဓာတ်တွေအစရှိတဲ့ Heavy Metal တွေလည်း ပါဝင်တတ်ပါတယ်။

အဆီဓာတ်ပါဝင်မှုနည်းခြင်း

roast-chicken-nhofack2

သဘာဝအတိုင်း မွေးမြူထားတဲ့ ကြက်တွေဖြစ်တာကြောင့် သွားလာ ကျက်စားနိုင်ပြီး အဆီဓာတ်တွေလည်း မများပါဘူး။

မွေးမြူရေးကြက်ခြံတချို့မှာတော့ ကြက်ကို လှောင်အိမ်ထဲမှာ ထည့်မွေးတာကြောင့် ကြက်မှာ စိတ်ဖိစီးမှုတွေခံစားရသလို၊ အဆီတွေ တက်လာပါတယ်။ ဒါကြောင့် ကြက်က အကောင်ကြီးပေမယ့် အဆီတွေ များနေတာမျိုး ကို တွေ့ရှိရမှာပါ။

ဒါကြောင့် သဘာဝအတိုင်း မွေးမြူထားတဲ့ ကြက်တွေမှာ အဆီဓာတ်ပါဝင်မှုနည်းတာကြောင့် ကျန်းမာရေးအတွက် ပိုပြီး သင့်လျော်ပါတယ်။

အရသာ ပိုရှိခြင်း

chicken-grilled-healthy-food-40734

မွေးမြူရေးခြံမှာ အသင့်စား ကြက်စာတွေ ကျွေးပြီး မွေးမြူထားတဲ့ ကြက်တွေထက် သဘာဝ အစားအစာတွေကို ကျွေးပြီး သဘာဝအတိုင်း မွေးမြူထားတဲ့ ကြက်တွေက ပိုပြီး အရသာရှိပါတယ်။

ခနောကြက်သားမှုန့်

Knorr Pico KV

ဟင်းလျာတွေရဲ့ အနံ့အရသာကို ပိုထူးကဲအောင် ခနော ကြက်သားမှုန့်ကိုလည်း အသုံးပြုလို့ရပါတယ်။

ခနော ကြက်သားမှုန့်ကို ကျန်းမာရေး ကောင်းပြီး အရွယ်ရောက်ပြီးသား ကြက်တွေနဲ့သာ ထုတ်လုပ်တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ အသိအမှတ်ပြုခံထားရတဲ့၊ အရည်အသွေးမြင့် အစားအစာတွေကျွေးမွေးပြီး  ဟော်မှုန်းဆေးဝါးတွေနဲ့ ရောဂါကာကွယ်တဲ့ ဓာတု ဆေးဝါးတွေမသုံးထားကာ သန့်ရှင်းတဲ့ ကြက်မွေးမြူရေးခြံတွေနဲ့ ပူးပေါင်းပြီး ထုတ်လုပ်တာဖြစ်ပါတယ်။
ခနော ကြက်သားမှုန့်က မြန်မာနိုင်ငံမှာ ချက်ပြုတ်လေ့ရှိတဲ့ လူမျိုးတိုင်းရဲ့ ရိုးရာ ဟင်းလျာတွေနဲ့ လိုက်ဖက်အောင် အသုံးပြုလို့ရအောင် ထုတ်လုပ်ထားတာဖြစ်ပါတယ်။

ဒီဆောင်းပါးကို ခနော ကြက်သားမှုန့်က ပံ့ပိုးကူညီပေးထားတာဖြစ်ပါတယ်။