ငှက်ပျောသီးက ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံးအသီးတစ်မျိုးဖြစ်ပါတယ်။

ripe-bananas1

ဒါပေမဲ့ ငှက်ပျောခွံမှာ အစက်အပျောက်တွေဖြစ်လာတာ ညိုမဲလာတာနဲ့ လွင့်ပစ်တတ်ကြပါတယ်။ ဒီလို အစက်အပျောက်တွေရှိနေတဲ့ ငှက်ပျောသီးမှာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ အများအပြားရှိနေပါတယ်။

Why-should-you-eat-a-Full-Ripe-Banana-with-Dark-patches

ကင်ဆာရောဂါကို တိုက်ဖျက်ပေးနိုင်ပြီး အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်ပါတယ်။

ဒီငှက်ပျောသီးကို တစ်နေ့ ၂ လုံးစားပေးသင့်ပါတယ်။

Heart-attacks-618897

ဒီလိုစားပေးတာဟာ ဆိုဒီယမ်ဓါတ်နည်းတာနဲ့ ပိုတက်ဆီယမ်ဓါတ်များတာတွေကြောင့် ဖြစ်တတ်တဲ့ သွေးတိုးတာကို ကျစေသလို လေဖြတ်မှုကိုကာကွယ်ပေးနိုင်ပါတယ်။ နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။

moreenergynow

ကိုယ်ခံအားစနစ်ကောင်းမွန်စေပြီး ကယ်လိုရီကိုလောင်ကျွမ်းစေသလို ဗီတာမင်နဲ့ သတ္တုဓါတ်တွေပါဝင်ပါတယ်။

ဒါ့အပြင် ငှက်ပျောသီးမှာပါဝင်တဲ့ ပိုတက်ဆီယမ်ဓါတ်ကလည်း ကြွက်တက်ခြင်းကနေ ကာကွယ်ပေးပါတယ်။

natural-remedies-lifestyle-

ဒါ့အပြင် ရင်ပူတာ နဲ့ အစာအိမ်နဲ့ပတ်သတ်တဲ့ ပြဿနာတွေကိုလည်း ဖြေရှင်းပေါ်နိုင်ပါတယ်။

Depressed-girl

စိတ်ဖိစီးမှုကို သက်သာပျောက်ကင်းစေပြီး ပျော်ရွှင်တက်ကြွလာမှာဖြစ်ပါတယ်။

anxiety

ဗီတာမင် B ကြွယ်ဝစွာပါဝင်လို့ စိုးရိမ်သောကဖြစ်တာ စိတ်ဆိုးဒေါသထွက်လွယ်တာမျိုး မဖြစ်စေဖို့လည်း ကူညီပေးပါတယ်။