မျက်ရည်ကျခြင်းကို အားနည်းခြင်းရဲ့ လက္ခဏာတစ်ရပ်လို့ လူအချို့က မြင်တတ်ကြပါတယ်။ တကယ်တော့ ငိုတာက အားနည်းချက်မဟုတ်ပါဘူး။ ငိုတာက ဖြစ်နေတဲ့အခြေအနေကို ကိုင်တွယ် ဖြေရှင်းဖို့ နည်းလမ်းလို့ နားလည်ထားလို့ ရပါတယ်။ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်တဲ့ ငိုတာရဲ့ ဆက်စပ်နေတဲ့ အံ့သြဖွယ် အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။

စိတ်ဖိစီးမှုကို ပြေလျော့စေပါတယ်

စိတ်ဖိစီးမှုတွေခံစားရတဲ့အခါ ငိုလိုက်ပါ။ ကောင်းကောင်းငိုတာက စိတ်သက်သာရာကို ရစေနိုင်ပါတယ်။

နှစ်သိမ့်မှုရစေတာ

သင်ငိုတဲ့အခါ သစ်ချစ်တဲ့သူ ရင်းနှီးသူတွေဆီက ဂရုစိုက်မှုနဲ့ နှစ်သိမ့်မှုကိုလည်း ရရှိစေပါတယ်။

နာကျင်မှုကို သက်သာစေတာ

ထိခိုက်မိလို့ ငိုတဲ့အခါ ခန္ဓာကိုယ်က နာကျင်မှုကို ခံနိုင်တဲ့ Oxytocin လိုမျိုး ဟော်မုန်းတွေကို ထုတ်လွှတ်ပေးတာမလို့ နာကျင်မှုကို ပြေပျောက် ဖို့ အထောက်အကူဖြစ်စေပါတယ်။

ရှေ့ဆက်ဖို့အမြန်ဆုံးဖြစ်စေတာ

ချစ်ခင်ရသူတစ်ဦးသေဆုံးတာ သို့မဟုတ် ဆိုးရွာတဲ့လမ်းခွဲခြင်းလိုမျိုး ဆုံးရှုံးမှုကြီးမားတဲ့အချိန်တွေမှာ တချို့က ဒေါသထွက် ကြပြီး တချို့က ဝမ်းနည်းကြပါတယ်။  ဒါပေမယ့် နာကျင်မှုကို ပျောက်အောင် ငိုတဲ့သူတွေကတော့ မြန်မြန် သက်သာလာနိုင် ပါတယ်။

လူတွေကို ပိုရင်းနှီးစေတာ

သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေကြားမှာ ငိုတဲ့အခါ ယုံကြည်ရတဲ့ လူတွေရှေ့မှာမလို့ ငိုတယ်လို့ ခံစားမိစေတာမလို့ သင်ဟာ သူတို့နဲ့ မရည်ရွယ်ဘဲ သင့်နှောင်ကြိုးကို ခိုင်ခံ့စေပါတယ်။

မျက်လုံးတွေကို သန့်ရှင်းစေတာ

မျက်တောင်ခတ်တိုင်း မျက်ရည်တွေက သင့်မျက်လုံးများကို သန့်စင်ပေးပါတယ်။ မျက်တောင်ခက်တိုင်း ဘက်တီးရီးယား တွေကို ဖယ်ရှားပေးပြီး မျက်လုံးကို အစိုဓာတ်ထိန်းပေးသောကြောင့် အမြင် အာရုံ ဆုံးရှုံးမှုနဲ့ အမြင်အာရုံပြဿနာများကို ကာကွယ်ပေးပါတယ်။

စိတ်နေစိတ်ထားကို ပြောင်းလဲစေတာ

ငိုတာက စိတ်ခံစားမှုကောင်းစေတဲ့ ဟော်မုန်းတွေကို ထုတ်လွှတ်ပေးပြီး ခန္ဓာကိုယ်နဲ့ စိတ်ကို ပုံမှန်ပြန်ဖြစ်အောင် ကူညီပေး တာကြောင့် သင့် စိတ်ခံစားချက်ကို ပြောင်းလဲဖို့ ကူညီပေးမယ့် သဘာဝနည်းလမ်းတစ်ခုပါပဲ။

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတာ

ကလေးငယ်တွေငိုပြီး အိပ်သွားတဲ့အခါ အချိန်ပိုကြာကြာအိပ်တာကို သင်သတိထားမိမှာပါ။ငိုတာက ငြိမ်သက်ခြင်းနဲ့ စိတ် ဖိစီးမှုကို သက်သာစေတဲ့ အကျိုးသက်ရောက်မှုတွေရှိတာကြောင့် သင့်ကို အိပ်တဲ့အခါ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် စေမှာပါ။