ပိန္နဲသီးကို လူတော်တော်များများက ပန်းသီး၊ စပျစ်သီး တို့လိုအမြဲတမ်းစားလေ့စားထမရှိကြပါဘူးနော်။ ပိန္နဲသီးရဲ့ ကောင်းကျိုးတွေက တကယ်တော့ အများကြီးလို့တောင်ပြောလို့ရပါတယ်။ ကဲ…ဒီတော့ ပိန္နဲသီးရဲ့ကောင်းကျိုးတွေကို မျှဝေပေးချင်ပါတယ်။

ဆံပင်အားကောင်းခြင်း 

ဆံပင်းပါးတဲ့သူတွေ ဆံပင်ကျွတ်တဲ့သူတွေအတွက်ဆို ဒီအသီးကပုံမှန်စားပေးသင့်တဲ့ အသီးတစ်မျိုးပါနော်။သွေးလည်ပတ်မှုကောင်းတဲ့အတွက် ဆံသားကိုပိုမိုအားကောင်းစေပြီတော့ ဆံပင်ကျွတ်တာကိုလျော့နည်းစေပါတယ်။ဆံပင်ပါးတဲ့သူတွေ၊ဆံပင်ပေါက်တာအားနည်းတဲ့သူတွေဆိုရင်တော့ ပိန္နဲသီးကတော့ စားပေးအသင့်ဆုံးပါ။

အသားအရေကောင်းမွန်ခြင်း 

တစ်ချို့သူတွေက ပျားရည်စိမ်ပြီးလည်းစားတတ်ကြပါတယ်။ ပျားရည်မှာပါ၀င်တဲ့ဗီတာမင်ဓာတ်နဲဲ့ ပိန္နဲသီးမှာပါ၀င်တဲ့ဗီတာမင်က အသားအရေခြောက်တာတွေ၊ အသားပတ်တာတွေကို ကင်းဝေးစေပါတယ်နော်။

ကိုယ်ခံအား ကောင်းမွန်ခြင်း 

ကိုယ်ခံအားကို အထူးကောင်းမွန်ပြီး ပိန္နဲသီးက အသားဓာတ်နီးပါး ပရိုတိန်းဓာတ်တွေကိုလည်းရရှိနိုင်ပါတယ်။ ဖျားနားခြင်း၊ ကိုက်ခဲခြင်း၊ ချောင်းဆိုးခြင်းစတဲ့ ကိုယ်ခံအားကျစေတဲ့ အရာမှာလည်း ကာကွယ်ပေးနိုင်ပါတယ်။

Photo Source – eBay.cm