သွေးလှူခြင်းဆိုတာ အလှူတကာအလှူတွေထဲမှာ အမွန်မြတ်ဆုံးနဲ့ အသန့်ရှင်းဆုံးအလှူ ဒါနတစ်ခုဖြစ်ပါတယ်။ ကိုယ့်လှူလိုက်တဲ့ သွေးတစ်စက် ကြောင့် လူတစ်ယောက်အသက်ရှင်ဖို့ အများကြီးအထောက်အပံ့ဖြစ်သွားတယ်ဆိုတာ သိပ်ကိုမွန်မြတ်လှတဲ့ အလှူပါ။ သွေးလှူခြင်းက ကုသိုလ်လည်းရသလို ကျန်းမာရေးအရလည်းကောင်းကျိုးတွေများစွာရှိနေတာကြောင့် ဒီတစ်ခေါက်မှာတော့ သွေးလှူခြင်းဖြင့် ရရှိလာမယ့် အကျိုးကျေးဇူးလေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) နှလုံးကျန်းမာရေးကောင်းစေတယ်

Source : Shutterstock

သွေးလှူခြင်းက ခန္ဓာကိုယ်နဲ့ နှလုံးကျန်းမာရေးကိုကောင်းမွန်စေတဲ့ အချက်တစ်ခုဖြစ်ပါတယ်။သွေးလှူခြင်းကြောင့် ခန္ဓာကိုယ်အတွင်းက သံဓာတ်ပမာဏကိုလျော့ကျစေပြီး နှလုံးနဲ့သက်ဆိုင်တဲ့ရောဂါတွေဖြစ်ဖို့ ရာခိုင်းနှုန်းလျော့နည်းစေပါတယ်။လေ့လာတွေ့ရှိ ချက်တွေအရ ပုံမှန်သွေးလှူသူတွေဟာ နှလုံးဖောက်ခြင်း ရုတ်တရက်နှလုံးရပ်ခြင်းစတဲ့ဝေဒနာတွေ ခံစားရဖို့ ၈၈ ရာခိုင်နှုန်းလောက်ကို လျော့နည်းသွားစေတယ်လို့သိရပါတယ်။

(၂) ကင်ဆာဖြစ်နိုင်ခြေနည်းစေတယ်

Source : Shutterstock

မကျန်းမာတဲ့နေထိုင်မှုပုံစံတွေ အမျိုးမျိုးပြုပြင်ပြောင်းလဲထားတဲ့ အစားအသောက်တွေကြောင့် ယနေ့ခေတ်မှာ ကင်ဆာရောဂါဖြစ်နိုင်ချေပမာဏကအရမ်းကိုမြင့်တက်နေပါတယ်။သို့သော်လည်း ကင်ဆာဖြစ်နိုင်ခြေကို လျော့ချပေးတဲ့ တစ်ခုတည်းသော နည်းလမ်းကသွေးလှူခြင်းပဲဖြစ်ပါတယ်။ခြောက်လတစ်ကြိမ် လောက်ပုံမှန်သွေးလှူပေးမယ်ဆိုရင် အသည်းကင်ဆာ အဆုတ်ကင်ဆာ အူမကြီးကင်ဆာ အစာအိမ်ကင်ဆာ လည်ချောင်းကင်ဆာစတဲ့ ရောဂါတွေဖြစ်ပွားနိုင်ချေကိုသိသိသာသာ လျော့ကျစေမှာဖြစ်ပါတယ်။

(၃) ကိုယ့်ကျန်းမာရေးအခြေအနေကိုသုံးသပ်မိစေတယ်

Source : Shutterstock

ယနေ့ခေတ်လူအများစုမှာ မိမိခန္ဓာကိုယ်နဲ့ပတ်သတ်ပြီး တစ်နှစ်နေလို့ တစ်ကြိမ် ကျန်းမာရေး စစ်ဆေးစောင့်ရှောက်မှုခံယူတာတွေပြုလုပ်တယ်ဆိုတာ တော်တော်လေးကိုရှားပါတယ်။ရောဂါဖြစ်မှသာ နီးစပ်ရာဆေးခန်းပြေးကြတာဖြစ်ပါတယ်။သွေးလှူတော့မယ်ဆိုရင်တော့ အရင်ဆုံးကိုယ်ရဲ့ ခန္ဓာကိုယ်နဲ့ပတ်သတ်ပြီး သွေးလှူဖို့အဆင်သင့်ဖြစ်မဖြစ် HIV လိုသွေးမှတစ်ဆင့်ကူးစက်တက်တဲ့ရောဂါပိုးတွေရှိမရှိ ကာလသားရောဂါ အသည်းရောင်သားဝါ B ပိုး Cပိုး စသည်ဖြင့်ရောဂါပိုးတွေရှိမရှိကို စစ်ဆေးခွင့်ရတဲ့အတွက် ကိုယ့်ခန္ဓာကိုယ် ရဲ့ကျန်းမာရေး အခြေအနေတွေကို အရင်ဆုံးစစ်ဆေးသိရှိခွင့်ရမှာဖြစ်ပါတယ်။

(၄) ကိုယ်အလေးချိန်ကျစေတယ်

Source : Shutterstock

ဝိတ်ချဖို့စဉ်းစားနေသူတွေအတွက်တော့ သွေးလှူခြင်းက အကောင်းဆုံး ကိုယ်အလေးချိန်ကျစေမယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။သွေးလှူခြင်းကြောင့် ခန္ဓာကိုယ်ရဲ့အဆီပိုတွေလျင်မြန်စွာလောင်ကျွမ်းစေပြီး ကိုယ်အလေးချိန်ကျဆင်းစေမှာဖြစ်ပါတယ်။ဒါကြောင့် ဝိတ်ချဖို့ ကြိုးစားနေသူအနေနဲ့ အစားအသောက် အားကစားတွေနည်းတွေနဲ့ ဝိတ်ချတဲ့အပြင် သွေးလှူ ခြင်းနည်းလမ်းနဲ့လည်း ဝိတ်ချနိုင်ပါတယ်နော်။

(၅) ပျော်ရွှင်ကြည်နူးမှုကိုရစေတယ်

Source : Shutterstock

သွေးလှူခြင်းရဲ့ အမွန်မြတ်ဆုံးကုသိုလ်ကြောင့် စိတ်ပျော်ရွှင်ကြည်နူးမှုရရှိစေမယ်ဆိုတာ ဧကန်မလွဲပါပဲ။တကယ်လိုအပ်နေ သူတွေကို ကိုယ့်ရဲ့သွေးဖြင့် အလှူဒါနပြုရတာဟာ အသန့်ရှင်းအမွန်မြတ်ဆုံးကုသိုလ်ဖြစ်ပါတယ်။သွေးလှူနေချိန်မှာရော သွေးလှူပြီးသွားတဲ့အချိန်မှာရော ကြည်နူးဝမ်းသာပီတဖြစ်မှု တွေကိုခံစားရစေမှာဖြစ်တာကြောင့် အသက်ပြည့်ပြီးသူ သွေးလှူဖို့ အဆင့်သင့်ဖြစ်သူ အားလုံးသွေးလှူခြင်းကုသိုလ်ကို တစ်ကြိမ်တစ်ခါလောက် ကြိုးစားကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။