လူတစ်ယောက်အတွက် အိပ်စက်ချိန်လုံလောက်စွာရဖို့အင်မတန်မှအရေးကြီးတယ်လို့ဆိုပေမယ့် ယနေ့ခေတ်လူမှု့ပတ်ဝန်း ကျင်အနေအထားအရ အိပ်စက်ချိန်လျော့နည်းစေတဲ့အကြောင်းအရင်းတွေများစွာရှိနေပါတယ်။ အိပ်စက်ချိန်လုံလောက်စွာမရတဲ့သူတစ်ယောက်အတွက် နောက်တစ်နေ့မှာ အားအင်ပြည့်ဝစွာနဲ့ နိုးထနိုင်ဖို့ဆိုတာ လွန်စွာခက်ခဲသလို စိတ်ရောကိုယ်ပါမကျန်းမာခြင်းတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဒါကြောင့်လူတိုင်းလူတိုင်း တစ်နေ့ကိုအနည်းဆုံး ၇ နာရီခန့် အိပ်စက်ဖို့ လိုအပ်တာဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ လုံလောက်စွာအိပ်စက်ခြင်းဖြင့် ရရှိလာမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကို မျှဝေပေးချင်ပါတယ်။

(၁) နှလုံးကျန်းမာရေးကောင်းစေတယ်

Source : Shutterstock

နှလုံးကျန်းမာရေးနဲ့ အိပ်စက်ချိန်ကဆက်စပ်နေတဲ့ အကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ ကောင်းစွာအိပ်စက် အနားယူခြင်းမရှိဘူးဆိုရင် သွေးပေါင်ချိန်နဲ့ ကိုလက်စထရောပမာဏကိုမြင့်တက်စေပြီး လေဖြတ်ခြင်း နှလုံးရောဂါ ဖြစ်ခြင်းစတဲ့ ရောဂါတွေ ဖြစ်ပွားနိုင်ချေများပါတယ်။ ဒါကြောင့် ကောင်းစွာအိပ်စက်အနားယူဖို့လိုအပ်ပြီး တစ်ရက်ကိုအနည်းဆုံး ၇ နာရီကနေ ၉နာရီခန့် အိပ်စက်မယ်ဆိုရင် နှလုံးကျန်းမာရေးကိုအထူးကောင်းမွန်စေမှာဖြစ်ပါတယ်။

(၂) စိတ်ဖိစီးမှုလျော့ကျစေတယ်

Source : Shutterstock

ညဘက်မှာလုံလောက်စွာအိပ်စက်ထားတဲ့ လူတစ်ယောက်အတွက် နောက်နေ့မနက်မှာအားအင်းအပြည့်နဲ့ တက်ကြွလန်းဆန်းနေမယ်ဆိုတာ သေချာပါတယ်။ အိပ်ချိန်ပြည့်ပြည့်ဝဝရရှိထားတဲ့အတွက်ကြောင့် စိတ်ကြည်လင်လန်းဆန်းနေပြီး စိတ်ဖိစီးမှုဒဏ်တွေကိုလည်း အကောင်းဆုံး ကျော်ဖြတ်နိုင်မှာဖြစ် ပါတယ်။ စိတ်ရောကိုယ်ပါလန်းဆန်းနေရင် တစ်နေ့တာကြုံတွေ့ရမယ့်အခက်ခဲတွေကိုခေါင်းအေးအေးနဲ့ ကျော်ဖြတ်နိုင်မှာဖြစ်ပြီး စိတ်ဖိစီးမှုကင်းတဲ့ ပျော်ရွှင်စရာနေ့ရက်တွေကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

(၃) မှတ်ဉာဏ်စွမ်းရည်တိုးတက်စေတယ်

Source : Shutterstock

ဦးနှောက်နဲ့ မှတ်ဉာဏ်စွမ်းရည်တိုးတက်ဖို့ အရေးကြီးဆုံးလုပ် ဆောင်ရမယ့်အရာတစ်ခုက အိပ်ချိန်လုံလုံလောက်လောက်ရရှိဖို့ပါပဲ။ အိပ်ချိန်လုံလုံလောက်လောက်ရရှိမယ်ဆိုရင် ဦးနှောက် ရဲ့လုပ်ဆောင်ချက်တွေကိုပိုမိုကောင်းမွန်စေပြီး ဆုံးဖြတ်တွေး ခေါ်နိုင်စွမ်းတွေ တိုးတက်စေပါတယ်။ ဘာပဲလုပ်လုပ်အာရုံစူးစိုက်မှုကောင်းမွန်ပြီး အများနဲ့မတူတဲ့ ဖန်တီးတွေးခေါ်နိုင်စွမ်းတွေ အကြံဉာဏ်ကောင်းတွေရရှိဖို့ လုံလောက်တဲ့အိပ်စက်ခြင်း ကအထောက်အပံ့ပေးမှာဖြစ်ပါတယ်။

(၄) ကိုယ်အလေးချိန်ကျစေတယ်

Source : Shutterstock

ကိုယ်အလေးချိန်လျော့ကျချင်သူတွေအနေနဲ့ အိပ်စက်ချိန်လုံ လောက်စွာရဖို့ အထူးဂရုစိုက်သင့်တဲ့အချက်တစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အိပ်စက်ချိန်ပြည့်ဝစွာရရှိခြင်းက ခန္ဓာကိုယ်အဆီပိုတွေကို ပိုမိုလောင်ကျွမ်းစေပြီး ကိုယ်အလေးချိန်ကျဖို့ကူညီပေးမှာဖြစ်ပါတယ်။ အားကစားတွေလုပ် အစားတွေလျော့ပေမယ့် ကောင်းစွာအိပ်စက်ခြင်းမရှိဘူးဆိုရင် ခန္ဓာကိုယ် မှကိုယ်အလေးချိန်မြင့်တက်စေတဲ့ဟော်မုန်းတွေထွက်ပေါ်လာ တာကြောင့် ဝိတ်ကျဖို့အခက်ခဲဖြစ်စေမှာပါ။ ဒါကြောင့်ကျန်းမာစွာကိုယ်အလေးချိန်ကျချင်တယ်ဆိုရင်တော့ လုံလုံလောက်လောက်အိပ်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။

Reference : https://www.verywellhealth.com/top-health-benefits-of-a-good-nights-sleep-2223766