မန်ကျည်းသီးကို စားသုံးနေပေမဲ့ သူ့မှာဘယ်လိုအကျိုးကျေးဇူးတွေရှိသလဲဆိုတာ သတိမမူမိပါဘူး။

Tamarind_getty_640x480

မြန်မာတို့ရဲ့ အညာဒေသမှာဆို မန်ကျည်းပင်နဲ့ စိမ်းစိုနေလို့ မျက်စိပသာတရှိလှပါတယ်။ မန်ကျည်းသီးကို အမှည့်လည်းစားသုံးနိုင်သလို အစိမ်းလည်းစားသုံးနိုင်ပါတယ်။

Health-Benefits-of-Tamarind

ငရုတ်သီးဆားအချိုမုန့်နဲ့ ရောနှယ်ပြီး သူငယ်ချင်းတွေနဲ့အတူတူ စကားစမြည်ပြောရင်း တို့စားတာလည်း ရှုရှဲရှုရှဲနဲ့ အရသာရှိလှတယ်မဟုတ်လား။

6923587786_e2d3a680eb_z

ဒါ့အပြင် မန်ကျည်းသီးမှည့်ကို ဖျော်ရည်လုပ်ပြီးသောက်လည်း တမျိုးကောင်းတာပါပဲ။

မန်ကျည်းသီးရဲ့အကျိုးကျေးဇူးတွေ

CmIWMnZWQAA8J9z

မန်ကျည်းသီးမှာ ဗီတာမင်ဓါတ်တွေ၊ ကွန်ပေါင်းဓါတ်တွေနဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးအတွက်အထူးကောင်းမွန်ပါတယ်။

အမျှင်ဓါတ်

Eat-guava-to-boost-digestio

မန်ကျည်းသီးမှာ အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်တာတော့ ပြောစရာလိုမယ်မထင်ပါဘူး။ အစာချေစနစ်ကိုကောင်းမွန်စေပြီး များများစားရင်တော့ ဝမ်းသွားတတ်တယ်နော်။ ဒါပေမဲ့ ဝမ်းချုပ်တတ်တဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်။ ဝမ်းပျော့တဲ့သူတွေကတော့ နည်းနည်းပဲစားပေါ့ရှင်။

ကိုလက်စထရော

hypothyroidism-weight-loss-722x406

မန်ကျည်းသီးမှာ ကိုလက်စထရောဓါတ်ကို ကျစေတဲ့ ဂုဏ်သတ္တိတွေအများအပြားပါဝင်ပါတယ်။ အူမကြီးထဲမှာရှိတဲ့ ကိုလက်စထရောတွေကို သန့်စင်ပေးနိုင်သလို ခန္တာကိုယ်အတွင်းက မလိုအပ်တဲ့ ကိုလက်စထရောကိုလည်းဖယ်ရှားပေးနိုင်ပါတယ်။

ဟင်းခတ်အမွှေးအကြိုင်

asam prawns_tamarind prawns Malaysian dishes

မန်ကျည်းသီးကို ဟင်းတွေချက်ရာမှာလည်း ထည့်သွင်းအသုံးပြုလို့ရပါတယ်။

လည်ချောင်းနာခြင်း

sore-throat-remedies

မန်ကျည်းသီးဟာ လည်ချောင်းနာတာကိုပျောက်ကင်းစေပါတယ်။

နှလုံးကျန်းမာရေး

heart-girl-cardio-680

မန်ကျည်းသီးကိုစားတာနှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။