ယနေ့အချိန်မှာ စားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်ပစ္စည်းများတွင် ရှားစောင်းလက်ပတ်က မရှိမဖြစ် ပါဝင်ပစ္စည်းတစ်မျိုးဖြစ်နေပါပြီ။ အစွမ်းအာနိသင်ပေါင်း အစုံအလင်ပါဝင်တဲ့ ရှားစောင်းလက်ပတ်ကို ကမ္ဘာပေါ်ရှိ နေရာအနှံ့အပြားမှာ ရှာဖွေတွေ့ရှိနိုင်သလို စိုက်ပျိုးရတာလည်း အင်မတန်လွယ်ကူလှပါတယ်။ ထိုကဲ့သို့ အိမ်တိုင်းလိုလိုမှာ အလွယ်တကူတွေ့ရှိနိုင်သည့် ရှားစောင်းလက်ပတ်က မိမိတို့လို လူသားများအား မည်ကဲ့သို့သော ကောင်းကျိုးများပေးစွမ်းနိုင်လဲဆိုတာကို သိရှိနိုင်စေဖို့ ဝေမျှပေးလိုက်ရပါတယ်။

၁။ သွားကျန်းမာရေးကို ထောက်ပံ့ပေးခြင်း

ရှားစောင်းလက်ပတ်မှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေဟာ သွား၊ သွားဖုံးကို ကျန်းမာသန်စွမ်းစေပါတယ်။ သွားပိုးများကို တိုက်ထုတ်ရန်အတွက် ရှားစောင်းလက်ပတ်ကို သဘာာဝသွားတိုက်ဆေးအနေဖြင့်လည်း သုံးစွဲနိုင်ပါတယ်။

၂။ သွေးချိုပမာဏကို ထိန်းညှိပေးခြင်း

ဆီးချိုရောဂါရှိသူများ သွေးချိုပမာဏကို လျော့ချရန်အတွက် ရှားစောင်းလက်ပတ်ဟာ အလွန်ထိရောက်မှုရှိတဲ့ ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပါတယ်။ Type 2 ဆီးချိုသမားများသည် ရှားစောင်းလက်ပတ်အရည်ကို တနေ့လျှင် လက်ဖက်ရည်ဇွန်းနှင့် နှစ်ဇွန်း ပုံမှန်သောက်သုံးပေးပါက ဆီးချို၊ သွေးချိုပမာဏကို လျော့ကျသွားစေနိုင်ပါတယ်။

၃။ ကိုလက်စထရောမြင့်မားမှုကို နိမ့်ကျစေခြင်း

ရှားစောင်းလက်ပတ်သည် မြင့်မားနေသော ကိုလက်စထရောများကိုပင် နိမ့်ကျစေနိုင်ပါတယ်။ ကျန်းမာရေးကိုဆိုးဝါးစေမည့် ကိုလက်စထရောကိုနိမ့်ကျစေ၍ ကောင်းမွန်သော ကိုလက်စထရောကို မြှင့်တင်ပေးခြင်းက နှလုံးကျန်းမာရေးကို တိုးတက်စေပါတယ်။

၄။ ဝက်ခြံများကို ကုသပေးခြင်း

ခန္ဓာကိုယ်အတွက် အထူးကောင်းမွန်တဲ့ အစွမ်းသတ္တိအမြောက်အမြားပါဝင်သော ရှားစောင်းလက်ပတ်သည် ဝက်ခြံကိုဖြစ်ပေါ်စေသည့် ဘတ်တီးရီးယားဖြစ်ပေါ်မှုကိုပါ တိုက်ထုတ်ပေးနိုင်ပါတယ်။ ဝက်ခြံအတွက်သာမက အသားအရေနီရဲရောင်ရမ်းခြင်းကိုလည်း လျော့ကျစေနိုင်ပါတယ်။

၅။ အသားအရေကို နေလောင်ဒဏ်မှကာကွယ်ပေးခြင်း

နေမှထုတ်လွှတ်ပေးသည့် ခရမ်းလွန်ရောင်ခြည်နှင့် ထိတွေ့ခြင်းက သင့်အသားအရေကို ပျက်စီးကြမ်းတမ်းစေနိုင်ပါတယ်။ နေလောင်ဒဏ်များ၊ အရေးအကြောင်းများသာမက အရေပြားကင်ဆာကိုပါ ဖြစ်ပေါ်စေနိုင်ပါတယ်။ ရှားစောင်းလက်ပတ်မှာပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက အသားအရေကို ရေဓာတ်ဖြည့်ဆည်းပေးသည့်အတွက် အသားအရေကို စိုပြေမှုရှိစေပါတယ်။

၆။ အမာရွတ်များကို ပျောက်ကင်းစေခြင်း

ကိုယ်ခန္ဓာပေါ်ရှိ အမာရွတ်များကို ပျောက်ကင်းလိုပါက ရှားစောင်းလက်ပတ်အရည်ကို အသုံးပြုပေးနိုင်ပါတယ်။ အပူလောင်ဒဏ်ရာနှင့် ထိခိုက်ဒဏ်ရာအသေးအဖွဲများကို ကုသရာမှာလည်း ရှားစောင်းလက်ပတ်သည် အင်မတန်မှထိရောက်မှုရှိသော ဆေးဝါးတစ်လက်ပဲဖြစ်ပါတယ်။

၇။ သန်စွမ်းကျန်းမာသော ဆံသားကိုရရှိစေခြင်း

ဗီတာမင် အေ၊ စီ၊ အီးတို့ ပါဝင်သည့် ရှားစောင်းလက်ပတ်သည် ကျန်းမာသန်စွမ်းပြီး ပြောင်လက်တောက်ပြောင်သော ဆံကေသာကို ရရှိစေပါတယ်။ ထို့အပြင် ဆံသားမှလိုအပ်သည့် အာဟာရဓာတ်များကို ရှားစောင်းလက်ပတ်မှ ဖြည့်ဆည်းပေးသည့်အတွက် ဗောက်ကြောင့်ဖြစ်ပေါ်စေသည့် ဦးရေပြားယားယံမှုကိုလည်း သက်သာစေမှာပါ။