ကဲ…MyHealth ပရိသတ်ကြီးတို့ရေ အစာမစားခင် နာရီဝက်အလိုမှာ ရေသောက်ပေးဖို့ ပထမဆုံးတိုက်တွန်းချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစာမစားခင် ရေကြိုပြီးသောက်သုံးပေးခြင်းက သင့်ကျန်းမာရေးအတွက် အရမ်းကိုအကျိုးရှိ ကောင်းမွန်စေပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေကို ရရှိခံစားရမလဲဆိုတာ မျှဝေပေးလိုက်ပါတယ်နော်။

ဒါပေမယ့် ရေတစ်ခွက် မဟုတ်ဘဲ ၂ ခွက်၊ ၃ ခွက်လောက် သောက်သုံးရင် အစာခြေရခက်ခဲတတ်ပါတယ်။

ဒါ့ကြောင့် ရေအနည်းငယ်ကသာ အစာခြေစနစ်ကို အားကောင်းစေပါတယ်။

အားအင်တွေ ပိုရှိလာမယ်

  • အစာမစားခင် ရေတစ်ခွက်သောက်ရင် ခန္ဓာကိုယ်က လိုအပ်တဲ့ ရေဓာတ်ကိုဖြည့်တင်းပေးရာရောက်ပါတယ်။
  • ဆဲလ်တွေရဲ့လုပ်ဆောင်ချက်ကို ကောင်းစေပြီး ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ စွမ်းအင်ကို ပေးစွမ်းနိုင်ပါတယ်။
  • အဲ့ဒီအပြင် အစာခြေစနစ်ကိုလည်းအားကောင်းစေပါတယ်။
  • ဦးနှောက်နဲ့ကြွက်သားတွေမှာ ရေဓာတ် ၇၅ ရာခိုင်နှုန်းပါဝင်တာကိုမမေ့သင့်ပါဘူး။ အဲ့ဒီအပြင် ကျောက်ကပ်နဲ့အသည်းတွေမှာလည်း ရေဓာတ် ၇၀ ရာခိုင်နှုန်းပါဝင်ပါတယ်။
  • ဒါ့ကြောင့် ရေမဆာပေမယ့်လည်း ရေအနည်းငယ်သောက်ပေးသင့်ပါတယ်။

ကိုယ်အလေးချိန် လျော့ကျစေ

အစာမစားခင် ရေသောက်ရင် ကိုယ်အလေးချိန်လျော့ကျဖို့ အထောက်အကူပြုပါတယ်။ ကိုယ့်ရဲ့အစာအိမ်က ရေတွေနဲ့ပြည့်နေတာကြောင့် ဗိုက်အရမ်းဆာတော့မှာ မဟုတ်ပါဘူး။

ဒါ့ကြောင့် အစာစားမှုနှုန်းလည်း လျော့ကျသွားကာ ကိုယ်အလေးချိန်လျော့ကျဖို့ကူညီပေးပါတယ်။

အသားအရေက ပိုပြီး လှပလာ

အစာမစားခင်ရေသောက်ရင် ခန္ဓာကိုယ်က ဗီတာမင်၊ သတ္တုဓာတ် နဲ့အောက်စီဂျင်တွေကို စုပ်ယူပေးနိုင်ပါတယ်။