ပြောင်းဖူးစားတိုင်း ပြောင်းဖူးမွှေးကိုစားဖို့ မတွေးမိပါဘူး။ စာဖတ်သူတို့ကော ပြောင်းဖူးမွှေးကို လွှင့်ပစ်တတ်လား။ ဒါဆိုရင်တော့ သူ့ရဲ့ အကျိုးကျေးဇူးတွေကို ဖတ်ကြည့်လိုက်ပါနော်။
ကျောက်ကပ်ကျောက်တည်မှု
ပြောင်းဖူးမွှေးဟာ ကျောက်ကပ်ကျောက်တည်မှုဖြစ်ပွားတာကို ကာကွယ်ပေးပါတယ်။
သွေးခဲခြင်း
ပြောင်းဖူးမွှေးမှာ ဗီတာမင်K ကြွယ်ဝစွာပါဝင်လို့ သွေးခဲတာတွေအတွက် အထူးကောင်းမွန်ပါတယ်။
သွေးတွင်းသကြားဓါတ်
ပြောင်းဖူးမွှေးဟာ သွေးတင်းသကြားဓါတ်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။ သရက်ရွက်အတွင်းမှာ ပျက်ဆီးနေတဲ့ ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးပြီး အင်ဆူလင်ပမာဏကိုမြင့်တက်စေတာကြောင့် ဆီးချိုသမားတွေ စားသုံးသင့်ပါတယ်။
ကိုလက်စထရော
ခန္ဓာကိုယ်အတွင်းမှာ မလိုအပ်တဲ့ ကိုလက်စထရောတွေကို ဖယ်ရှားပေးပါတယ်။ ကိုလက်စထရောပမာဏများတာဟာ နှလုံးရောဂါဖြစ်နိုင်ပါတယ်။
ပြောင်းဖူးမွှေးကိုဘယ်လိုစားမလဲ
ပြောင်းဖူးမွှေးကိုဒီအတိုင်းတော့ စားလို့မရပါဘူး။ ရေနွေးဆူဆူတည်ပြီး ပြောင်းဖူးမွှေးအနည်းငယ်ထည့်လိုက်ပါ။
ပြီးရင် အေးအောင်ထားပါ။ သံပုယိုသီးကို အရည်ညှစ်ပြီးအဲဒီထဲထည့်ပါ။ ပြီးရင် အဲဒီအရည်ကို သောက်သုံးပါ။
နောက်တစ်နည်းကတော့
ပြောင်းဖူးမွှေးကို ရေအပြည့်ထည့်ထားတဲ့ ခရားထဲထည့်ပြီးနေရောင်ချည် တိုက်ရိုက်ရတဲ့နေရာမှာ တစ်နေ့လောက်ထားပါ။ ပြီးရင် ပျားရည် အနည်းငယ် ထည့်ပြီး သောက်သုံးပါ။
အမွှေးကိုတော့ ဒီအတိုင်းမစားပါနဲ့။ ရေစစ်ပြီး ရေကိုသာသောက်ပါ။
Source: omigy.com