တရားထိုင်ခြင်းဟာ ကျန်းမာရေးရှု့ထောင့်ကနေ ကြည့်မယ်ဆိုရင် အင်မတန်အကျိုးကျေးဇူးရှိတဲ့ အလေ့အကျင့်တစ်ခုလို့ဆိုရပါမယ်။တစ်နေ့ကို နာရီဝက်လောက်တရားထိုင်ပေးခြင်းဖြင့် ရက်အနည်းငယ်ကြာတဲ့အခါ သင့်ရဲ့စိတ်နဲ့ခန္ဓာကိုယ်မှာပြောင်းလဲလာမှုတွေကို ထူးထူးခြားခြားခံစားရစေမှာဖြစ်ပါတယ်။တရားထိုင်ခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေကို ရရှိစေမလဲဆိုတာ ဆက်ဖတ်ကြည့်လိုက်ရအောင်။

(၁) စိတ်ဖိစီးမှု လျော့ကျစေတယ်

Source : Shutterstock

လေ့လာတွေ့ရှိချက်တွေအရ စိတ်ဖိစီးမှုလျော့ကျစေတဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုက တရားထိုင်ခြင်းပဲ ဖြစ်ပါတယ်။ ယနေ့ခေတ်လူအများစုမှာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်နေကြရပြီး အိပ်မပျော်ခြင်း စိတ်ဓာတ်ကျခြင်း စိုးရိမ်စိတ်များခြင်း သွေးပေါင်ချိန်မြင့်တက်ခြင်း ပင်ပန်းနွမ်းနယ်ခြင်း အာရုံစူးစိုက်လို့မရခြင်းစတဲ့ကျန်းမာရေး ပြဿနာတွေခံစားနေကြရတာဖြစ်ပါတယ်။သင်ဟာ နေ့စဉ်ဒီလိုလက္ခဏာတွေ ခံစားနေရတယ်ဆိုရင်တော့ တစ်ရက်ကိုနာရီဝက်လောက်အချိန်ပေးပြီး တရားထိုင်ကြည့်ဖို့ အကြံပြုချင်ပါတယ်။

(၂) စိုးရိမ်ပူပန်မှုတွေ ထိန်းချုပ်လာနိုင်မယ်

Source : Shutterstock

စိုးရိမ်ပူပန်မှုဖြစ်တယ်ဆိုတာကလည်း တစ်နည်းအားဖြင့် စိတ်ဖိစီးမှုတစ်မျိုးပါပဲ။ လူတစ်ယောက်နဲ့ တစ်ယောက် စိုးရိမ်ပူပန်စိတ်တွေက မတူကြပါဘူး။တစ်ချို့က အကြောက်လွန်ခြင်း လူအများရှေ့ထွက်ရမှာကြောက်ခြင်း သံသရစိတ်လွန်ကဲခြင်း အစွဲအလန်းကြီးခြင်း ကရောင်ခြောက်ခြားဖြစ်ခြင်း စတဲ့လက္ခဏာတွေဟာ စိုးရိမ်ပူပန်မှုလွန်ကဲခြင်းကြောင့်ဖြစ်ပေါ်လာရတာဖြစ်ပါတယ်။နေ့စဉ်ပုံမှန်တရားထိုင်ခြင်းက ဒီလိုစိုးရိမ်ပူပန်မှုတွေကို အကောင်းဆုံးထိန်းချုပ်နိုင်ပြီး စိတ်ဖိစီးမှုလျော့ကျစေမှာဖြစ်ပါတယ်။

(၃) စိတ်ရဲ့ကျန်းမာရေးကို ကောင်းမွန်စေတယ်

Source : Shutterstock

 

တရားထိုင်းခြင်းဟာ အကောင်းမြင်စိတ်ကိုဖြစ်ပေါ်စေပြီး စိတ်ရဲ့ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။သုတေသန ပြုလုပ်ချက်တွေအရ တရားထိုင်ခြင်းကြောင့် ကိုယ့်ကိုယ်ကိုမြင်တဲ့အမြင်တွေကို ပြောင်းလဲလာနိုင်ပြီး အကောင်းဘက်ကိုပိုတွေးတက်မြင်တက်လာစေကာ ကိုယ့်ကိုယ်ကိုအရင်ကထက် ပိုမိုနားလည်လာစေနိုင်တယ်လို့သိရပါတယ်။ တရားထိုင်ခြင်းဟာ အဆိုးမြင်စိတ်တွေလျော့နည်းသွားတဲ့အတွက် စိတ်ခံစားမှုပိုမိုကောင်းမွန်စေသလို စိတ်ကျရောဂါဝေဒနာကိုတောင်မှ ပျောက်ကင်းစေနိုင်ပါတယ်။

(၄) မှတ်ဉာဏ်စွမ်းရည်ကို တိုးတက်စေတယ်

Source : Shutterstock

မှတ်ဉာဏ်စွမ်းရည်လျော့ကျတဲ့ ပြဿနာဟာ အသက်အရွှယ် ကြီးလာတာနဲ့အမျှ ကြုံတွေ့ရလေ့ရှိတဲ့ ပြဿနာတစ်ခုလို့ တော်တော်များများသိထားကြပါတယ်။သို့သော်လည်း အိပ်ရေး ပျက်ခြင်း ဆေးလိပ်အရက်အလွန်အကျွံသောက်သုံးခြင်း စိတ်ဖိစီးမှုများခြင်းကြောင့် အရွှယ်မတိုင်မှီ မှတ်ဉာဏ်စွမ်းရည် လျော့ကျတာတွေ စဉ်းစားဆုံးဖြတ်နိုင်စွမ်းလျော့ကျတာတွေ ဖြစ်လာပါတယ်။တရားထိုင်ခြင်းက မှတ်ဉာဏ်စွမ်းရည်လျော့ကျမှုတွေကို သက်သာစေပြီး ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေမှာဖြစ်ပါတယ်။

(၅) ကောင်းစွာအိပ်ပျော်စေတယ်

Source : Shutterstock

ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်တဲ့ပြဿနာတွေ မျက်စိကြောင်ခြင်း အတွေးလွန်ခြင်းတွေကြောင့် အိပ်မရခြင်းစတာတွေဟာ ယနေ့ခေတ်လူအများစုကြုံတွေ့နေရတဲ့အကြီးမားဆုံးကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။မအိပ်ခင် နာရီဝက်အလိုလောက်မှာ တရားထိုင်မယ်ဆိုရင် စိတ်ရောလူပါ ပင်ပန်းနွမ်းနယ်မှုတွေကိုလျော့ကျစေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ကူညီပေးမှာဖြစ်ပါတယ်။မနက်ခင်းအိပ်ယာနိုးတဲ့အခါမှာလည်း အိပ်ရေးဝတဲ့ခံစားမှုမျိုးရရှိစေမှာဖြစ်ပြီး လန်းဆန်းတက်ကြွမှုတွေကိုပေးစွမ်းနိုင်မှာဖြစ်ပါတယ်။